Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီကိုကျည်ဆံဖိုး​ပေး​နေ​သော​လောင်းကစားဝိုင်းများဆက်လုပ်ပါကဒိုင်​ရော၊ထိုးသားပါမကျန်အ​ရေးယူ​တော့မည်ဟု ဆားလင်းကြီးပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့သတိ့​ပေး

ဆားလင်းကြီးမြို့နယ်အပြင် နယ်မြေချင်းထိဆက်နေသည့် ပုလဲမြို့နယ်တွင်လည်း လောင်းကစားဝိုင်းများအား ရဲလိုင်းကြေးပေးပြီး အကြီးအကျယ်ပြုလုပ်နေကြကြောင်းဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီအတွက် ကျည်ဆန်ဖိုးများပေးနေသော လောင်းကစားဝိုင်းများအား ဒိုင်ရော ထိုးသားပါမကျန် ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်းဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(SSTF)က သတိပေးသည်။

ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(SSTF) နှင့်မြိုင် PDFတို့သည် ဆားလင်းကြီးမြို့နယ်၊ အရှေ့ထုံးမ အရှေ့ဘက်၊ လက်ပံအေးနှင့် ရွာသစ်ကုန်းကြားရှိ ဂျင်ဝိုင်းများကို ဝင်ရောက်သတိပေး တားမြစ်ခဲ့ကြောင်း၊ အဆိုပါလောင်းကစားဝိုင်းများအား ယခင်ကတည်းက သတိပေးတားမြစ်ခဲ့သော်လည်း ဆက်လက်ပြုလုပ်နေမှုကြောင့် သတိပေးရခြင်းဖြစ်ကြောင်း၊ သတိပေးနေသည့်ကြားမှ ဆက်လက်လုပ်ဆောင်ပါက ဒိုင်ရော ထိုးသားပါမကျန် ထိုက်သင့်သော အရေးယူမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း SSTFက သသိပေးထားခြင်းဖြစ်သည်။

ထို့ကြောင့် မိတ်ဆွေညီကိုများ လောင်းကစားဝိုင်းများကို အတက်နိုင်ဆုံးရှောင်ကြရန်၊ယင်းလောင်းကစားဝိုင်းများမှ လိုင်းကြေးများသည်မိမိတို့ပြည်သူများကို ပြန်သတ်မည့် ကျည်ဆန်ဖိုးများဖြစ်ကြောင်း၊ အဆိုပါ လောင်းကစားဝိုင်းများအား ထိထိရောက်ရောက် အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(SSTF)ကဆိုသည်။

ဆားလင်းကြီးမြို့နယ်အပြင် နယ်မြေချင်းထိဆက်နေသည့် ပုလဲမြို့နယ်တွင်လည်း လောင်းကစားဝိုင်းများအား ရဲလိုင်းကြေးပေးပြီး အကြီးအကျယ်ပြုလုပ်နေကြကြောင်းဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ သပိတ်အင်အားစုဝင်တွေက ဒေသခံတော်လှန်ပြည်သူတွေ ပူးပေါင်းပြီးသံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်ရှိရေးအတွက် ထောက်ခံဆန္ဒပြပွဲကို ဒီကနေ့ (အောက်တို့ဘာ ၂၁) မှာ ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ တော်လှန်သပိတ်အင်အားစုတွေနဲ့ ဒေသခံပြည်သူတွေက မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံတဲ့ လူထုလှုပ်ရှားမှုကို ဒီကနေ့ (အောက်တိုဘာ ၂၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။