Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ ပါရာ​​မော်တာတစ်စီးလေပြင်းကြောင့် ပျက်ကျဟုသတင်းထွက်​ပေါ်

အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှတက်သည့် စက်တပ်​လေထီး (​ခေါ်) ပါရာမော်တာတစ်စီးသည် လေပြင်းကြောင့် ပျက်ကျသွားကြောင်းဒေသခံနှင့် စစ်​ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

ပခုက္ကူPDF နဲ့​ ​Burma Revolution Rangers တပ်ဖွဲ့​များက ဧပြီ ၂၃ ရက်တွင် စစ်တပ်၏ပျက်ကျခဲ့​သော စက်တပ်​လေထီးကို မီးမရှို့ခင်​တွေ့ရစဥ်။ဓါတ်ပုံ-PPDF

ဧပြီ-၂၈၊၂၀၂၅။ဇော်ရမ်း/People’s Spring

အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှတက်သည့် စက်တပ်​လေထီး (​ခေါ်) ပါရာမော်တာတစ်စီးသည် လေပြင်းကြောင့် ပျက်ကျသွားကြောင်းဒေသခံနှင့် စစ်​ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

နမခ မှ ဗုံးကြဲရန် တက်လာသည့် ပါရာ​​မော်တာတစ်စင်းသည် ယနေ့(ဧပြီ ၂၈ ရက်) ည ၈နာရီခွဲခန့်တွင် ​လေပြင်းတိုက်ခိုက်မှု​ကြောင့် မုံရွာမြို့၏တောင်ဘက်တနေရာသို့ ​လေနှင့်​လွင့်ပါပြီးပျက်ကျသွားသည်ကိုတွေ့ရသည် ဒေသခံတဦးကပြောသည်။

စစ်ကောင်စီသည် ကနီ၊ဘုတလင်၊ ဒီပဲယင်းမြို့နယ်များကို ဂျက်ဖိုက်တာ၊ ပါရာမော်တာများဖြင့် ဗုံးကြဲရာတွင် နမခ မှ တက်​သော ပါရာ​မော်တာများကို ယခု​နောက်ပိုင်း အသုံးများလာသည်။

Public Service Announcement

Public Service Announcement

“သတင်းကောင်းလေးပါဗျ။Paramotor တစ်စီးဟာ—–ပေါ်တွင်ပျက်ကျပြီး လူအပါအဝင်လေထီးပါ ရရှိထားကြောင်းသတင်းရရှိထား”ဟုစစ်ကိုင်းတိုင်းအတွင်းကင်း​ထောက် တဖွဲ့က ည ၁၀ နာရီတွင်တင်ထားသည်။

အခြားကင်း​ထောက်တစ်ဖွဲ့ကလည်း နမခမှ တက်လာသော စစ်တပ်လေထီး ပါ​ရာ​မော်တာ တစ်စီးမှာလေတိုက်နှုန်းအရှိန်ပြင်းသဖြင့် ပြန်ဆုတ်ခွာစဥ်ချင်းတွင်းမြင်းကြောင်းတစ်လျှောက် မျောပါသွားပြီးပျက်ကျခြင်းဖြစ်​ကြောင်း​ရေးသားထားသည်။

သို့​သော်ပျက်ကျ​သော​နေရာကိုမသိရ​သေးသလို ၊အချို့ကင်း​ထောက်အဖွဲ့ က စစ်တပ်​လေထီး​ပေါ်မှ စစ်သားကိုပါ ​တော်လှန်​ရေးတပ်များက ဖမ်းမိ​ကြောင်း​ရေးသား​နေ​သော်လည်း People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

ဧပြီ ၂၈ ညပိုင်းတွင် စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့မှ မြို့နယ်အချို့တွင် မိုးသက်လေပြင်းကျရောက်နေသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် ဧပြီလ ၂၃ရက်နေ့ကပခုက္ကူမြို့နယ်တပ်မ (၁၀၁)မှ တက်လာသည့် ပါရာမော်တာကို သေနတ်ဖြင့်ပစ်ခတ်ရာစက်ချို့ယွင်းမှုဖြစ်ပေါ်ပြီးအရေးပေါ်ဆင်းသက်ခဲ့ရသည်။ မောင်းနှင်သည့်စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ဖမ်မမိသော်ဘည်း ပါရာမော်တာကိုမူ စစ်တပ်ကစစ်​ကြောင်းထိုးရှာ​ဖွေလာ၍ PDF များကမီးရှို့ဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်မှာ ပါရာမော်တာတစ်စီး ပျက်ကျခဲ့တယ်လို့ ဒေသခံအချို့က ‌ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook