Connect with us

Hi, what are you looking for?

သတင်း

ငလျင်အပြီး တစ်လအကြာ မန္တလေးမှာ စစ်ဆေးမှုတွေ စတင်လာ

ငလျင်ကြီးအပြီး တစ်လကျော်အကြာ မန္တလေးမြို့မှာ ယာဉ်စစ်ဆေးတာတွေကို ပြန်လည်စတင်လာတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

၂၀၂၁ ခုနှစ် ၊ နှစ်ကုန်ပိုင်းက မန္တလေးမှာ ယာဉ်စစ်ဆေးမှုကိုတွေ့ရပုံ(ပုံဟောင်း)

မေ – ၁၈ ၊၂၀၂၅၊ ဆိုင်းမင်း/People’s Spring

ငလျင်ကြီးအပြီး တစ်လကျော်အကြာ မန္တလေးမြို့မှာ ယာဉ်စစ်ဆေးတာတွေကို ပြန်လည်စတင်လာတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

ယာဉ်ထိန်းရဲ ၊ ရဲ ၊ထွေအုပ်နဲ့ ပျုစောထီးတွေ ပါဝင်တဲ့ အဖွဲ့ စုံက လူစည်ကားရာ လမ်းတွေမှာ အသင့်စောင့်ဆိုင်းပြီး ယာဉ်စစ်တာတွေ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြန်လည်စတင်လာတာပါ။

မန္တလေးမြို့ ၃၅ လမ်း နဲ့ ၆၆ လမ်းထောင့် ၊ ၃၅ လမ်းနဲ့ ၅၈ လမ်းထောင့် ၊ သိပ္ပံလမ်း ၊ မြို့ပတ်လမ်းထောင့် နေရာတွေမှာ စစ်ဆေးတာကိုတွေ့ရတယ်လို့မြို့ခံအချို့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ယာဥ်ထိန်းရဲ၊ ထွေအုပ်၊ ရဲ ၊ ပြည်သူ့စစ်တွေပါဝင်တဲ့အဖွဲ့ပေါင်းစုံက လူစည်ကားတဲ့ လမ်းမတွေမှာ စစ်ဆေးမှု ပြုလုပ်နေတာလို့ သိရပါတယ်။

အဓိကအားဖြင့် ယာဉ်မောင်းလိုင်စင် ၊ ယာဉ်နဲ့ပတ်သက်တဲ့အထောက်အထားတွေကို စစ်ဆေးတာဖြစ်ပြီး အထောက်အထားမပြည့်စုံရင် တစ်မှုကိုကျပ် ငါးသောင်းကစပြီး ဒဏ်ရိုက်တာလို့ မြို့ခံအချို့က အသိပေးပါတယ်။

ဒဏ်ငွေကို စစ်ဆေးတဲ့နေရာမှာ မဆောင်နိုင်ရင် ချလံဖြတ်ပြီး စည်ပင်တရားရုံးဆီ ဒဏ်ကြေးသွားဆောင်စေတယ်လို့သိရပါတယ်။

မနက်ပိုင်းအလုပ်သွားချိန်ကို ပစ်မှတ်ထားပြီး စစ်ဆေးလာတာဖြစ်သလို ဖုန်းတွေကိုပါ ပျုစောထီးတွေက ယူစစ်တာရှိတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ချမ်းမြသာစည်မြို့နယ်အတွင်း ကိုယ်တွေ့ကြုံခဲ့ရသူ အမျိုးသားတစ်ဦးကပြောပါတယ်။

ငလျင်ဒဏ်သင့်မန္တလေးမြို့မှာ ပြန်လည်ထူထောင်ရေးမစတင်နိုင်သေးမယ့် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးပိုင်းက လာမယ့် စစ်မှုထမ်းအပတ်စဉ်အတွက် လူသစ်စုဆောင်းတာတွေလည်းရှိလာတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။