Connect with us

Hi, what are you looking for?

သတင်း

မန္တလေး Golden City ဟိုတယ်မှာ ရုပ်အလောင်း ၄ လောင်းထပ်တွေ့

မန္တလေးမြို့ ၊ချမ်းအေးသာစံမြို့နယ် မှာငလျင်ကြောင့်ပြိုကျခဲ့တဲ့ Golden City ဟိုတယ်အဆောက်အဦးကို ရှင်းလင်းရေးလုပ်ဆောင်ချိန်မှာ ရုပ်အလောင်း ၄ လောင်းထပ်မံတွေ့ရှိခဲ့တယ်လို့ မီးသတ်က ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - မီးသတ်

ဧပြီ – ၂၇ ၊ ၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ ၊ချမ်းအေးသာစံမြို့နယ် မှာငလျင်ကြောင့်ပြိုကျခဲ့တဲ့ Golden City ဟိုတယ်အဆောက်အဦးကို ရှင်းလင်းရေးလုပ်ဆောင်ချိန်မှာ ရုပ်အလောင်း ၄ လောင်းထပ်မံတွေ့ရှိခဲ့တယ်လို့ မီးသတ်က ထုတ်ပြန်ပါတယ်။

လမ်း ၃၀ ၊ ၇၁ လမ်းနဲ့ ၇၂ လမ်း ရှိ Golden City ဟိုတယ်ကို ရှင်းလင်းရေးလုပ်ဆောင်ချိန် ဧပြီ ၂၅ ရက် နဲ့ ၂၆ ရက်တွေမှာရုပ်အလောင်းအချို့ထပ်မံတွေ့ရတာပါ။

ဧပြီလ ၂၅ ရက်မှာ အမျိုးသား ၊ အမျိုးသမီး ရုပ်အလောင်း ၂ လောင်း ၊ ဧပြီလ ၂၆ ရက်မှာ အမျိုးသား ရုပ်အလောင်း ၂ လောင်း တွေ့ရတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

Golden City ဟိုတယ်ဟာ ဖွင့်လှစ်ဆဲ ဟိုတယ်မဟုတ်ဘဲ ပြန်လည်ပြုပြင်နေချိန်မှာ ငလျင်ကြောင့် ပြိုကျသွားတာဖြစ်ပြီး အစောင့် မိသားစုတွေ ပိတ်မိသေဆုံးကုန်တာလို့သိရပါတယ်။

” အခုက ရှင်းလင်းရေးလုပ်နေချိန်ထပ်တွေ့တာပေါ့”လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတစ်ဦးကပြောပါတယ်။

မန္တလေးမှာ ငလျင်ကြောင့် ပြိုကျသွားတဲ့ကွန်ဒိုတွေ၊ ဟိုတယ်တွေကိုဖြိုချနေပြီး ရှင်းလင်းရေးလုပ်ဆောင်နေချိန်မှာ ရုပ်အလောင်းတွေ ကို ထပ်မံတွေ့ရှိလာရတာပဲဖြစ်ပါတယ်။

ဆိုးဆိုးရွားရွား ပြိုကျပျက်စီးသွားတဲ့ Sky Villa ကွန်ဒိုမှာဆိုရင် ပြီးခဲ့တဲ့ ရက်ပိုင်းဧပြီလ ၂၄ ရက်က ရုပ်အလောင်း ၄ လောင်းတွေ့ခဲ့ရပါသေးတယ်။

မီးသတ်ရဲ့စာရင်းတွေအရ Sky Villa ကွန်ဒို ပြိုကျမှုမှာ ဧပြီ ၂၄ ရက် အထိ ရှာဖွေတွေ့ရှိ သယ်ထုတ်နိုင်တဲ့ ရုပ်အလောင်း ၁၂၇ လောင်းထိရှိလာပြီဖြစ်ပြီး အသက်ရှင်လျက်တော့ ၅၂ ဦး ကယ်ဆယ်နိုင်ခဲ့တယ်လို့သိရပါတယ်။

အင်အားပြင်းငလျင်ကြီးကြောင့်တစ်မြို့လုံးနီးပါး ထိခိုက်ပျက်စီးသွားတဲ့ မန္တလေးမြို့မှာ ငလျင်အပြီး တစ်လပြည့်ခါနီးတဲ့အထိ ပြန်လည်ထူထောင်ရေးမလုပ်နိုင်သေးဘဲ အဆောက်အဦးအပျက်အစီးတွေကို ရှင်းလင်းနေရဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးမြို့က မီလျံနာရွှေဆိုင်ဓားပြတိုက်မှု ကျူးလွန်သူတွေဖမ်းမိပြီး ကျူးလွန်သူတွေဟာ စစ်ကောင်စီရဲ့လွတ်ငြိမ်းနဲ့ လွတ်မြောက်လာသူတွေပါဝင်တယ်လို့ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက ပြောပါတယ်။