Connect with us

Hi, what are you looking for?

News

ပုလဲ-ဂန့်ဂေါလမ်းနှင့် ကျောက်ထု-ထီလင်းလမ်းတွင်စစ်ကောင်စီတပ်ယာဥ်တန်းတိုက်ခိုက်ခံရ ၁၀ဦးကျော်သေဟုဒေသခံPDFထုတ်ပြန်

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံး၍ အများအပြားဒဏ်ရာရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ကျောက်ထုPDFက ပြောသည်။

စစ်ကိုင်း နှင့် မကွေး တွင် စစ်ကောင်စီယာဥ်တန်းများကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ယနေ့မိုင်းဆွဲတိုက်ခိုက်
သည့် ဖြစ်စဥ် နှစ်ခုတွင် စစ်ကောင်စီ တပ်သား ၁၀ ဦးထက် မနည်းသေဆုံးပြီးအများအ ပြားဒဏ်ရာရရှိကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်သည်။

ယနေ့(နိုဝင်ဘာ ၇ ရက်) ညနေ က စစ်ကိုင်း တိုင်းပုလဲမြို့မှ ပုလဲ-ဂန့်ဂေါလမ်းမကြီးအတိုင်း အနောက်ဖက်သို့ထွက်လာသော စစ်ကောင်စီကား ၅စီးကို လှိုင်းချောင်းလမ်းခွဲ တံတားအနီးတွင် ပုလဲ PDF အဖွဲ့ဝင် ပုံတောင်တိုက်ဂါးအဖွဲ့ နှင့် ပုလဲပြောက်ကျားတပ်ဖွဲ့ တို့ ပူးပေါင်း၍ မိုင်းခွဲတိုက်ခိုက်ခဲ့သည်။ စစ်ကား ၅စီးအနက် တစ်စီးကို မိုင်းထိကာ စစ်ကောင်စီတပ်သား အများအ ပြားသေဆုံးနိုင်ကာ ပြောက်ကျားတပ်ရဲဘော်များ အထိအခိုက်မရှိဘဲ နောက်ဆုတ်နိုင်ခဲ့သည်ဟု ပုလဲပြောက်ကျားတပ်ဖွဲ့ကထုတ်ပြန်သည်။

အလားတူ ယနေ့ ညနေ ၃ နာရီဝန်းကျင်ကကျောက်ထုမှထီးလင်းဘက်သို့သွားသော အကြမ်းဖက်စစ်ကောင်စီယာဥ် ၇ စီးပါယာဥ်တန်းမှကားတစ်စီး လမ်းအတက်ကိုမတက်နိုင်၍ ကားပေါ်မှစစ်ကောင်စီတပ်သားများ လမ်းဆင်းလျှောက်ကြစဥ် ကျောက်ထုPDF ကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီးပျက်စီး (မောင်းမရ၍ ကျောက်ထုဘက်သို့ ကားနဲ့ပြန်ဆွဲသွားရ)ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံး၍ အများအပြားဒဏ်ရာရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ကျောက်ထုPDFက ပြောသည်။

Public Service Announcement

Public Service Announcement

ပြည်သူများအနေနှင့် ထီးလင်း-ကျောက်ထုနယ်စပ်မှ ထီးလင်း-ကျောက်ထုနယ်စပ်လမ်းပိုင်း၊ ကျောက်ထုမှဆောကြားလမ်းပိုင်းအချို့နေရာများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နိုင်၍ ယခုရက်ပိုင်းများတွင် သေရေးရှင်ရေးကိစ္စမှအပ လမ်းပေါ်မထွက်ကြရန်လည်းကျောက်ထုPDF က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook