Connect with us

Hi, what are you looking for?

News

ပဲခူးတိုင်း မင်းလှမှာ မိုင်တဲလ်တာဝါတိုင်ဗုံးခွဲခံရတာကိုလာစစ်တဲ့ စစ်ကားဗုံးထပ်ထိ

ထိုသို့ ဗုံးခွဲတိုက်ခိုက်ခံရအပြီး နာရီဝက်ခန့်အကြာတွင် စစ်ကောင်စီတပ်မှ စစ်ကားတစ်စီးဖြင့်လာရောက်စစ်ဆေးစဉ် နောက်ထပ်ဗုံးတစ်လုံးပေါက်ကွဲခဲ့သည်။

ပဲခူးတိုင်း မင်းလှမြို့မှာရှိတဲ့ မိုင်တဲလ်တာဝါတိုင်တစ်ခု ဗုံးခွဲခံရချိန် လာစစ်ဆေးတဲ့ စစ်တပ်ကားတစ်စီ ထပ်မံဗုံးခွဲခံရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(နိုဝင်ဘာ ၇)ည ၉ နာရီခွဲခန့်က မင်းလှမြို့ (၈) ရပ်ကွက် အောင်မင်္ဂလာ(၄)လမ်း မင်းကျောင်းဘုန်းတော်ကြီးကျောင်းဝန်းအတွင်း စိုက်ထူထားသည့် မိုင်တဲလ်တာဝိုင်း ဗုံးဖြင့်ဖောက်ခွဲခံရခြင်းဖြစ်ကြောင်း ဒေသသတင်းရင်းမြစ် မင်းလှသတင်းက ဖော်ပြသည်။

ထိုသို့ ဗုံးခွဲတိုက်ခိုက်ခံရအပြီး နာရီဝက်ခန့်အကြာတွင် စစ်ကောင်စီတပ်မှ စစ်ကားတစ်စီးဖြင့်လာရောက်စစ်ဆေးစဉ် နောက်ထပ်ဗုံးတစ်လုံးပေါက်ကွဲခဲ့သည်။

ပေါက်ကွဲမှုကြောင့် ဗုံးစထိမှန်ကာ ကားမှန်များပျက်စီးသွားသည့်အပြင် စစ်ကောင်စီတပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် သြဂုတ်နှင့် အောက်တိုဘာတွင်လည်း မင်းလှမြို့နယ်အတွင်း စိုက်ထူးထားသော မိုင်တဲလ်တာဝါတိုင် သုံးတိုင်း ဖောက်ခွဲခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မင်းတုန်းမြို့နယ်ကနေ မင်းလှမြို့နယ် ရှမ်းတပ်စခန်းကို လာတဲ့ စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာ စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး စစ်ကားတစ်စီး၊မီးစက်တစ်လုံးနဲ့ စစ်သုံးပစ္စည်း​​တွေသိမ်းဆည်းရရှိခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ်-USBA ကထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ရန်ကုန်-မန္တလေး အမှတ်(၂) လမ်းပိုင်းမှာ စစ်ကား ၁စီး မိုင်းထိပြီး သေဆုံးသူများနိုင်တယ်လို့ တောင်တွင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ(ပုဏ္ဏဝတီ ) တာ၀န်ရှိသူက ပြောပါတယ်။

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ စစ်တပ်ထောက်ပို့ယာဥ်က ဝင်တိုက်လို့ မူလတန်း ကျောင်းဆရာမ ၁ ဦးသေဆုံးပြီး ကျောင်းသူ ၁ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

Facebook