Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့ လူသားချင်းစာနာမှုအရေး ထိုင်းနဲ့ အင်ဒိုနီးရှား ခေါင်းဆောင်တွေ ဆွေးနွေး

မြန်မာနိုင်ငံမှာ ကြုံတွေ့နေတဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းတွေကို ကူညီ ဖြေရှင်းဖို့ နှစ်နိုင်ငံ နီးနီးကပ်ကပ် ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း ထိုင်းနဲ့ အင်ဒိုနီးရှား ခေါင်းဆောင်တွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကြုံတွေ့နေတဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းတွေကို ကူညီ ဖြေရှင်းဖို့ နှစ်နိုင်ငံ နီးနီးကပ်ကပ် ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း ထိုင်းနဲ့ အင်ဒိုနီးရှား ခေါင်းဆောင်တွေက ပြောပါတယ်။

မေလ ၁၉ ရက်နေ့တုန်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အစိုးရ အိမ်တော်မှာ အင်ဒိုနီးရှား ဝန်ကြီးချုပ် ပရာဘိုဝို ဆူဘီယန်တိုကို ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်က လက်ခံ တွေ့ဆုံခဲ့ပါတယ်။ နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံမှုအပြီး ပူးတွဲ ကြေညာချက် ထုတ်ပြန်ရာမှာတော့ မြန်မာ့ ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်မှု ကဏ္ဍအတွက် ပူးပေါင်း ဆောင်ရွက်လိုကြောင်း သဘောဆန္ဒကိုလည်း ကြေညာခဲ့ပါတယ်။

မြန်မာ့ အကျပ်အတည်းကို ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့၊ အစုအဖွဲ့ပေါင်းစုံ ပါဝင်တဲ့ ဆွေးနွေးမှုတွေ အထမြောက်လာစေဖို့ အိမ်နီးချင်း နိုင်ငံတွေနဲ့ တက်ကြွစွာ ပူးပေါင်းပြီး ကြိုးစားပေးနေတဲ့ ထိုင်းရဲ့ အပြုသဘောဆန်တဲ့ ချဉ်းကပ်မှုတွေကို အင်ဒိုနီးရှားက အသိအမှတ်ပြုကြောင်းလည်း ပရာဘိုဝိုက ဖေထောင်ထန်ကို ချီးကျူးခဲ့ပါတယ်။

နောက်ပြီး မြန်မာ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဆီ ဦးတည်နိုင်မယ့် အစုအဖွဲ့ပေါင်းစုံ ပါဝင်တဲ့ ဆွေးနွေးမှုတွေ ပေါ်ထွန်းလာရေးကိုလည်း အင်ဒိုနီးရှားက အားပေး ထောက်ခံကြောင်း ပရာဘိုဝိုက ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဖေထောင်ထန်ကလည်း လက်ရှိ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) အလှည့်ကျ ဥက္ကဋ္ဌ မလေးရှား နိုင်ငံရဲ့ ဦးဆောင်မှုနဲ့အတူ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မှုအတွက် ဖြစ်နိုင်ခြေ နည်းလမ်း မှန်သမျှကို ကူညီရှာဖွေပေးဖို့ ထိုင်းရော၊ အင်ဒိုနီးရှားကပါ စိတ်တူ သဘောတူ ရှိနေကြောင်း ဆိုပါတယ်။

မြန်မာ့ကိစ္စမှာ ထိုင်းနဲ့ အင်ဒိုနီးရှားရဲ့ အတွေးအမြင်က တူညီပြီး အခုနှစ် အာဆီယံ ဥက္ကဋ္ဌ မလေးရှားနဲ့အတူ မြန်မာ့ ငြိမ်းချမ်းရေးကို ပြန်လည် ဆောင်ကြဉ်းဖို့၊ စစ်ပွဲတွေကို ရပ်တန့်ဖို့ လုပ်ဆောင်သွားမယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောကြားသွားပါတယ်။

ကိုးကား: Antara

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားက စာသင်ကျောင်း ပစ်ခတ်မှုမှာ အဓိက သံသယတရားခံ ကျောင်းသား လူငယ်ရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နေ့ကလေးထိန်း ကျောင်းအဆောက်အအုံကို ကားတစ်စီးက ဝင်တိုက်မိပြီး လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ် အန်နုတင် ချန်ဗီရာကူလ်က နွန်သဘူရီမြို့ကျောင်းတွင်းပစ်ခတ်မှုကြောင့် လူသေဆုံးခဲ့ရတဲ့ဖြစ်ရပ်အပေါ် အလွန်အမင်း ဝမ်းနည်းကြောင်းပြောကြားပြီး၊ ဒီဖြစ်ရပ်ဟာအလွန်ဆိုးရွားတဲ့ထိတ်လန့်ဖွယ် ဖြစ်ရပ်လို့​ပြောပါတယ် ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော် မြောက်ပိုင်းနားမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ သေနတ်သမား အပါအဝင် အနည်းဆုံး ၃ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။