Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးအရှိန်မြှင့်ရန် ရေစကြို၊ မြိုင်နှင့် ပေါက်မြို့နယ် ပကဖအဖွဲ့များ ပူးပေါင်း

တော်လှန်ရေးအရှိန်မြှင့်ရန်ဆိုကာ မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ ရေစကြို၊မြိုင်နှင့် ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)အဖွဲ့များ ပူးပေါင်းမည်ဟု ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

မြိုင်ပကဖမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − မြိုင် ပကဖ

ဧပြီ ၃၀၊၂၀၂၅။ရဲခေါင်/People’s Spring

တော်လှန်ရေးအရှိန်မြှင့်ရန်ဆိုကာ မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ ရေစကြို၊မြိုင်နှင့် ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)အဖွဲ့များ ပူးပေါင်းမည်ဟု ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

ရေစကြို၊ပေါက် နှင့် မြိုင်မြို့နယ်များမှ မြို့နယ်၊ဇုန်၊ တိုက်နယ်၊ရပ်ကျေးများအနေဖြင့် စစ်ရေးကိစ္စရပ်များ အရဖြစ်စေ၊ နယ်မြေအတွင်း အဖွဲ့အစည်းအချင်းချင်း သင့်မြတ်ကောင်းမွန်စွာ ရေရှည်ဆက်ဆံနိုင်ရေးနှင့် အပြန်အလှန်လိုအပ်ချက်များ ကူညီပံ့ပိုးနိုင်ရေး ကြိုးပမ်းမည်ဟုလည်း သက်ဆိုင်ရာ ပကဖများက ယမန်နေ့(ဧပြီ ၂၉ ရက်)ညပိုင်းတွင် ထုတ်ပြန်သည်။

ထို့အပြင် ပခုက္ကူခရိုင်အတွင်းမြို့နယ် ပကဖ တာဝန်ခံများက မြေပြင်တွင် မျက်နှာစုံညီဆွေးနွေးဖလှယ်ခဲ့ကြကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့က အခုမှ ပူးပေါင်းတာ မဟုတ်ဘူး။ပေါက်ရော။မြိုင်ရောစသဖြင့် စစ်ကောင်စီစခန်းတွေကို အတူတကွ ပူးပေါင်းသိမ်းပိုက်ခဲ့ကြတယ်။အခု တော်လှန်ရေးကာလက အချိန်အတိုင်းအတာရောက် လာတဲ့အတွက် ဒီ့ထက်ပိုပြီး ပူးပေါင်းမှုတွေ ပိုလုပ်ပြီး တော်လှန်ရေးအရှိန်မြှင့်ဖို့ လုပ်ဆောင်တာလို့ ပြောလို့ရပါတယ်”ဟု ရေစကြိုမြို့နယ်ပကဖ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

မြို့နယ်ပကဖ တာဝန်ရှိသူများတွေဆုံမှုအရလည်း မြေပြင်ပကတိအခြေအနေ၊နိုင်ငံရေး၊စစ်ရေး၊နယ် မြေလုံခြုံရေးနှင့် ဒေသတွင်းတော်လှန်ရေး အားကောင်းစေရန် စိတ်တူကိုယ်တူ ဆောင်ရွက်မည်ဟု သဘောတူညီမှုရရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

လက်ရှိတွင် ရေစကြိုနှင့် မြိုင်မြို့နယ်ကို စစ်ကောင်စီ၏ တပ်မ(၁၀၁)လက်အောက် ခံ ခလရ (၂၅၆)၊(၂၅၇)နှင့် (၂၅၈)တပ်ရင်းများက စစ်ကြောင်းထိုးနေပြီး လေကြောင်းတိုက်ခိုက်မှုများလည်း ပြုလုပ်နေသည်။

ဒေသတွင်းသတင်းအချက်အလက်များအရ ရေစကြိုမြို့နယ် ဗလဘကျေးရွာကို စစ်ကောင်စီတပ်စစ်ကြောင်းသည် ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးခဲ့သည်။အဆိုပါ စစ်ကြောင်းအား ဧပြီ ၂၀ ရက်နှင့် ၂၁ ရက်တွင် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးမှုများရှိပြီး ရဲဘော်အချို့ထိခိုက်ကျဆုံးမှုရှိကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်​ရေးအဖွဲ့(ပ.က.ဖ)လှုပ်ရှားတပ်ဖွဲ့မှ ရဲဘော်တဦးက ဒေသခံတစ်ဦးကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့မှုအတွက်ကျူးလွန်ခံရသူ မိသားစုထံ လှုပ်ရှားတပ်ဖွဲ့ခေါင်းဆောင်ကိုယ်တိုင် အုန်း

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်တပ်က ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ပခုက္ကူခရိုင် အမှတ်(၆) တပ်ရင်း - Myaing Villages Revolution Frontက ထုတ်ပြန်ပါတယ်။