Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းက ရေထွက်ရွာအပါအဝင် ကျေးရွာသုံးရွာကို စစ်ကောင်စီ ဗုံးထပ်ကြဲ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က ကျေးရွာသုံးရွာကို စစ်ကောင်စီတပ်က ‌‌‌‌‌‌‌‌‌‌‌‌‌ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့ပြီး ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းတာဝန်ခံဆီက ပြောပါတယ်။

သပိတ်ကျင်းမြို့နယ် ညောင်ပင်သာကျေးရွာအား စစ်ကောင်စီတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ − ပေးပို့

ဧပြီ ၂၀၊၂၀၂၅။မေ/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က ကျေးရွာသုံးရွာကို စစ်ကောင်စီတပ်က ‌‌‌‌‌‌‌‌‌‌‌‌‌ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့ပြီး ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းတာဝန်ခံဆီက ပြောပါတယ်။

ဧပြီ ၂၀ရက် ဒီနေ့ နေ့လည် ၁နာရီ မိနစ်‌၄၀ လောက်မှာ လိပ်ကျကျေးရွာကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်သွားတာလို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး မျက်မြင် တွေ့ရှိခဲ့သူတစ်ဦးက “ခရီးသွားရင်း လိပ်ကျရွာနားအရောက်မှာကြဲခံရတာ။အိမ်တလုံးကတော့ ရစရာကိုမရှိဘူး”လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံကတော့ ပြည်သူထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

လိပ်ကျရွာကို ဧပြီ ၁၈ရက်နေ့က စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ သုံးဦး သေဆုံးခဲ့ပါ သေးတယ်။

ဒါ့အပြင် ဒီနေ့ နေ့လည် ၁နာရီ၄၅မိနစ်မှာလည်း ညောင်ပင်သာကျေးရွာကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့ပြီး ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာ တွေရခဲ့ပါတယ်။

အဲဒီအချိန်နဲ့ တပြိုင်နက်မှာပဲ ရေထွက်ကျေးရွာကို ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့ပြီး ပြည်သူထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

ဧပြီ ၁၉ရက် မနေ့က ရေထွက်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ပြည်သူ ၃၀ ကျော်သေဆုံးခဲ့ရပြီး ဒီနေ့အထိ အလောင်းအရေအတွက်အတည်ပြုမရသေးဘူးလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊တွင်းငယ်ရွာမှာ စစ်တပ်ကစစ်မှုထမ်းသင်တန်းကျောင်း ဖွင့်ဖို့ပြင်ဆင်နေပြီး လူငယ် တွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေပိုလုပ်နေတယ်လို့ ဒေသခံနဲ့စစ်ရေးသတင်းအရင်းမြစ်တချို့ကပြောပါတယ်။

သတင်း

နောက်တန်းပြန်ဝင်ထားတဲ့ စစ်တပ်ရဲ့စစ်ကိုင်းမြို့ အခြေစိုက် တပ်မ(၃၃)ဟာ ကချင်ပြည်နယ်က ဗန်းမော်မြို့ကိုထိုးစစ်ဆင်ဖို့ဆိုပြီး မန္တလေးတိုင်းက သပိတ်ကျင်းမြို့နယ်မှာ စုဖွဲ့မှုတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် သီးကုန်းရွာနဲ့ ပေါက်တပင်ကြားကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာမို့ စစ်ဘေးရှောင်ပြည်သူနှစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ပြင်းထန်စွာဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်းက သပိတ်ကျင်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်းက ခင်ဦးမြို့နယ်အစပ်က ဧရာဝတီမြစ်ဘေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ ဒါဇင်နဲ့ချီ သေဆုံးတယ်လို့ ကနဦးသတင်းအရ သိရပါတယ်။