Connect with us

Hi, what are you looking for?

သတင်း

တဖက်သတ်အပစ်ရပ်စဲရေးပြီးပါက တနိုင်ငံလုံးရှိ အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ဆက်လုပ်သွားမည်ဟု TNLA ပြော

တအာင်းတပ်မတော်(TNLA)အနေဖြင့် ညီနောင်မဟာမိတ်များနှင့်အတူ ကြေညာထားသည့် တဖက်သတ်အပစ်အခတ်ရပ်စဲရေးပြီးပါက တနိုင်ငံလုံးရှိ အာဏာရှင်စနစ်ချုပ်ငြိမ်းရေး တိုက်ပွဲဆက်လက်လုပ်ဆောင်သွားရန်ရှိကြောင်း TNLA တွဲဖက်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တားပန်လက ပြောကြားသည်။

နောင်ချိုမြို့နယ် တောင်းခမ်းရွာတိုက်ပွဲအတွင်း တွေ့ရသော TNLA ရဲဘော်တစ်ဦး။ ဓာတ်ပုံ - TNLA

” နိုင်ငံပြန်လည်ပြီးမှ ထူထောင်နိုင်ဖို့ အတွက် ငြိမ်းချမ်းနိုင်ဖို့အတွက်ဆိုရင် တိုက်ပွဲကတော့ ဆက်လက်ပြီးမှ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်”

—TNLA တွဲဖက်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးတားပန်လ

မေ ၅၊၂၀၂၅။ရဲခေါင်၊ သက်ဝေ/People’s Spring

တအာင်းတပ်မတော်(TNLA)အနေဖြင့် ညီနောင်မဟာမိတ်များနှင့်အတူ ကြေညာထားသည့် တဖက်သတ်အပစ်အခတ်ရပ်စဲရေးပြီးပါက တနိုင်ငံလုံးရှိ အာဏာရှင်စနစ်ချုပ်ငြိမ်းရေး တိုက်ပွဲဆက်လက်လုပ်ဆောင်သွားရန်ရှိကြောင်း TNLA တွဲဖက်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တားပန်လက ပြောကြားသည်။

မေလ ၄ရက်က ကျင်းပသည့် TNLA၏ စစ်ရေး၊ နိုင်ငံရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲအတွင်း TNLAတာဝန်ရှိသူက တိုက်ပွဲဆက်လက်ဖော် ဆောင်ရမည့် အခြေအနေကို ပြောခြင်း ဖြစ်သည်။

“နိုင်ငံပြန်လည်ပြီးမှ ထူထောင်နိုင်ဖို့ အတွက် ငြိမ်းချမ်းနိုင်ဖို့အတွက်ဆိုရင် တိုက်ပွဲကတော့ ဆက်လက်ပြီးမှ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ဘယ်နေ့ ဘယ်နေရာ ဘယ်လိုလုပ်မလဲ ဆိုတာတော့ ပြောပြဖို့ခက်ပါတယ်။ ဒါပေမဲ့ သေချာတာကတော့ စဉ်ဆက်မပြတ် တစိုက်မတ်မတ် ဆက်လက်ဆောင်ရွက်သွားဖို့ရှိပါတယ်။ အခုလောလောဆယ်က တဖက်သတ်အပစ်အခတ်ရပ်စဲရေးပြီးသွားပြီ ဆိုရင်တော့ ကျနော်တို့ ဆက်လက်ပြီးမှပဲ တနိုင်ငံလုံးမှာ ရှိနေတဲ့ အာဏာရှင်စနစ် ချုပ်ငြိမ်းသွားအောင် တစိုက်မတ်မတ် ဆက်လက်ဆောင်ရွက်သွားဖို့ရှိပါတယ်” ဟု ဗိုလ်မှူးကြီးတားပန်လက ပြောသည်။

Public Service Announcement

Public Service Announcement

တရုတ်အစိုးရက ကြားဝင်ဆောင်ရွက်နေသော်လည်း မြန်မာနိုင်ငံအရေးကို မြန်မာနိုင်ငံသားများက အဓိကဆုံးဖြတ်ကြရမည်ဟုလည်း ၎င်းက ပြောသည်။

TNLA၊ ကိုးကန့်တပ်(MNDAA)၊အာရက္ခတပ် တော်(AA)တို့သည် ငလျင်ဘေးကြောင့် တဖက်သတ်အပစ်အခတ်ရပ်စဲရေး ကြေညာမှုကို ဧပြီ ၁လလုံး သတ်မှတ်ကြေညာခဲ့ပြီး ယခု မေလကုန်အထိ ထပ်မံသက်တမ်းတိုးကြေညာထားသည်။

တရုတ်၏ ကြားဝင်စီစဉ်မှုဖြင့် စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးခဲ့သော်လည်း TNLAက ယခု သိမ်းပိုက်ထားသည့် မြို့နယ် ၁၂မြို့ကို ပြန်လည်၍ စစ်ကောင်စီထံ ပေးအပ် ရန်မရှိကြောင်း အသိပေးထားသည်။

စစ်ကောင်စီက မိုးကုတ်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်မြို့များ မှ TNLAတပ်များ ပြန်လည်ဆုတ်ခွာပေးရန် တောင်းဆိုထားသော်လည်း စစ်ကောင်စီ တောင်းဆိုချက်ကို လိုက်လျောရန်မရှိ၊ ပြန်လည်ဆုတ်ခွာခြင်းမရှိဟု TNLA သတင်းပြန်ကြားရေးဌာနတာဝန်ခံ လွေးယေဦးက သတင်းစာရှင်းလင်းပွဲ၌ ထပ်လောင်းပြောသည်။

TNLAအနေဖြင့် အဖွဲ့၏ ရပ်တည်ချက်အတိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း လွေးယေဦးက ပြောသည်။

” ကျမတို့ကတော့ ကျမတို့ မျှော်မှန်းချက် ပန်းတိုင်ဖြစ်တဲ့ စောနက ကျမတို့ တွဲဖက် အထွေထွေအတွင်းရေးမှူး(၂) ပြောသလိုပဲ ကျမတို့ အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းရမှာ ဖြစ်ပါတယ်” ဟု လွေးယေဦးက ပြောသည်။

စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေး TNLA ဆက်လက် ဆောင်ရွက်မည့် အခြေအနေကိုလည်း လွေးယေဦးက ယခုကဲ့သို့ ပြောကြားသည်။

” ကျမတို့ ပါဝင်တဲ့ အခန်းကဏ္ဍ ပါဝင်နိုင်တဲ့နည်းလမ်းတွေရှာဖွေပြီးတော့မှ ဒီအာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းတဲ့အထိ ပြည်သူနဲ့အတူ ဆောင်ရွက်မှာ ဖြစ်ပါတယ်”ဟု လွေးယေဦးက ပြောသည်။

ထို့ပြင် TNLAက ယခု သိမ်းပိုက်ထားသည့် နယ်မြေ မြို့ရွာများအား စီမံအုပ်ချုပ်နေမှု အနေအထားကိုလည်း ရှင်းပြသည်။ တအာင်းပြည်နယ် သတ်မှတ်ရေးအပါအဝင် နယ်မြေ၊ ပြည်နယ် သတ်မှတ်ရမည့် ကာလက အနာဂတ် တွင် ဖြစ်ထွန်းလာမည့် နိုင်ငံရေး ညီလာခံ၌ ဖြစ်သည်ဟု ဗိုလ်မှူးကြီး တားပန်လက ပြောသည်။

” အချိန်ကာလတခုအထိ နောက်ထပ်လူထုအစိုးရ ပုံစံမျိုးလား တနိုင်ငံလုံးကမျှော်မှန်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီ အစိုးရ ပုံစံမျိုးလား အဲဒီလို မပေါ်ထွန်းမီ ကျနော်တို့က ကာလတခုအနေနဲ့ တာဝန်ယူပြီးမှ စောင့်ရှောက်ထားတဲ့ ဒေသလူထုလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ တကယ့် တအာင်းပြည်နယ် သတ်မှတ်ဖြစ်ပေးလာဖို့က အနာဂတ် နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးပြီးမှ သတ်မှတ်ရမှာဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးတားပန်လက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။