Connect with us

Hi, what are you looking for?

သတင်း

မန္တလေးနဲ့ပြင်ဦးလွင် က ရွာအချို့ မိုးကြီးပြီးတောင်ကျရေကြောင့်ရေကြီးနေ

မန္တလေး တိုင်း ပုသိမ်ကြီးမြို့နယ် နဲ့ ပြင်ဦးလွင်မြို့နယ်ထဲက ရွာအချို့အမှာ မိုးများပြီး တောင်ကျရေစီးဝင်တာကြောင့် ရေကြီးရေလျှံမှုတွေ ဒီနေ့ မေလ ၄ ရက်မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

မေ – ၄ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေး တိုင်း ပုသိမ်ကြီးမြို့နယ် နဲ့ ပြင်ဦးလွင်မြို့နယ်ထဲက ရွာအချို့အမှာ မိုးများပြီး တောင်ကျရေစီးဝင်တာကြောင့် ရေကြီးရေလျှံမှုတွေ ဒီနေ့ မေလ ၄ ရက်မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ပုသိမ်ကြီးမြို့နယ်ထဲကဆိုရင် အုန်းချောကျေးရွာအုပ်စုရှိ ဆည်တော်လေး၊ ဂိုက်တန်း၊ ဒီးဒုတ် ကျေးရွာတွေ ၊ ပြင်ဦးလွင်မြို့နယ်မှာ မန္တလေး-ပြင်ဦးလွင်လမ်းပိုင်းနေရာ က ဇီပင်ကြီး၊ သုံးတောင်၊ ကျင်ဂနိုင် စတဲ့ ကျေးရွာတွေမှာ တောင်ကျရေများပြီး ရေကြီးမှုဖြစ်ပေါ်နေပါတယ်။

” ဆည်တော်လေး တလျှောက်က ရွာတွေအကုန်ရေကြီးနေတာ အိမ်တွေထဲရေဝင်တယ်” လို့ အုန်းချောကျေးရွာမှာ နေထိုင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

လွန်ခဲ့တဲ့ ၃ရက်ကတည်းက မိုးဆက်တိုက်ရွာနေပြီး ဒီနေ့ မနက်ပိုင်းမှာတော့ တောင်ကျရေစီးလာပြီး ရေကြီးရေလျှံမှုကိုကြုံတွေရတာပါ။

ပြင်ဥိီးဘက်အတက် ၁၆မိုင်ဂိတ်အကျော်မှာလည်း တောင်ကျရေစီးဆင်းနေတာကြောင့် ကားလမ်းဘေးရှိ အုန်းချောကျေးရွာထဲကို ရေဝင်ရောက်တာတွေရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ မိုးဇလ ဌာနရဲ့ ဒီမနက်ပိုင်းထုတ်ပြန်ချက်တွေအရ ထူးခြား မိုးရေချိန်တွေအဖြစ် ပြင်ဦးလွင်မြို့မှာ ၂ ဒဿမ ၉၁ လက်မ၊ ပုသိမ်ကြီးမြို့မှာ ၂ ဒဿမ ၅၉ လက်မ၊ ပုသိမ်ကြီး(ရွှေစာရံ)မှာ ၁ ဒဿမ ၉၉ လက်မ၊ ပြင်ဦးလွင်(ဇီးပင်ကြီး) မှာ ၁ ဒဿမ ၉၃ လက်မ အထိရှိခဲ့တယ်လို့သိရပါတယ်။

ဒါအပြင် မန္တလေးမြို့နဲ့ အနီးတဝိုက်အတွက်မနက်ဖြန်မနက်အထိ မိုးထစ်ချုန်းရွာနိုင်ပြီး ၊နေရာကွက်ကျားလည်း မိုးရွာနိုင်သလို ရွာဖို့ ၈၀ ရာခိုင်နှုန်းရှိတယ်လို့ ဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေး-ပြင်ဦးလွင်လမ်းမှာ အစီးရေရာချီတဲ့ ဆိုင်ကယ်ဘီးကြီးအုပ်စုလိုက်မောင်းနှင်တဲ့ပွဲကြောင့် ယာဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့လို့ ဝေဖန်ခံနေရပါတယ်။

သတင်း

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက ကမ္ဘာလှည့် ခရီးသွားတွေကြား လူသိများရာ ရှုမျှော်ခင်းကြည့် နေရာ တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုတွေကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်းထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Facebook