Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီကိုကျည်ဆံဖိုး​ပေး​နေ​သော​လောင်းကစားဝိုင်းများဆက်လုပ်ပါကဒိုင်​ရော၊ထိုးသားပါမကျန်အ​ရေးယူ​တော့မည်ဟု ဆားလင်းကြီးပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့သတိ့​ပေး

ဆားလင်းကြီးမြို့နယ်အပြင် နယ်မြေချင်းထိဆက်နေသည့် ပုလဲမြို့နယ်တွင်လည်း လောင်းကစားဝိုင်းများအား ရဲလိုင်းကြေးပေးပြီး အကြီးအကျယ်ပြုလုပ်နေကြကြောင်းဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီအတွက် ကျည်ဆန်ဖိုးများပေးနေသော လောင်းကစားဝိုင်းများအား ဒိုင်ရော ထိုးသားပါမကျန် ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်းဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(SSTF)က သတိပေးသည်။

ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(SSTF) နှင့်မြိုင် PDFတို့သည် ဆားလင်းကြီးမြို့နယ်၊ အရှေ့ထုံးမ အရှေ့ဘက်၊ လက်ပံအေးနှင့် ရွာသစ်ကုန်းကြားရှိ ဂျင်ဝိုင်းများကို ဝင်ရောက်သတိပေး တားမြစ်ခဲ့ကြောင်း၊ အဆိုပါလောင်းကစားဝိုင်းများအား ယခင်ကတည်းက သတိပေးတားမြစ်ခဲ့သော်လည်း ဆက်လက်ပြုလုပ်နေမှုကြောင့် သတိပေးရခြင်းဖြစ်ကြောင်း၊ သတိပေးနေသည့်ကြားမှ ဆက်လက်လုပ်ဆောင်ပါက ဒိုင်ရော ထိုးသားပါမကျန် ထိုက်သင့်သော အရေးယူမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း SSTFက သသိပေးထားခြင်းဖြစ်သည်။

ထို့ကြောင့် မိတ်ဆွေညီကိုများ လောင်းကစားဝိုင်းများကို အတက်နိုင်ဆုံးရှောင်ကြရန်၊ယင်းလောင်းကစားဝိုင်းများမှ လိုင်းကြေးများသည်မိမိတို့ပြည်သူများကို ပြန်သတ်မည့် ကျည်ဆန်ဖိုးများဖြစ်ကြောင်း၊ အဆိုပါ လောင်းကစားဝိုင်းများအား ထိထိရောက်ရောက် အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(SSTF)ကဆိုသည်။

ဆားလင်းကြီးမြို့နယ်အပြင် နယ်မြေချင်းထိဆက်နေသည့် ပုလဲမြို့နယ်တွင်လည်း လောင်းကစားဝိုင်းများအား ရဲလိုင်းကြေးပေးပြီး အကြီးအကျယ်ပြုလုပ်နေကြကြောင်းဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook