Connect with us

Hi, what are you looking for?

သတင်း

ကူးမင်း​ဆွေး​နွေးပွဲအဆင်မ​ပြေ​ကြောင်း TNLA ထုတ်ပြန်ပြီး​နောက် စစ်​ကောင်စီက မိုးကုတ်နှင့် ​နောင်ချိုကိုဗုံးကြဲ

စစ်​ကောင်စီ နှင့် TNLA တို့၏ ကူမင်း​ဆွေး​နွေးပွဲသ​ဘောတူညီချက်မရ​ကြောင်း TNLA ထုတ်ပြန်ပြီး​နောက် စစ်ကောင်စီက မိုးကုတ်မြို့ နှင့် ​နောင်ချိုမြို့ကို ဗုံးကြဲခဲ့သည်။

စစ်​​ကောင်စီ က ​နောင်ချိုမြို့ကို ဗုံးကြဲပြီး​နောက်အပျက်အစီးများကို ​မေ ၃ ရက်က​တွေ့ရစဥ်။ ဓါတ်ပုံ-TNLA

​မေ-၃၊၂၀၂၅။ကဖေး/People’s Spring

စစ်​ကောင်စီ နှင့် TNLA တို့၏ ကူမင်း​ဆွေး​နွေးပွဲသ​ဘောတူညီချက်မရ​ကြောင်း TNLA ထုတ်ပြန်ပြီး​နောက် စစ်ကောင်စီက မိုးကုတ်မြို့ နှင့် ​နောင်ချိုမြို့ကို ဗုံးကြဲခဲ့သည်။

TNLA က ကူမင်း​ဆွေး​နွေးပွဲအ​ကြောင်းသတင်းထုတ်ပြန်ပြီး ​နာရီပိုင်းအကြာမှာပင်စစ်​ကောင်စီကမေလ ၂ ရက် ည ၁၁နာရီ ၄၅မိနစ်ကလည်း မိုးကုတ်မြို့ အရှေ့ပိုင်း ဗဟင်းရွာနှင့် အနောက်ပိုင်းနှာ အုတ်အင်းရွာကိုဗုံးကြဲခဲ့သည်။

စစ်​ကောင်စီက ပေါင်(၂၅ဝ)ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အုတ်ပြင်ရပ်ကွက်ရှိ ဓမ္မရုံနှင့် ပြည်သူလူထုနေအိမ် ၆ လုံး ထိမှန်ပျက်စီးသွားခဲ့သည်ဟု PSLF/TNLA က​မေ ၃ ရက်တွင် ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင်​မေလ ၃ ရက် နံနက်ပိုင်း၉ နာရီ ၂ မိနစ်တွင် ဂျက်ဖိုက်တာဖြင့် မိုးကုတ်မြို့နယ်၊ အနောက် ပိုင်း၊ ကသဲဘုန်းကြီးကျောင်းကို ဗုံးထပ်ကြဲခဲ့ရာအနည်းဆုံးလူတစ်ဦးသေဆုံးခဲ့သည်ဟု​ဒေသခံတဦး က​ပြောသည်။

“ဘုန်းကြီးကျောင်းမှာ မင်္ဂလာဆောင်ရှိတယ်လို့ ‌ကြားတယ်။ဗုံးက ဘယ်လောက်ပြင်းလဲဆိုရင် သူတို့ကြဲတဲ့နေရာနဲ့ ခပ်လှမ်းလှမ်း ပန်းရံဆရာကို ဗုံးစမှပြီး သေဆုံးတယ်။ ကျောင်းဘက်မှာ ထိခိုက်တယ်ကြားပြီး တိတိကျကျမသိရသေးပါ”ဟု မြို့ခံတစ်ဦးကပြောသည်။

အဆိုပါဗုံးကြဲမှုတွင်ဒေသခံ ၁ ဦးသေဆုံးခဲ့ပြီး နေအိမ်ပျက်စီးခဲ့​ကြောင်း TNLA ကလည်းထုတ်ပြန်သည်။

ထိုအပြင်မေလ ၂ ရက် ညနေပိုင်းကလည်းTNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်မှ လုံဝယ်ရွာထဲသို့ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုဗုံးကြဲမှုတွင် ထိခိုက်ဒဏ်ရာရသူမရှိခဲ့ပေ။TNLAနှင့် စစ်ကောင်စီသည် နောင်ချိုမြို့တွင်လည်း တိုက်ပွဲပြင်းထန်နေသည်။​

တရုတ်နိုင်ငံ၏ကြားဝင်မှုဖြင့် စစ်ကောင်စီတပ် နှင့် TNLA သည် အပစ်ရပ်စဲရန် ဧပြီလ ၂၈ နှင့် ၂၉ရက်တွင် တရုတ်ပြည်၊ ကူမင်းမြို့၌တွေ့ဆုံဆွေးနွေးခဲ့ပြီး စစ်​ကောင်စီက TNLA သိမ်းပိုက်ထား​သော မြို့ ၅ မြို့ကို ပြန်​ပေးရန်​တောင်းဆိုမှုအ​ပေါ် သ​​ဘောမတူ၍ဆွေး​နွေးပွဲ​ရှေ့မဆက်နိုင်ဟု TNLA က ထုတ်ပြန်သည်။

စစ်ကောင်စီက TNLA နှင့် မဟာမိတ်များသိမ်းပိုက်ထားသည့် မိုးကုတ်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်မြို့များမှ ထွက်ခွာပြီး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သည့် နမ့်ဆန်နှင့် မန်တုံမြို့နယ်အထိ ပြန်ဆုတ်ခွာရန် တောင်းဆိုခဲ့သည်။ စစ်ကောင်စီ၏ အဆိုပါ တောင်းဆိုချက်ကိုသဘောမတူနိုင်သဖြင့် ဆွေးနွေးမှု ရှေ့မတိုးနိုင်သေးဘဲလာမည့်ဩဂုတ်လတွင် ထပ်မံတွေ့ဆုံရန် သဘောတူခဲ့ကြသည်ဟု TNLAက မေလ ၂ ရက်ညနေ ၃ နာရီခန့်တွင် ထုတ်ပြန်ခဲ့သည်။

လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်း၊ ထိုးစစ်ဆင်ခြင်းစသည့် ပစ်ခတ်တိုက်ခိုက်မှုများအားလုံးရပ်တန့်ရန်၊ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ရန်၊ ဒေသတည်ငြိမ်အေးချမ်းရန်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကဲ့သို့ တဆင့်တိုးအပစ်ခတ်ရပ်စဲရေးပြုလုပ်နိုင်ရန်အတွက် တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းမှ ကမကထပြုအလေးထားကြိုးပမ်းပြီး နှစ်ဖက်တွေ့ဆုံမှုများ အလျင်အမြန်တိုးတက်လာစေရန် ဆောင်ရွက်ခဲ့သည်ဟု TNLA ကဆိုသည်။

TNLA က အဆိုပါသတင်းထုတ်ပြန်ပြီးနောက်မိုးကုတ်မြို့တွင် ကင်းထောက်လေယာဉ်များဝဲနေခဲ့ပြီး လေကြောင်းဗုံးကြဲမှုများ ခပ်စိပ်စိပ်ပြုလုပ်နေခြင်းဖြစ်သည်။

TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်အင် အားဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကို လေကြောင်းဖြင့်လူထုကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲနေကြောင်း TNLAက ထုတ်ပြန်ထားသည်။ ဒေသခံပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်နှင့်လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန် TNLA က သတိပေးထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။