Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းငလျင်​ကြောင့် မန္တလေးမှာ ဂျပန်နိုင်ငံသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဂျပန်အစိုးရအတည်ပြု

ဧပြီ ၁၂ ရက်​အထိ့ တရုတ်နိုင်ငံသား ၈ ဦး​သေဆုံးပြီး ၁၃ ဦးဒဏ်ရာရတယ်လို့တရုတ်သံရုံးအတည်ပြု

မြေငလျင်​ကြောင့်ပြိုက်​သောအ​ဆောက်အအုံအတွင်း ကယ်ဆယ်​ရေးသမားများကရှာ​ဖွေကယ်ဆယ်​ရေးလုပ်​နေစဥ်

ဧပြီ-၁၅၊၂၀၂၅။People’s Spring

မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးအတွင်း ဂျပန်နိုင်ငံသား တစ်ဦး သေဆုံးခဲ့ကြောင်း ဂျပန်အစိုးရက အတည်ပြုခဲ့ပါတယ်။

မတ်လ ၂၈ ရက်နေ့တုန်းက ပြင်းအား မဂ္ဂနီကျု ၇.၇ အဆင့်ရှိ ငလျင်ကြီးနောက်ပိုင်း ဒါဟာ ဂျပန်နိုင်ငံသား တစ်ဦး သေဆုံးမှုကို ပထမဆုံးအကြိမ် အတည်ပြုခြင်းလည်း ဖြစ်လာပါတယ်။

ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အရာရှိ တစ်ယောက်က မန္တလေးမှာ ပျောက်ဆုံးနေခဲ့တဲ့ ဂျပန်နိုင်ငံသားဟာ သေဆုံးသွားတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ မြန်မာရဲ့ ဒုတိယ အကြီးဆုံး မြို့ဖြစ်တဲ့ မန္တလေးဟာ ငလျင်ဒဏ်ကို ဆိုးဆိုးရွားရွား ခံစားခဲ့ရတဲ့ နေရာတွေထဲက တစ်ခုပါ။

Public Service Announcement

Public Service Announcement

ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အဆိုအရဂျပန် အစိုးရဟာ ပျောက်ဆုံးနေတဲ့ နိုင်ငံသားကို ရှာဖွေပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးကနေတဆင့် သက်ဆိုင်ရာအာဏာပိုင်တွေကိုတိုက်တွန်းတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက်ရုပ်အလောင်းကိုတော့ပြီးခဲ့တဲ့သီတင်းပတ်ကုန်ကမှ ရှာတွေ့ခဲ့တာပါ။အဲဒီလိုရှာတွေ့အောင်ကူညီပေးခဲ့တဲ့ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး အဖွဲ့သားအားလုံးကိုလည်းဂျပန်အစိုးရက ကျေးဇူးတင်ကြောင်း ဧပြီ ၁၄ ရက်နေ့မှာ ဂျပန် အစိုးရအဖွဲ့ အတွင်းရေးမှူး ယိုရှီမာဆာ ဟာယာရှီက ပြောကြားသွားပါတယ်။

ဒါအပြင်မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲအတည်ပြုချက်အရ စစ်ကိုင်းမြေငလျင်​ကြောင့် ဧပြီလ ၁၂ ရက်နံနက်ပိုင်းအထိ တရုတ်နိုင်ငံသား ၈ ဦး​သေဆုံးခဲ့ပြီး ၊ ဒဏ်ရာရသူ ၁၃ ဦးရှိတယ်လို့ China Dalily သတင်းဌာနက​ဖော်ပြပါတယ်။

ဖျက်အားပြင်းငလျင်​ကြောင့်​ပြိုကျခဲ့တဲ့ Sky Villa မှာ ပိတ်မိသူ​တွေထဲမှာ ဖိလစ်ပိုင်နိုင်ငံ နဲ့ ထိုင်ဝမ်နိုင်ငံသားအချို့လည်းပါဝင်တယ်လို့သတင်းထွက်​ပေါ်ခဲ့ပါတယ်။ဒါ​ပေမယ့် အဲဒီနိုင်ငံသား​တွေနဲ့ပတ်သက်ပြီး ​နောက်ဆက်တွဲသတင်း​တွေမသိရ​သေးပါဘူး။

ကိုးကား- The Nation

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။