Connect with us

Hi, what are you looking for?

သတင်း

တခေါ်ဘီခွီးတပ်စခန်း သိမ်းပိုက်ရှင်းလင်းပြီးဟု KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဘားအံခရိုင် ၊ ပိုင်ကျုံမြို့ရှိ စစ်ကောင်စီ၏ အမှတ်(၂၄)ခြေလျင်တပ်ရင်း အခြေချတပ်စွဲထားသော လေးပနာဒီ (ခေါ်)တခေါ်ဘီခွီး တပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ပူးပေါင်းတပ်များက ယနေ့(မေ ၉ရက်) နံနက်တွင် သိမ်းပိုက်ခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

လေးပနာဒီ(ခေါ်) တခေါ်ဘီခွီး စစ်ကောင်စီတပ်စခန်းအား ရှင်းလင်းအပြီး မြင်ကွင်းများ။ ဓာတ်ပုံ- KNU

မေ ၉ ၊၂၀၂၅/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဘားအံခရိုင် ၊ ပိုင်ကျုံမြို့ရှိ စစ်ကောင်စီ၏ အမှတ်(၂၄)ခြေလျင်တပ်ရင်း အခြေချတပ်စွဲထားသော လေးပနာဒီ (ခေါ်)တခေါ်ဘီခွီး တပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ပူးပေါင်းတပ်များက ယနေ့(မေ ၉ရက်) နံနက်တွင် သိမ်းပိုက်ခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

တပ်မဟာ(၇)လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)တို့က ယနေ့ နံနက် ၉နာရီတွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ရှင်းလင်းခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါတပ်စခန်းအား မေလ ၇ရက်က စတင်တိုက်ခိုက်ခဲ့ပြီး ၂ ရက်အကြာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စခန်းစွန့်ခွာထွက်ပြေးသွားကြကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဒီကနေ့ နံနက်ကလည်း ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ စစ်‌ကောင်စီ၏ အမှတ်(၅၉၈) ခြေမြန်တပ်ရင်း( ခမရ-၅၉၈)အား တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်၂ဝထက်မနည်းသေဆုံးကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်များကပြောသည်။

ရွှေကျင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအချို့ကို မတ်လတတိယလပတ်အတွင်း စတင်တိုက်ခိုက်ခဲ့ပြီးနောက် ခမရ(၅၉၈)တပ်ရင်းကိုလည်း တိုက်ခိုက်ခဲ့ကြောင်း၊ ယမန်နေ့(မေလ ၈ရက်)ညက စခန်းသိမ်းတိုက်ပွဲအတွက် ထိုးစစ်ဆင်ခဲ့ပြီး ယ‌နေ့ နံနက်ပိုင်းတွင် သိမ်းယူလိုက်ခြင်းဟု စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

” စခန်းက ကျသွားပါပြီ။ ရဲဘော်တွေ လက်ထဲရောက်နေပါပြီ။ လေကြောင်းအန္တရာယ်ကြားကနေ လိုက်ရှင်းနေရတာ”ဟု ရွှေကျင်မြို့မှ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ညက တိုက်ပွဲမှာ အလွန်ပြင်းထန်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကို ဒိုက်ဦးမြို့ပေါ်မှကြားခဲ့ရသလို ပေါက်ကွဲသည့် မီးတောက်များကိုလည်း မြင်တွေ့ခဲ့ရကြောင်း ဒိုက်ဦးမြို့ခံတစ်ဦးက ပြောသည်။

ခမရ(၅၉၈)တပ်ရင်း စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ကျော်သေဆုံးခဲ့ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်သည့် ပူးပေါင်းတပ်တွင်လည်း ထိခိုက်ကျဆုံးမှုအချို့ရှိကြောင်း ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။