Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အပစ်ရပ်ကာလ ၃ ရက် မတိုင်ခင် ရုရှားရော၊ ယူကရိန်းပါ လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်ခဲ့

ရုရှားက အဆိုပြုခဲ့တဲ့ ၃ ရက်ကြာ အပစ်အခတ် ရပ်စဲရေးကာလ မစတင်ခင် ရုရှားရော၊ ယူကရိန်းပါ လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့် လုပ်ဆောင်ခဲ့ကြပါတယ်။

ရုရှားက အဆိုပြုခဲ့တဲ့ ၃ ရက်ကြာ အပစ်အခတ် ရပ်စဲရေးကာလ မစတင်ခင် ရုရှားရော၊ ယူကရိန်းပါ လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့် လုပ်ဆောင်ခဲ့ကြပါတယ်။

မေလ ၇ ရက်နေ့တုန်းက ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် ရုရှားနိုင်ငံ၊ မော်စကိုမြို့တော် အနှံ့က လေဆိပ်တွေကို ပိတ်ထားခဲ့ရပြီး ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်မှာလည်း ရုရှား ဖောက်ခွဲရေး ဒရုန်းတွေ ထိမှန်ရာက အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ပါတယ်။

ဒုတိယ ကမ္ဘာစစ်မှာ နာဇီ ဂျာမနီကို အနိုင်ရခဲ့တဲ့ အထိမ်းအမှတ်အဖြစ် ရုရှားမှာ ကျင်းပတဲ့ အောင်ပွဲနေ့ အခမ်းအနား ၃ ရက်တာ ကာလ အပစ်ရပ်ထားဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ကြေညာခဲ့ပြီး အဲဒီမတိုင်ခင်မှာ နှစ်ဖက်စလုံးက တိုက်ခိုက်မှုတွေ အရှိန်မြှင့်ခဲ့တာ ဖြစ်ပါတယ်။ ရုရှားအဆိုပြုတဲ့ အပစ်ရပ်ကာလ ၃ ရက်ဟာ မေလ ၈ ရက်နေ့မှာ စတင်ပါတယ်။

ရုရှားဟာ မော်စကိုမြို့တော်ရဲ့ ရင်ပြင်နီမှာ အောင်ပွဲနေ့ အထိမ်းအမှတ် ချီတက်ပွဲတွေ ကျင်းပမှာဖြစ်ပြီး အဲဒီအတွက် တရုတ် သမ္မတ ရှီကျင့်ဖျင် အပါအဝင် နိုင်ငံခေါင်းဆောင် နှစ်ဒါဇင်ကျော်လောက်ကို ဖိတ်ကြားထားပါတယ်။ အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာလည်း ပူတင်ရဲ့ ဖိတ်ကြားမှုကြောင့် မော်စကို မြို့တော်ဆီ ရောက်ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားက အဆိုပြုထားတဲ့ သုံးရက်ကြာ အပစ်အခတ် ရပ်စဲရေး ကာလဟာ မေလ ၈ ရက်မှာ စတင်အသက်ဝင်ပေမယ့် ရုရှားကိုယ်တိုင်က ချိုးဖောက်ပြီး တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ ယူကရိန်းက စွပ်စွဲပါတယ်။

ရုရှားက မေလ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ ယူကရိန်း ဒရုန်းတွေကြောင့် မော်စကိုမြို့တော်ရဲ့ လေကြောင်း ထိန်းချုပ်ရေး ကဏ္ဍမှာ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်ပြီး လေဆိပ်တွေကို ယာယီ ပိတ်ခဲ့ရပေမယ့် ကြီးကြီးမားမား ထိခိုက်မှု မရှိခဲ့ဘူးလို့ ပြောပါတယ်။ ယူကရိန်းကတော့ မော်စကိုနားမှာရှိတဲ့ ခရက်စ်နိုအာမင့်စ်ခ် ဒေသမှာ ရုရှားရဲ့ လက်နက် စက်ရုံနှစ်ခုကို ဒရုန်းတွေ အသုံးပြုပြီး တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့ကြောင်း ကြေညာပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် ရုရှားဟာ စစ်ပွဲစတင်ပြီးနောက်ပိုင်း အပြင်းထန်ဆုံး လေကြောင်းတိုက်ခိုက်မှုတွေကို မေလ ၇ ရက်နေ့မှာ ကြုံတွေ့ခဲ့တယ်လို့ ပြောပါတယ်။

အမေရိကန် အစိုးရဟာ ရုရှားနဲ့ ယူကရိန်းကြား ရက်ပေါင်း ၃၀ ကနဦးအဆင့် အပစ်အခတ် ရပ်စဲရေးအတွက် ကြားဝင် ညှိနှိုင်းပေးနေပေမယ့် ပူတင်ကတော့ ၃ ရက်ပဲ အပစ်ရပ်မယ့် သဘောထားကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လတုန်းကလည်း ရုရှားဟာ အီစတာ ပွဲတော်ကာလအတွက် ၁ ရက်ကြာ အပစ်ရပ်ကြောင်း ထုတ်ပြန်ဖူးပါတယ်။ အဲဒီတုန်းကလည်း သဘောတူညီချက်ကို ချိုးဖောက်တယ်လို့ နှစ်ဖက် အပြန်အလှန် စွပ်စွဲမှုတွေ ရှိခဲ့ပြီး သက်တမ်းမတိုးနိုင်ဘဲ ရုရှားနဲ့ ယူကရိန်းကြား တိုက်ခိုက်မှုတွေ ပြန်လည် စတင်လာခဲ့ပါတယ်။

ကိုးကား: Washington Post

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။