Connect with us

Hi, what are you looking for?

LuduNwayOo

News

ပဲခူးတိုင်း မင်းလှမှာ မိုင်တဲလ်တာဝါတိုင်ဗုံးခွဲခံရတာကိုလာစစ်တဲ့ စစ်ကားဗုံးထပ်ထိ

ထိုသို့ ဗုံးခွဲတိုက်ခိုက်ခံရအပြီး နာရီဝက်ခန့်အကြာတွင် စစ်ကောင်စီတပ်မှ စစ်ကားတစ်စီးဖြင့်လာရောက်စစ်ဆေးစဉ် နောက်ထပ်ဗုံးတစ်လုံးပေါက်ကွဲခဲ့သည်။

ပဲခူးတိုင်း မင်းလှမြို့မှာရှိတဲ့ မိုင်တဲလ်တာဝါတိုင်တစ်ခု ဗုံးခွဲခံရချိန် လာစစ်ဆေးတဲ့ စစ်တပ်ကားတစ်စီ ထပ်မံဗုံးခွဲခံရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(နိုဝင်ဘာ ၇)ည ၉ နာရီခွဲခန့်က မင်းလှမြို့ (၈) ရပ်ကွက် အောင်မင်္ဂလာ(၄)လမ်း မင်းကျောင်းဘုန်းတော်ကြီးကျောင်းဝန်းအတွင်း စိုက်ထူထားသည့် မိုင်တဲလ်တာဝိုင်း ဗုံးဖြင့်ဖောက်ခွဲခံရခြင်းဖြစ်ကြောင်း ဒေသသတင်းရင်းမြစ် မင်းလှသတင်းက ဖော်ပြသည်။

ထိုသို့ ဗုံးခွဲတိုက်ခိုက်ခံရအပြီး နာရီဝက်ခန့်အကြာတွင် စစ်ကောင်စီတပ်မှ စစ်ကားတစ်စီးဖြင့်လာရောက်စစ်ဆေးစဉ် နောက်ထပ်ဗုံးတစ်လုံးပေါက်ကွဲခဲ့သည်။

Public Service Announcement

Public Service Announcement

ပေါက်ကွဲမှုကြောင့် ဗုံးစထိမှန်ကာ ကားမှန်များပျက်စီးသွားသည့်အပြင် စစ်ကောင်စီတပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်နှင့် အောက်တိုဘာတွင်လည်း မင်းလှမြို့နယ်အတွင်း စိုက်ထူးထားသော မိုင်တဲလ်တာဝါတိုင် သုံးတိုင်း ဖောက်ခွဲခံခဲ့ရသည်။