Connect with us

Hi, what are you looking for?

သတင်း

ထိုင်းတွင်ဖမ်းဆီးခံရပြီးပြန်ပို့ခံရသောလုပ်သားများကို စစ်သားသစ်စု​ဆောင်းမှုတွင် မပါဝင်ကြရန်မြိတ်လုပ်ငန်းရှင်များကို ပကဖ သတိ​ပေး

ထိုင်းတွင်ဖမ်းဆီးခံရပြီးပြန်ပို့ခံရသောမြန်မာလုပ်သားများကို စစ်​ကောင်စီက စစ်သားသစ်စု​​ဆောင်းပြီးစစ်သင်တန်းသို့ ပို့ဆောင်ရာတွင် မြိတ်မြို့မှ ခရိုနီလုပ်ငန်းရှင်များအနေဖြင့် ဆက်လက်ပူးပေါင်းခြင်းမပြုရန် မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ သတိပေးလိုက်သည်။

ထိုင်းတွင် အဖမ်းခံရ​သောမြန်မာလုပ်သားများကိုတနင်္သာရီတိုင်းမှတဆင့် မြန်မာနိုင်ငံသို့ပြန်ပို့ရန်ထိုင်းလုံခြုံ​ရေးတပ်ဖွဲ့များပြင်ဆင်​နေစဥ်

ဧပြီ-၂၂၊ ၂၀၂၅။ ကျော်ဇော/People’s Spring

ထိုင်းတွင်ဖမ်းဆီးခံရပြီးပြန်ပို့ခံရသောမြန်မာလုပ်သားများကို စစ်​ကောင်စီက စစ်သားသစ်စု​​ဆောင်းပြီးစစ်သင်တန်းသို့ ပို့ဆောင်ရာတွင် မြိတ်မြို့မှ ခရိုနီလုပ်ငန်းရှင်များအနေဖြင့် ဆက်လက်ပူးပေါင်းခြင်းမပြုရန် မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ သတိပေးလိုက်သည်။

စစ်ကောင်စီနှင့် ပူးပေါင်နေသည်ဆိုသည့် မြိတ်မြို့မှ လုပ်ငန်းရှင်များမှာ သီတာအုပ်စု၊ ငွေဇင်ယော်အုပ်စု၊ ထူးထူးတိုးအုပ်စု၊ ကိုဝေလင်းအုပ်စု စသူတို့သည် လိုင်းဖြူလှေများဖြင့် ထိုင်းတွင်ဖမ်းဆီးခံရပြီးပြန်ပို့သော မြန်မာနိုင်ငံသား ၂,၅၀၀ ဦးခန့်အား စစ်မှုထမ်းသင်တန်းများသို့ ပို့ဆောင်ခဲ့ကြရာတွင် စစ်​ကောင်စီကို ကူညီခဲ့ကြောင်း မြိတ်ပကဖ ကဧပြီ ၂၂ရက်တွင်ထုတ်ပြန်သည်။

“၂,၅၀၀ ခန့်က စစ်မှုထမ်းဥပဒေထုတ်ပြီး စတင်ဖမ်းဆီးစဉ်ကနေ ခုနောက်ဆုံးအထိပါ။ ကော့သောင်းမှာ ခုလက်ရှိဖမ်းဆီးစု‌ဆောင်းထားတာ ရှိသေးတယ်လို့ သိရတယ်။ အဲဒီလူတွေက ၂,၅၀၀ ထဲမှာ မပါသေးဘူး”ဟု စစ်မှုထမ်းသင်တန်းများသို့ ပို့ဆောင်ခံထားရသော မြန်မာရွှေ့ပြောင်းလုပ် သားများနှင့်ပတ်သက်ပြီး မြိတ်မြို့နယ် ပကဖ မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

သတိပေးစာပါ ခရိုနီလုပ်ငန်းရှင်ဟုဆိုသော သီ တာအုပ်စု၊ ငွေဇင်ယော်အုပ်စု၊ ထူးထူးတိုးအုပ်စု၊ ကိုဝေလင်းအုပ်စု စသူတို့သည် စစ်ကောင်စီ၏ ချောဆွဲခံရခြင်းကြောင့် ယခုကဲ့သို့ စစ်မှုထမ်းစု ဆောင်းခံရသူများကို ပို့ဆောင်ပေးနေခြင်းနှင့် ၎င်းတို့ကိုယ်တိုင် စစ်ကောင်စီနှင့် တက်တက်ကြွကြွ ပူးပေါင်းပါဝင်နေခြင်း ဟုတ်၊မဟုတ်ဆိုသည်တို့ကို တိတိကျကျ မသိရသေးဟု ပကဖ တာဝန် ရှိသူက ဆက်ပြောသည်။

လက်ရှိတွင် အဆိုပါ လုပ်ငန်းရှင်အုပ်စုသည် ထိုင်းအာဏာပိုင်များက စစ်ကောင်စီနှင့်ချိတ်ဘဆက်၍ ရနောင်းမှတဆင့် ကော့သောင်းမြို့သို့ ဖမ်းဆီးခံ မြန်မာနိုင်ငံသားများအားပြန်ပို့လျှက်ရှိရာယင်းလုပ်ငန်းရှင်များသည် ဖမ်းဆီးပြန်ပို့ခံရသူများကို ကော့သောင်းမှတဆင့် မြိတ်မြို့သို့လည်းကောင်း၊ ကျွန်းစုရေတပ်သို့လည်းကောင်း၊ ပလောက်တန်းမြင့်လေ့ကျင့်ရေးကျောင်းသို့လည်းကောင်း အသုတ်ခွဲကာ ပို့ဆောင်ပေးနေခြင်းဖြစ်ကြောင်း သတိပေးစာတွင် ဖော်ပြသည်။

“သတိပေးစာမှာ ရေးထားသလို စစ်ကောင်စီခိုင်းတာကိုမလုပ်ဘဲ မပူးပေါင်းဘဲရှောင်ကျဉ်ဖို့နဲ့ မလိုက်နာရင် ထိရောက်တဲ့အရေးယူမှုတွေ ခံရမှာဖြစ်တယ်”ဟု မြိတ်မြို့နယ် ပကဖ မှတာဝန်ရှိသူက စစ်ကောင်စီနှင့်ပူးပေါင်းနေသည့်လုပ်ငန်းရှင်များနှင့်စပ်လျဥ်းပြီး မှတ်ချက်ပေးသည်။

ပကဖ ထုတ်ပြန်သည့် သတိပေးစာတွင်လည်း စစ်ကောင်စီနှင့်ပေါင်း၍ စစ်မှုထမ်းအားကောင်စေရေး လိုက်ပါလုပ်ဆောင်နေသော ခရိုနီလုပ် ငန်းရှင်များအနေဖြင့် စစ်ကောင်စီအလိုကျ ဆက်လက်လုပ်ကိုင်ခြင်းမပြုကြရန် ယခုစာထုတ်ချိန်မှစ၍ တားမြစ်လိုက်ပြီး လိုက်နာခြင်းမရှိပါကပြင်းပြင်းထန်ထန်အရေးယူသွားမည်ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။