Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲပြင်းထန်လာသည့် ဧရာဝတီတိုင်း၌ စစ်ရေးသတိပြုရန်နှင့် စစ်ရှောင်များကူညီကြရန် ဟင်္သာတပအဖ တိုက်တွန်း

ဧရာဝတီတိုင်းအတွင်း ဖြစ်ပွားနေသောတိုက်ပွဲများ ဟင်္သာတခရိုင်အတွင်းရောက်ရှိနေပြီဖြစ်၍ စစ်ရေးသတိပြင်ဆင်ထားကြရန်နှင့် ရောက်ရှိလာသော စစ်ဘေးရှောင်များအား ကူညီကြရန် မြို့ခံများနှင့် ဟင်္သာတမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က တိုက်တွန်းထားသည်။

ဧပြီ ၂၀၊၂၀၂၅။ခွာညို/People’s Spring

ဧရာဝတီတိုင်းအတွင်း ဖြစ်ပွားနေသောတိုက်ပွဲများ ဟင်္သာတခရိုင်အတွင်းရောက်ရှိနေပြီဖြစ်၍ စစ်ရေးသတိပြင်ဆင်ထားကြရန်နှင့် ရောက်ရှိလာသော စစ်ဘေးရှောင်များအား ကူညီကြရန် မြို့ခံများနှင့် ဟင်္သာတမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က တိုက်တွန်းထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီက ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နှင့် သာပေါင်းမြို့နယ်တို့တွင် စတင်ခဲ့သော တိုက်ပွဲများသည် ယခုအခါ ရေကြည်၊ လေးမျက်နှာနှင့် အင်္ဂပူမြို့နယ်ကြား ပုသိမ်-မုံရွာလမ်းကြော၌ ဆက်လက်ဖြစ်ပွားနေသည်။

ဟင်္သာတခရိုင်၊ လေး‌မျက်နှာမြို့နယ်၊ပန်းတောကြီးကျေးရွာကို အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များက ဧပြီ ၁၇ရက်တွင် သိမ်းယူလိုက်ရာ စစ်ကောင်စီက လေကြောင်းမှ နေစဉ် ဗုံးကြဲတိုက်ခိုက်နေသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားနေသောနေရာများသည် ဟင်္သာတမြို့နှစ် (၁၈)မိုင်ခန့်သာဝေးသည်။

တိုက်ပွဲဖြစ်ပွားရာဒေသများမှ ပြည်သူများသည် နီးစပ်ရာ မြို့နယ်ကျေးရွာများသို့ စစ်ဘေးရှောင်နေကြရပြီး စစ်ပွဲဧရိယာ ပိုမိုကျယ်ပြန့်လာသောကြောင့် ဟင်္သာတမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အစစအရာရာ သတိထားနေထိုင်ကြရန် ဟင်္သာတမြို့နယ် ပအဖက ဧပြီ ၁၉ရက်တွင် ထုတ်ပြန်သည်။

လိုအပ်သော အရေးကြီးစာရွက်စာတမ်းများ၊ ပစ္စည်းများ၊ ဆေးဝါး ရိက္ခာများအား အဆင်သင့် ထုပ်ပိုး ပြင်ဆင်ထားရန်၊မြေပြင်သတင်းများအား မပြတ်နားစွင့်၍ အသွားအလာများ သတိထားရန်၊စစ်ကောင်စီ ထောက်တိုင် နေရာများ၊ စစ်ကောင်စီ ထောက်တိုင် အဖွဲ့အစည်းများ၊ သတင်းပေးများနှင့် နီးကပ်ရာသို့ သွားလာခြင်းမှ ရှောင်ကျဉ်ရန်၊စစ်ဘေးရှောင်ပြည်သူများအား အိမ်ငှါးခတိုးမြှင့်ကောက်ခံခြင်း မပြုလုပ်ကြပဲ ဝိုင်းဝန်းကူညီဖေးမကြရန် တိုက်တွန်းထားသည်။

” တိုက်ပွဲတွေက အနားကိုရောက်နေကြပါပြီ။ ပြည်သူအချင်းချင်း ကူညီဖေးမကြရမယ့်အချိန်ပါ။ စစ်ဘေးရှောင်တွေကို မကူညီဘဲနဲ့ အိမ်ငှားခတွေတိုးပြီး စီးပွားရှာနေတဲ့သူတွေတွေ့ရင်လည်း လူမှုရေးပြစ်ဒဏ်ပေးရမယ်” ဟု ဟင်္သာတမြို့ခံလူငယ်တစ်ဦးက ပြောသည်။

ယခုရက်ပိုင်းတွင် ဟင်္သာတမြို့ပေါ်သို့ အခြားဒေသများမှ စစ်ဘေးရှောင်များ ရောက်ရှိလာသည်ကိုတွေ့ရသည်။ ၎င်းတို့အား အကူအညီပေးရန် စစ်ဘေးရှောင်များက တောင်းဆိုသည်။

” နေရေးစားရေး တော်တော်လေးအခက်အခဲရှိနေပါတယ်။ ဦးတည်ရာကိုသွားနေရသလိုပဲ”ဟု ပန်းတောကြီးရွာမှ တိမ်းရှောင်လာသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှုများအားတွေ့ရှိ သိရှိပါက ဟင်္သာတမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ Facebook (Messenger)မှတဆင့် အချိန်နှင့်တပြေးညီ သတင်းပေးပို့ကူညီပေးကြပါရန် ဟင်္သာတမြို့နယ်ပအဖက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

ဧရာဝတီတိုင်းအတွင်းရွှေသောင်ယံ၊သာပေါင်း၊ ရေကြည် နဲ့ လေးမျက်နှာမြို့နယ်အတွင်းမှာတိုက်ပွဲတွေပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်ကအင်အားဖြည့်တင်းနေသလို လေကြောင်းကနေ နေ့စဉ် ဗုံးကြဲနေပါတယ်။

နိုင်ငံတကာ

စစ်ရေးဆိုင်ရာ ပူးတွဲကော်မတီတစ်ခု ဖွဲ့စည်းနိုင်ရေးအတွက် ထိုင်းနဲ့ တရုတ်တို့ကြား ကနဦးအဆင့် သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။

သတင်း

တိုက်ပွဲ‌တွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ကသာခရိုင်အတွင်း ဗန်းမော် -မန္တလေး ပြည်ထောင်စုလမ်းမကြီးလမ်းပိုင်းနဲ့ ပတ်ဝန်းကျင်မှာ ဒေသခံတွေ လုံခြုံရေးအတွက် လမ်းပိုင်းကန့်သတ်ချက်အပြင် စစ်တပ်နဲ့ မဆက်သွယ်ဖို့ အမြင့်ဆုံးသတိပေးချက်ကို ကသာခရိုင်၊အမှတ်(၃)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

Facebook