Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီနှင့် ကျွန်းစုမြို့နယ်အစပ်ရှိ စစ်ကောင်စီရှေ့တန်းစခန်းကို တော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်၊ ဗိုလ်မှူးမြင့်ဝင်း အပါအဝင် လေးဦးသေဟုဆို

တနင်္သာရီမြို့နယ်နှင့် ကျွန်းစုမြို့နယ်အစပ်ရှိ စစ်ကောင်စီ၏ ဝါရစ်ပိန်းတောပြင် ရှေ့တန်းစခန်းကိုတော်လှန်ရေးပူးပေါင်းတပ်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးမြင့်ဝင်းအပါအဝင် လေးဦးသေဆုံးကြောင်း တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(တိုက်ခိုက်ရေး)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပူးပေါင်းစစ်ကြောင်းမှ တော်လှန်ရေးရဲဘော်အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ − CJ

မေ-၇၊ ၂၀၂၅။ ကျော်ဇော/People’s Spring

တနင်္သာရီမြို့နယ်နှင့် ကျွန်းစုမြို့နယ်အစပ်ရှိ စစ်ကောင်စီ၏ ဝါရစ်ပိန်းတောပြင် ရှေ့တန်းစခန်းကိုတော်လှန်ရေးပူးပေါင်းတပ်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးမြင့်ဝင်းအပါအဝင် လေးဦးသေဆုံးကြောင်း တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(တိုက်ခိုက်ရေး)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့(မေလ ၆ ရက်)နံနက် ၆နာရီခန့်က စစ်ကောင်စီ၏ ရှေ့တန်းစခန်းတစ်ခုဖြစ်သော ဝါရစ်ပိန်းတောပြင်စခန်းကို မြိတ်ခရိုင် တပ်ရင်း (၂)၊ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(တိုက်ခိုက်ရေး)နှင့် တနင်္သာရီမြို့နယ် ပကဖ တို့ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၂ နာရီခန့်ကြာမြင့်ကြောင်း အထက် ပါတာဝန်ရှိသူက ပြောသည်။

“သူတို့က နှစ်နေရာ ခွဲနေကြတယ်။ ဝါရစ်လှေဆိပ်မှာ တနေရာနဲ့ ပိန်းတောပြင်မှာ တနေရာ ပိန်းတောပြင်မှာက ဗိုလ်မှူးအပါဝင် ၁၉ဦး”ဟု တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည့် စစ်ကောင်စီရှေ့ တန်းအထိုင်းချနေရာကို တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(တိုက်ခိုက်ရေး)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးမြင့်ဝင်းအပါဝင် လေးဦးသေဆုံးခဲ့ပြီး ကိုးဦးဒဏ်ရာအပြင်းအထန်ရရှိ၍ အထိနာသွားရာ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခြင်း၊ ​စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။ သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်ပြီး လူထုနွေဦးက အတည်မပြုနိုင်ပေ။

ထို့အပြင် ရေတပ်စစ်သင်္ဘောပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြိမ်ရေ‌များစွာပစ်ခတ်ခဲ့ကာ အထိနာသွားသော စစ်ကောင်စီတပ်သားများ ရှေ့တန်းစခန်းအား စွန့်ခွာထွက် ပြေးသွားပြီး လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် နယ်မြေရှင်းလင်းရေးမလုပ်နိုင်သလို လက်နက်ခဲယမ်းရရှိခြင်းလည်းမရှိခဲ့ကြောင်း တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(တိုက်ခိုက်ရေး)က အသိပေးသည်။

“ဗိုလ်မှူးအလောင်း မြိတ်ကိုသယ်ဆောင်သွားတယ်သိရ။ ဘယ်တပ်ရင်က ဆိုတာတော့ ကျနော်တို့မသိရသေးပါဘူး”ဟု တိုင်းပကဖ(တိုက်ခိုက်ရေး)မှ တာဝန်ရှိသူက ပြောသည်။

တနင်္သာရီတိုင်းအတွင်း စခန်းသိမ်းတိုက်ပွဲများအပါအဝင် စစ်ရေးတိုက်ခိုက်မှုများ ဖြစ်ပွားလျှက်ရှိရာ ထားဝယ်-ထီးခီးနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းများကို KNLAဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ မြိတ်ခရိုင်အမှတ် (၃)တပ်ရင်းက ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ထိခိုက်

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။