Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ဂတ်စ်အရောင်းဆိုင် မီးလောင်မှုဖြစ်ပွား

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်ထဲမှာ ဒီနေ့ (မေ ၅ ရက်) မနက်ပိုင်းက ဂတ်စ်အရောင်းဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

ဓာတ်ပုံ - Than Htay /FB

မေ – ၅ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်ထဲမှာ ဒီနေ့ (မေ ၅ ရက်) မနက်ပိုင်းက ဂတ်စ်အရောင်းဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

မနက် ၁၁ နာရီ ဝန်းကျင်က ချမ်းမြသာစည်မြို့နယ် တပ္ပဝတီရပ်၊ ပန်းတဥ်းတန်းရပ်ကွက်ရှိ ဂတ်စ်အရောင်းဆိုင်မှာမီးလောင်တာပါ။

” ဂတ်စ်ဆိုင်ဖြစ်တော့ မီးတောက်အား တအားပြင်းတယ်” လို့ တပ္ပဝတီရပ်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

မီးလောင်မှုအတွင်း ဂတ်စ်အိုးအချို့ ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး ကျန်ရှိတဲ့ ဂတ်စ်အိုးတွေကို အချိန်မီဆွဲထုတ်နိုင်တာကြောင့် မီးကိုငြိမ်းနိုင်ခဲ့တာလို့ ရပ်ကွက်တွေပြည်သူတွေက ဆိုပါတယ်။

မီးလောင်မှုကြောင့် နေအိမ်နှစ်လုံးမီးလောင်ပျက်စီးခဲ့သလို ထိခိုက်ဒဏ်ရာရသူ နှစ်ဦးရှိပြီး နာရီဝက်နီးပါးကြာ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ မူကြိုကျောင်းတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကလေးတွေနဲ့ ဆရာ ဆရာမ စုစုပေါင်း လူ ၃၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့ကနေအိမ်တစ်လုံးမှာဒီနေ့ (ဇွန်လ၁၉ ရက်) နေ့ခင်းပိုင်းကမီးလောင်မှုဖြစ်ရာကလေးနှစ်ဦးသေဆုံးသွားပြီးသက်ကြီးပိုင်းအမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြ၀တီမီးသတ်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။