Connect with us

Hi, what are you looking for?

သတင်း

တခေါ်ဘီခွီးတပ်စခန်း သိမ်းပိုက်ရှင်းလင်းပြီးဟု KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဘားအံခရိုင် ၊ ပိုင်ကျုံမြို့ရှိ စစ်ကောင်စီ၏ အမှတ်(၂၄)ခြေလျင်တပ်ရင်း အခြေချတပ်စွဲထားသော လေးပနာဒီ (ခေါ်)တခေါ်ဘီခွီး တပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ပူးပေါင်းတပ်များက ယနေ့(မေ ၉ရက်) နံနက်တွင် သိမ်းပိုက်ခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

လေးပနာဒီ(ခေါ်) တခေါ်ဘီခွီး စစ်ကောင်စီတပ်စခန်းအား ရှင်းလင်းအပြီး မြင်ကွင်းများ။ ဓာတ်ပုံ- KNU

မေ ၉ ၊၂၀၂၅/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဘားအံခရိုင် ၊ ပိုင်ကျုံမြို့ရှိ စစ်ကောင်စီ၏ အမှတ်(၂၄)ခြေလျင်တပ်ရင်း အခြေချတပ်စွဲထားသော လေးပနာဒီ (ခေါ်)တခေါ်ဘီခွီး တပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ပူးပေါင်းတပ်များက ယနေ့(မေ ၉ရက်) နံနက်တွင် သိမ်းပိုက်ခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

တပ်မဟာ(၇)လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)တို့က ယနေ့ နံနက် ၉နာရီတွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ရှင်းလင်းခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါတပ်စခန်းအား မေလ ၇ရက်က စတင်တိုက်ခိုက်ခဲ့ပြီး ၂ ရက်အကြာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စခန်းစွန့်ခွာထွက်ပြေးသွားကြကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဒီကနေ့ နံနက်ကလည်း ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ စစ်‌ကောင်စီ၏ အမှတ်(၅၉၈) ခြေမြန်တပ်ရင်း( ခမရ-၅၉၈)အား တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်၂ဝထက်မနည်းသေဆုံးကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်များကပြောသည်။

ရွှေကျင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအချို့ကို မတ်လတတိယလပတ်အတွင်း စတင်တိုက်ခိုက်ခဲ့ပြီးနောက် ခမရ(၅၉၈)တပ်ရင်းကိုလည်း တိုက်ခိုက်ခဲ့ကြောင်း၊ ယမန်နေ့(မေလ ၈ရက်)ညက စခန်းသိမ်းတိုက်ပွဲအတွက် ထိုးစစ်ဆင်ခဲ့ပြီး ယ‌နေ့ နံနက်ပိုင်းတွင် သိမ်းယူလိုက်ခြင်းဟု စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

” စခန်းက ကျသွားပါပြီ။ ရဲဘော်တွေ လက်ထဲရောက်နေပါပြီ။ လေကြောင်းအန္တရာယ်ကြားကနေ လိုက်ရှင်းနေရတာ”ဟု ရွှေကျင်မြို့မှ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ညက တိုက်ပွဲမှာ အလွန်ပြင်းထန်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကို ဒိုက်ဦးမြို့ပေါ်မှကြားခဲ့ရသလို ပေါက်ကွဲသည့် မီးတောက်များကိုလည်း မြင်တွေ့ခဲ့ရကြောင်း ဒိုက်ဦးမြို့ခံတစ်ဦးက ပြောသည်။

ခမရ(၅၉၈)တပ်ရင်း စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ကျော်သေဆုံးခဲ့ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်သည့် ပူးပေါင်းတပ်တွင်လည်း ထိခိုက်ကျဆုံးမှုအချို့ရှိကြောင်း ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ရွှေကျင်မြို့နယ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာ၊ Y12 လေယာဉ်တို့ဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့၍ ဒေသခံပြည်သူ ၁,၇၀၀ကျော်မှာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

သတင်း

ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ် ၊ ဒေါနတောင်တန်း အရှေ့ခြမ်း ၊ နော်တရာတောင်ခြေမှာရှိတဲ့ တာလယ်ဗျုဟာစခန်းကို KNU က စတင်တိုက်ခိုက်ပြီး ၄ ရက်မြောက် ဒီနေ့ (မေလ ၁၃ ရက် )မှာ သိမ်းယူလိုက်ပြီလို့ ကရင်စစ်ရေးသတင်း ရင်း မြစ်ထံကသိရပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ် ၊ ဒေါနတောင်တန်း အရှေ့ခြမ်း ၊ နော်တရာတောင်ခြေမှာရှိတဲ့ တာလယ်ဗျုဟာစခန်းကို KNU က တိုက်ခိုက်ရာမှာ စခန်းမကျဖို့ စစ်ကောင်စီတပ်ကလေကြောင်းပစ်ကူသုံးပြီး ခုခံနေတယ်လို့ ကရင်စစ်ရေးသတင်းမြစ်ထံကသိရပါတယ်။

Facebook