Connect with us

Hi, what are you looking for?

News

ကမာရွတ်တွင် သတင်းပေးဒလန် အမျိုးသမီးတစ်ဦး ပစ်သတ်ခံရ

ကမာရွတ်မြို့နယ် (၅) ရပ်ကွက်ရှိ ဆရာစံလမ်းနှင့် အောင်သုခလမ်း‌ထောင့် ဓမ္မာရုံရှေ့တွင် ဒလန်ပျူ‌စောထီးနာမည်ထွက်သူ ပြားကြီးဆိုသည့် အမျိုးသမီးပစ်သတ်ခံရခြင်း ဖြစ်သည်။

ရန်ကုန်မြို့ ကမာရွတ်မြို့နယ်တွင် ယနေ့(နိုဝင်ဘာ ၉)နံနက် ၅ နာရီဝန်းကျင်က စစ်​ကောင်စီသတင်းပေးဒလန်ဟုဆိုသူအမျိုးသမီးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ၍ သေဆုံးသွားကြောင်း ​အခင်းဖြစ်ရပ်ကွက်​နေပြည်သူများက ​ပြောသည်။

ကမာရွတ်မြို့နယ် (၅) ရပ်ကွက်ရှိ ဆရာစံလမ်းနှင့် အောင်သုခလမ်း‌ထောင့် ဓမ္မာရုံရှေ့တွင် ဒလန်ပျူ‌စောထီးနာမည်ထွက်သူ ပြားကြီးဆိုသည့် အမျိုးသမီးပစ်သတ်ခံရခြင်း ဖြစ်သည်။

ပစ်ခတ်သူများက ​သေနတ်ဖြင့် (၇)ချက်ခန့်ချက် ပစ်ခတ်ခဲ့ရာ ပြားကြီးဆိုသည့်အမျိုးသမီးမှာ အခင်းဖြစ်သည့်နေ၌ ပွဲချင်းပြီး သေဆုံးကာ ၎င်းနှင့်အတူပါလာသည့် ဆိုက်ကားသမားမှာလည်း ခါးနှင့်ဝမ်းဗိုက်တို့တွင် သေနတ်ဒဏ်ရာရခဲ့ကြောင်း ​ဒေသခံများက​ပြောသည်။

အခင်ဖြစ်ပြီး ၂ နာရီခန့်အကြာတွင် စစ်ကောင်စီတပ်များက ရုပ်အလောင်းအား ဆေးရုံကားဖြင့် သယ်ဆောင်သွားခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

​မကွေးတိုင်း၊ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က အမျိုးသမီး ၁ဦးကို စစ်တပ်သတင်းပေး (ဒလန်)လို့ စွပ်စွဲပြီး ရှင်းလင်းလိုက်တဲ့အပေါ် ဒလန်ဖြစ်ကြောင်း သက်သေပြပေးဖို့ သေဆုံးသူရဲ့ သားဖြစ်သူက လူမှုကွန်ရက်ကနေ တောင်းဆိုလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းတာတွေ လုပ်ရင် ထိရောက်စွာ အရေးယူမယ်လို့ ကချင်ပြည်နယ် ရွှေကူခရိုင် အခြေစိုက်လှုပ်ရှားနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၁၁) တပ်ရင်း(၁၂) က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်သတင်းပေး‌မှုကြောင့် ရဲဘော် ၂ဦး ဖမ်းဆီးခံရတယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF)က ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ကြို့ပင်ကောက်မြို့နယ်မှာ စစ်ကောင်စီ ရွေးကောက်ပွဲ မဲစာရင်းစစ်ဆေးသူနဲ့ သတင်းပေး (ဒလန်)လုပ်နေသူတွေရဲ့နေအိမ်တွေအထိ လိုက်လံသတိပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နတ်စစ်သည်က ထုတ်ပြန်ပါတယ်။