Connect with us

Hi, what are you looking for?

သတင်း

ပညာသင်ကြားမှု နှောက်ယှက်ဟန့်တားသူများအား အရေးယူမည်ဟု CDF-Asho သတိပေး

မကြာမီ အခြေခံပညာကျောင်းများဖွင့်လှစ်တော့မည်ဖြစ်ရာ ပညာသင်ကြားရေးကို နှောက်ယှက်ဟန့်တားသည့် မည်သူ့ကိုမဆို တားမြစ်အရေးယူသွားမည်ဟု ချင်းကာကွယ်ရေးတပ်- အရှို(CDF-Asho)က ယနေ့(မေလ ၁၉ ရက်) သတိပေး ထုတ်ပြန်သည်။

ချင်းကာကွယ်ရေးတပ်- အရှို(CDF-Asho)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − CDF-Asho

မေ-၁၉၊ ၂၀၂၅။ ကျော်ဇော/People’s Spring

မကြာမီ အခြေခံပညာကျောင်းများဖွင့်လှစ်တော့မည်ဖြစ်ရာ ပညာသင်ကြားရေးကို နှောက်ယှက်ဟန့်တားသည့် မည်သူ့ကိုမဆို တားမြစ်အရေးယူသွားမည်ဟု ချင်းကာကွယ်ရေးတပ်- အရှို(CDF-Asho)က ယနေ့(မေလ ၁၉ ရက်) သတိပေး ထုတ်ပြန်သည်။

၂၀၂၅-၂၀၂၆ အခြေခံပညာသင်နှစ်အတွက် အခြေခံကျောင်းများ စတင်ဖွင့်လှစ်‌တော့မည်ဖြစ်ရာ ကျောင်းနေအရွယ် ကလေးသူငယ်များ ပညာသင်ကြားရန်လိုအပ်လျှက်ရှိ‌ကြောင်း တွေ့ရှိနေရသည်ဟု ဖော်ပြသည်။

သို့သော် စစ်ဆင်ရေးလှုပ်ရှားရာ နယ်မြေများနှင့် ထိစပ်လျှက်ရှိသော မကွေးတိုင်း၊ ငဖဲမြို့နယ်၊ တောင်ပေါ်ဒေသနှင့်‌ မြေပြန့်ဒေသကျေးရွာများရှိ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်လျှက်ရှိသည့် အခြေခံပညာအဆင့် ကျောင်းဆရာ၊ဆရာမများအား ခြိမ်းခြောက်ခြင်း၊ နှောက်ယှက်ဟန့်တားခြင်း၊ ဖမ်းဆီးထိန်း သိမ်းခြင်း၊ ပညာသင်ကြားမှု ကျောင်းကိစ္စများအား ဝင်ရောက်စွက် ဖက်ခြင်းအား လုံး၀ပြုလုပ်မည်မဟုတ်ကြောင်း၊ ထို့သို့ပြုလုပ်သူ မည်သူမဆိုအား တားမြစ်အရေးယူမည်ဖြစ်ကြောင်း CDF-Asho က သတိပေးသည်။

Public Service Announcement

Public Service Announcement

“စစ်ရေးလှုပ်ရှားနယ်မြေထဲက ကျနော်တို့နဲ့ဆက် စပ်တဲ့ တောင်ပေါ်ဒေသ၊ မြေပြန့်ဒေသ အားလုံးကို ရည်ညွှန်းပါတယ်။ ရွာနာမည်တွေတော့ အ သေးစိပ် မဖော်ပြတော့ပါဘူးခင်ဗျာ”ဟု ပညာ ရေးဆိုင်ရာ သတိပေးချက်နှင့်စပ်လျဥ်းပြီး CDF-Asho မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho)အနေဖြင့် အရွယ်ရောင်ပြီးသည့် ကလေးငယ်တိုင်း ပညာသင်ကြားခွင့်ရမည်ဟူသည့်မူကို လက်ကိုင်ထားကြောင်းလည်း ၎င်းက မှတ်ချက်ပေးသည်။

ထို့ကြောင့် အခြေခံပညာအဆင့် ပညာရေးဝန် ထမ်းများအနေဖြင့် ကျောင်းနေအရွယ် ကလေးများအား စေတနာ၊ ဝါသနာ၊ အနစ်နာ (၃)ချက်ကို ခံယူအလေးထားလျှက် လွတ်လပ်စွာသင်ကြားမှု ပြုလုပ်ရန် CDF-Asho က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး

သတင်း

ချင်းပြည်နယ်ရဲ့ တနေရာက ဆေးရုံအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်တဲ့ The Revolution ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုကြဖို့ တော်လှန်အနုပညာရှင် လင်းလင်းက ဖိတ်ခေါ်လိုက်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်က အချက်အခြာကျ အရေးပါတဲ့ ထီးလင်းမြို့နယ် ရွှေအောင်သာရွာကို အာဏာသိမ်းစစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုးလျက်ရှိရာ ယောဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုခံရပြီး အထိနာ တပ်ပြန်ဆုတ်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း၊တပ်ဖွဲ့တွေက ရဲဘော်တွေက (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား ​တွေဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ပြီးအ​လေးပြုခဲ့ကြပါတယ်။