ဧပြီ ၁၅၊၂၀၂၅။သတိုး/People’s Spring
ရန်ကုန်မြို့၊ တာမွေမြို့နယ်ရဲစခန်းကို ဗုံးသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူက ပြောသည်။
“ထိခိုက်မှုရှိပါတယ်။ ရုံးထဲအထိထိရောက်ပေါက်ကွဲ။” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
တာမွေမြို့မရဲစခန်းကို ဧပြီ ၁၄ရက်ည ၁၀ နာရီ ၁၀ မိနစ်က ဗုံးသုံးလုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အရှေ့ပိုင်းခရိုင် ပကဖ၏ ဦးဆောင်မှုဖြင့် မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
တာမွေမြို့နယ်၌ ယမန်နေ့ညက ပေါက်ကွဲသံနှစ်ကြိမ်ကြားရကြောင်း ဒေသခံများက ပြောသည်။
ထိခိုက်မှုနှင့်ပတ်သက်၍ ဆက်လက်စုံစမ်းနေပြီး စစ်ဆင်ရေးလုပ်ဆောင်သူအားလုံး ဘေးကင်းကြောင်း ၎င်းက ပြောသည်။


















































