Connect with us

Hi, what are you looking for?

သတင်း

ပဲခူးတွင် G-7ကျောင်းသား ပြန်ပေးဆွဲသတ်ဖြတ်သူများမှာ မူးယစ်ဆေးစွဲနေသူများဖြစ်၊ သုံးဦးဖမ်းမိထား

ပဲခူးမြို့တွင် (၁၄)နှစ်အရွယ် Grade-7ကျောင်းသားအား ပြန်ပေးဆွဲသတ်ဖြတ်ခဲ့သူများသည် မူးယစ်ဆေးစွဲနေသူများဖြစ်ပြီး သံသယရှိသူသုံးဦးကို စစ်ကောင်စီ၏ ရဲများက ဖမ်းမိထားသည်။

(၁၄)နှစ်အရွယ် Grade-7ကျောင်းသားသေဆုံးမှုအပေါ် စာသင်ကျောင်းက အမိန့်ပြန်ဖတ်ကြားနေစဉ်။ ဓာတ်ပုံ − Facebook screengrab

မေ ၂၃၊၂၀၂၅။မိထက်/People’s Spring

ပဲခူးမြို့တွင် (၁၄)နှစ်အရွယ် Grade-7ကျောင်းသားအား ပြန်ပေးဆွဲသတ်ဖြတ်ခဲ့သူများသည် မူးယစ်ဆေးစွဲနေသူများဖြစ်ပြီး သံသယရှိသူသုံးဦးကို စစ်ကောင်စီ၏ ရဲများက ဖမ်းမိထား သည်။

ပဲခူးမြို့၊မဇင်းရပ်ကွက်၊မဟာစေတီ (၃)လမ်းမှ Grade-7ကျောင်းသားမောင်သက်နိုင်မင်းသည် မေလ ၂၀ရက် ညနေ ၅နာရီခန့်က ပျောက်ဆုံးသွားခဲ့ပြီး ၎င်း၏ရုပ်အလောင်းကို မေလ ၂၂ရက်တွင် ပြန်တွေ့ခဲ့ခြင်းဖြစ်သည်။

ခြေထောက်နှင့်လက်ကို လက်ပြန်ကြိုးတုပ်၍ ဦးခေါင်းအဝတ်အုပ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခံရခြင်းဖြစ်ပြီး ကျူးလွန်သူများသည် မူးယစ်ဆေးစွဲနေသူများဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

” ဆေးကြောင်ပြီးလျှောက်လုပ်တာ။ သတ်ထားတာ ရက်စက်တယ်။ ကလေးကိုဖမ်းခေါ်သွားပြီး ငွေငါးသိန်းတောင်းတာလည်း မှန်တယ်။ ပေး၊မပေးတော့မသိရဘူး။ သတ်တာလည်းဆေးကြောင်ပြီးသတ်ပစ်တာ”ဟု မဇင်းရပ်ကွက်ဒေသခံတစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဲခူးမြို့ပေါ်တွင် မူးယစ်ဆေးအလွယ်တကူဝယ်ရရှိနိုင်ပြီး လူငယ်များကြားတွင် မူးယစ်ဆေးသုံးစွဲမှုအလွန်များပြားနေပြီဟု အဆိုပါမြို့ခံအချို့က ပြောသည်။

မောင်သက်နိုင်မင်းသည် Grade-7တက်မည့်ကျောင်းသားတစ်ဦး ဖြစ်သည်။ ၎င်းအား ကျောင်းနှင့်မသက်ဆိုင်တော့ကြောင်း ကျောင်းဘက်က ယနေ့အမိန့်စာ ပြန်ခဲ့သည်။

“ကလေးနာရေးက တစ်မျိုး။ ကျောင်းကဆရာမကပါ အမိန့်လာပြန်တယ်ဗျာ။ ကျောင်းဖွင့်ချိန်ဖြစ်တာလည်းမဟုတ်ဘူး”ဟု ဇင်းရပ်ကွက်ဒေသခံက ပြောသည်။

အဆိုပါအမှုကို ပဲခူးမြို့အမှတ်(၂)ရဲစခန်းက စစ်ဆေးနေပြီး အမျိုးသားသုံးဦးကို ဖမ်းဆီးထားသည်။

စစ်ကောင်စီထိန်းချုပ်ထားဆဲမြို့နယ်များတွင် ဓားပြမှု၊ ပြန်ပေးဆွဲမှု၊လုယက်သတ်ဖြတ်မှုများ ပိုဖြစ်နေပြီး ပြီးခဲ့သည့် ဧပြီနှင့် ယခုမေလအတွင်းမှာပင် မူဆယ်၊ မန္တလေး၊ရန်ကုန်၊ဖျာပုံမြို့တို့၌ ပြန်ပေးဆွဲ လူသတ်မှု ၅မှုထက်မနည်းဖြစ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

​စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အမှတ် (၃) အခြေခံ ပညာအထက်တန်းကျောင်း (အထက ၃)မှာ ဆရာမတွေခိုင်းလို့ ကျောင်းတံခါးသွားပိတ်တဲ့ (၉) တန်းကျောင်းသား သံတံခါး​ပိမိလို့ ပြင်းထန်ဒဏ်ရာရပြီး ဆေးရုံမှာ အရေးပေါ်​ဆေးကုသမှု ခံယူနေရပါတယ်။

သတင်း

မန္တလေး၊အမရပူရမြို့နယ်၊ ယဉ်တော်စံရွာရှိအခြေခံပညာမူလွန်ကျောင်း ရှေ့မှာမနေ့( ဇွန်လ ၂၃ ရက်)ကကျောင်းသားအချင်းချင်းစကားများရန်ဖြစ်ရာကဓားထိုးမှုဖြစ်ပြီး ကျောင်းသားတစ်ဦးသေဆုံးသွားတယ်လို့ လူမူကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ ဇွန်လ ၈ရက်က ပျောက်ဆုံးသွားတဲ့ (၁၃)နှစ်အရွယ် ၆တန်းကျောင်းသားလေးဟာ အသတ်ခံထားရပြီး ရေကန်ထဲမှာ စွန့်ပစ်ထားတဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။