Connect with us

Hi, what are you looking for?

ဆောင်းပါး

ငလျင်အပြီး သုံးပတ်အကြာ

မန္တလေးမြို့ပေါ်ရှိ ပြိုပျက်နေသော အဆောက်အဦးများအောက်က လမ်းမပေါ်တွင် ရွှေရင်အေး၊ မုန့်လက်ဆောင် တွန်းလှည်းလေးတစီးသည် တရွေ့ရွေ့ဖြတ်သန်းလာသည်။ စျေးသည် အမျိုးသမီးသည် အပြိုအပျက်လွတ်ရာတနေရာရောက်တော့ လှည်းကိုခေတ္တရပ်ရင်း မုန့်လက်ဆောင်တခွက် ဖျော်သောက်ရင်း သူ့ဝမ်းသူပြန်ဖြည့်နေသည်။ “စျေးက မရောင်းရသေးဘူး”ဟု သူက စိတ်မသက်မသာပြောပြသည်။

မန္တလေးမြို့ရှိ ပျက်စီးသွားသော အဆောက်အအုံတခုအား တွေ့ရစဥ်။ဓာတ်ပုံ-နေခန့်

Scorpio/People’s Spring

မန္တလေးမြို့ပေါ်ရှိ ပြိုပျက်နေသော အဆောက်အဦးများအောက်က လမ်းမပေါ်တွင် ရွှေရင်အေး၊ မုန့်လက်ဆောင် တွန်းလှည်းလေးတစီးသည် တရွေ့ရွေ့ဖြတ်သန်းလာသည်။ စျေးသည် အမျိုးသမီးသည် အပြိုအပျက်လွတ်ရာတနေရာရောက်တော့ လှည်းကိုခေတ္တရပ်ရင်း မုန့်လက်ဆောင်တခွက် ဖျော်သောက်ရင်း သူ့ဝမ်းသူပြန်ဖြည့်နေသည်။ “စျေးက မရောင်းရသေးဘူး”ဟု သူက စိတ်မသက်မသာပြောပြသည်။

ထိုစျေးသည်အမျိုးသမီးမှာ တိုက်ပွဲများဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှဖြစ်ပြီး စစ်ရှောင်ရင်း မန္တလေးမြို့ပေါ်တက်ကာ စျေးရောင်းနေခြင်းဖြစ်သည်။ ထိုသို့ စျေးရောင်းနေသည်မှာ မကြာလှသေး။ ကံဆိုးချင်တော့ စစ်ကိုင်းငလျင်ကြီးနှင့် တည့်တည့်တိုးသည်။

၎င်းတို့ငှားနေသည့်အိမ်က ဘာမှဖြစ်မသွားသော်လည်း ဘေးပတ်လည်တိုက်တွေချည့်မို့ မနေရဲတော့၍ ဘုန်းကြီးကျောင်း သွားနေနေရသည်ဟု စျေးသည်အမျိုးသမီးက ပြောသည်။

Public Service Announcement

Public Service Announcement

“ခုချိန်ထိ အိမ်ပြန်မအိပ်ရဲဘူး။”ဟု သူကဆိုသည်။

ထိုအမျိုးသမီးကဲ့သို့ပင် မန္တလေးမြို့တွင် ငလျင်ကြီးနှင့်ကြုံတွေ့ခဲ့ကြသူများမှာ နောက်ဆက်တွဲငလျင်ငယ်များကြောင့် ရက်သတ္တပတ် ၃ ပတ်ကျော်ကြာသည်အထိ ကြောက်စိတ်မပြေကြသေးကြောင်း မြို့ခံများက ပြောသည်။

“ညကလည်း လှုပ်တာ။ နှလုံးပါခုန်လာတော့တာ။အသက်ကြီးတော့ မရဘူး။”ဟု အသက် ၇၀ ကျော် မြို့ခံတဦးက ပြောသည်။

ပစ္စည်းတခုခု၊ အရာဝတ္ထုတခုခု လှုပ်ခတ်သည်ကိုပင် ငလျင်လှုပ်သည်ထင်၍ ကြောက်ရွံနေကြသည်ဟု မြို့ခံများက ပြောပြသည်။

“စိတ္တဇဖြစ်နေတာ”ဟု အသက် ၅၀ ကျော်အရွယ် မန္တလေးမြို့ခံ အမျိုးသမီးတဦးက ဆိုသည်။

မန္တလေးမြို့ရှိ အပြိုအပျက်အဆောက်အဦး အများစုမှာ ရှင်းလင်းနိုင်ခြင်း မရှိသေးပေ။ ထိုအပြိုအပျက်များအောက်တွင်လည်း ထုတ်မရသေးသော ရုပ်အလောင်းများ ကျန်ရှိနေသေးကြောင်း ​မြို့ခံများက ပြောသည်။ ယမန်နေ့ ဧပြီ ၁၉ ရက်ကပင် မန္တလေးမြို့၊ ကမ်းနားလမ်း၊သီရိမာလာအ

နောက်ရပ်ကွက်ရှိ Ayarwaddy River View Hotel အဆောက်အအုံ ပြိုကျပျက်စီးမှုတွင် ပိတ်မိကျန်ရှိနေသည့် သံဃာ(၁)ပါး၏ ရုပ်အလောင်းကို ရှာဖွေထုတ်ယူနေရဆဲဖြစ်ကြောင်း မီးသတ်အရာရှိတဦးက လူမှုကွန်ရက်တွင်ဝေမျှထားသည်။ ယနေ့အထိလည်း ရှာဖွေရေးများ ပြုလုပ်နေရဆဲဖြစ်သည်။

ထိုအပြိုအပျက်များ ရှင်းလင်းရေးကောင်းကောင်းမလုပ်နိုင်သေးသည့်အချိန် သာ၍ဆိုးနေသည်က ဧပြီ ၂၁ ရက်တွင် ငလျင်ထပ်မံလှုပ်ခတ်မည်ဟူသော ကောလဟာလကြောင့်ပြည်သူများ ကြောက်ရွံ့စိုးထိတ်နေကြောင်း မန္တလေးမြို့ခံများက ပြောသည်။

“မနက်ဖြန်(၂၁ရက်နေ့)ကို စျေးရောင်းတရက်နားဖို့ စဥ်းစားထားတာ။ ကြောက်လို့”ဟု ရွှေရင်အေးသည် အမျိုးသမီးက ရင်ဖွင့်သည်။

အလားတူ ရပ်ဝေးပြန်နေသည့် အလု​ပ်သမားများမှာလည်း ပြန်မလာသေးဘဲ ၂၁ ရက်ကျော်မှသာ ပြန်လာမည်ဟုဆို၍ အလုပ်များ စတင်နိုင်ခြင်း မရှိသေးကြောင်း မန္တလေးမြို့ခံလုပ်ငန်းရှင်တဦးက ပြောသည်။ “၂၁ ရက်နေ့ လှုပ်ဦးမယ်ဆိုလို့ ပြန်မလာသေးတာတဲ့။ ဘယ်လိုပြောပြောမရဘူး”ဟု ၎င်းက ပြောသည်။

ထို့အပြင် ရာသီဥတုမှာလည်း ပူပြင်းနေပြီး မိုးရွာလျှင်လည်း Camp များတွင်ခိုလှုံနေသော ပြည်သူများ ဒုက္ခရောက်နိုင်ခြင်း၊ ပြိုလုလုအဆောက်အဦးများလည်း ပြိုကျနိုင်ခြင်း စသည့်အန္တရာယ်များ ရင်ဆိုင်နေရကြောင်း မြို့ခံများက ပြောပါသည်။

“အမိုးအကာအောက်ဝင်ဖို့ကျလည်း အသက်နဲ့လောင်းကြေးထပ်ရမယ်။အမိုးအကာမလုံတဲ့ကွင်းပြင်ကျတော့လည်း ကျန်းမာရေးက အသက်အတွက်အာမခံချက်မရှိဘူး”ဟု ငလျင်ဒုက္ခသည်တဦးက ပြောသည်။

ယမန်နေ့(ဧပြီ ၁၉) ည သန်းခေါင်ယံကလည်းအင်အားအနည်းငယ်ရှိ မြေငလျင်နှစ်ကြိမ် လှုပ်ခတ်သွားသည်။ ယနေ့ နေ့လယ် တနာရီခွဲခန့်ကပင် အင်အားအနည်းငယ်ရှိ မြေငလျင်တခု မန္တလေးမြို့တွင် ထပ်မံလှုပ်ခတ်သွားခဲ့သည်။

ငလျင်ကြောင့် အနည်းငယ်တိမ်းစောင်းသွားသော ထရံကာသွပ်မိုး နေအိမ်တွင်နေနေရသည့် မန္တလေးမြို့ခံအမျိုးသမီးတဦးကတော့ “အပြင်မှာလည်း မအိပ်ရဲတော့ဘူး။ ကျန်းမာရေးကထိလှပြီ။ ဖြစ်ကာမှဖြစ်ရော အိမ်ထဲပဲ ပြန်အိပ်နေတာ”ဟု ပြောလိုက်သည်။ ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။