Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်လမ်းပိုင်း ကပ်မော်ရွာ၌ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်စွဲရာနေရာအချို့ KIAသိမ်းပိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကပ်မော်ကျေးရွာ၌ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်စွဲရာ နေရာအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သိမ်းပိုက်ခဲ့သည်ဟု သတင်းရင်းမြစ်အချို့က အသိပေးသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်နှစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

မေ ၉၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကပ်မော်ကျေးရွာ၌ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်စွဲရာ နေရာအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သိမ်းပိုက်ခဲ့သည်ဟု သတင်းရင်းမြစ်အချို့က အသိပေးသည်။

ယခင်နေ့များကတည်းက တိုက်ပွဲပြင်းထန်နေသည့် ကပ်မော်ကျေးရွာတွင် မေလ ၈ရက်နံနက်မှစ၍ တနေကုန် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက ယမန်နေ့(မေ ရက်) ညပိုင်း၌ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ဟု ဆိုသည်။

” ကပ်မော်ရွာဘုန်းကြီးကျောင်းမှာ သူတို့ စုနေကြတာ။ အဲဒါကို ကျနော်တို့သွားပြီးမှ ထိုးစစ်ဆင်ပြီး ၂နာရီ ကျော်ကျော်လောက်မှာ ဘုန်းကြီးကျောင်းက အကုန်လုံးရှင်းလင်းလိုက်ပြီ”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ကပ်မော်ရွာရှိ ဆုတောင်းတောင်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ကြောင်း သတင်းရသော်လည်း သိမ်းပိုက်နိုင်ခြင်းမရှိသေးဟု သိရကြောင်း ၎င်းက ပြောသည်။

” ကပ်မော်မှာ စခတွေ တော်တော်လေးအထိနာသွားတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ စစ်ကောင်စီတပ်ကလည်း မေလ ၈ရက် ည ၈နာရီ ၄၀မိနစ်ကစ၍ လေကြောင်း တိုက်ခိုက်မှု လေးကြိမ်ပြုလုပ် တုန့်ပြန်ခဲ့ကြောင်း ပြောသည်။

အခြားစစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ကပ်မော်ရွာ ဘုန်းကြီးကျောင်းနှင့် ဆုတောင်းတောင် နေရာတို့၌ တပ်စွဲထားသည့် စစ်ကောင်စီ၊ မင်းဇေသန့် ပြည်သူ့စစ်၊ ရွှေမင်း ပြည်သူ့စစ်များအား ယမန်နေ့က တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိပြီး စစ်ကောင်စီ၊ပြည်သူ့စစ် ပူးပေါင်းတပ်များ ထွက်ပြေးသွားဟု လူမှုကွန်ရက်၌ အသိပေးထားသည်။

ထို့အပြင် KIA ပူးပေါင်းတပ်၏ ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးတိုက်ပွဲဆက်ရှိနေပြီး စစ်ကောင်စီတပ်မိသားစု အချို့အပါအဝင် ပိတ်မိပြည်သူများကိုလည်း တိုက်ပွဲဖြစ်ရာဇုန်မှ KIA ပူးပေါင်းတပ်က ကယ်ထုတ်နိုင်ခဲ့ဟုလည်း သတင်းရင်းမြစ်က ပြောသည်။

ကချင်ဒေသ စစ်ရေးအခြေအနေများကို မေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်ထားဆဲဖြစ်ပြီး ပြန်ကြားချက် မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်‌ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။