Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ကာလတလျှောက် သုံ့ပန်းအများဆုံး လဲလှယ်မှုကို ရုရှားနဲ့ ယူကရိန်း စတင်လုပ်ဆောင်

စစ်ပွဲ တလျှောက်လုံးမှာ အတိုင်းအတာ ပမာဏ အကျယ်ပြန့်ဆုံး သုံ့ပန်းလဲလှယ်မှု အစီအစဉ်ကို ရုရှားနဲ့ ယူကရိန်းတို့ကြားမှာ စတင် အကောင်အထည် ဖော်နေပြီ ဖြစ်ပါတယ်။

Reuters

စစ်ပွဲ တလျှောက်လုံးမှာ အတိုင်းအတာ ပမာဏ အကျယ်ပြန့်ဆုံး သုံ့ပန်းလဲလှယ်မှု အစီအစဉ်ကို ရုရှားနဲ့ ယူကရိန်းတို့ကြားမှာ စတင် အကောင်အထည် ဖော်နေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက တူရကီမှာ နှစ်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့တွေ တွေ့ဆုံခဲ့ကြချိန်တုန်းက အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု မရခဲ့ပေမယ့် တစ်ဖက်ကို သုံ့ပန်း ၁၀၀၀ လောက်စီ အပြန်အလှန် လွှတ်ပေးဖို့ကိုတော့ ညှိနှိုင်းနိုင်ခဲ့ပါတယ်။ မေလ ၂၃ ရက်နေ့မှာတော့ နှစ်ဖက် အစိုးရတွေဟာ စုစုပေါင်း စစ်သုံ့ပန်း ၈၀၀ နီးပါးလောက်ကို အပြန်အလှန် လွှတ်ပေးခဲ့ကြပါတယ်။

ဒါဟာ သုံးနှစ်ကျော် ကြာမြင့်လာပြီဖြစ်တဲ့ စစ်ပွဲတလျှောက်မှာ နှစ်ဖက် သုံ့ပန်းလဲလှယ်မှု အများဆုံး အရေအတွက်လည်း ဖြစ်လာပါတယ်။ ပြီးတော့ သုံ့ပန်းတွေ လဲကြတဲ့ ကိစ္စဟာ နောက်ထပ် ရက်ပိုင်းလောက် ကြာတဲ့ထိ ဆက်ပြီး လုပ်ဆောင်ဖြစ်နေမယ်လို့ ယူဆရပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရုရှားသုံ့ပန်း ၃၉၀ လောက်ကို လွှတ်ပေးခဲ့တယ်လို့ အတည်ပြုခဲ့ပြီး မေလ ၂၄ နဲ့ ၂၅ ရက်နေ့တွေမှာလည်း နောက်ထပ် သုံ့ပန်းတွေ အသုတ်လိုက် ထပ်ပြီး လဲဖြစ်ကြဖွယ် ရှိတယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားလက်ထဲမှာ ဖမ်းဆီးခံထားရသူတွေကို အိမ်ပြန်ခေါ်ဖို့ သိပ်အရေးကြီးတယ်လို့ ဇီလန်စကီးက ဆိုပါတယ်။ ယူကရိန်း မီဒီယာတွေက လွတ်မြောက်လာသူတွေက မိသားစုနဲ့ တွေ့ဆုံပြီး ပျော်ရွှင်နေကြတဲ့ ဗီဒီယိုတွေကို ထုတ်လွှင့် ပြသခဲ့ပါတယ်။

ရုရှားနဲ့ ယူကရိန်းတို့ဟာ စစ်သုံ့ပန်းတွေကို အောင်အောင်မြင်မြင် လဲလှယ်နေပေမယ့် နှစ်ဖက်ကြား တိုက်ခိုက်မှုတွေ ရပ်ဆိုင်းသွားမယ့် အလားအလာတော့ မတွေ့ရသေးပါဘူး။

စစ်သုံ့ပန်း လဲလှယ်မှုတွေကို ယူကရိန်း-ဘီလားရုစ် နယ်စပ်နဲ့ ယူကရိန်း-ရုရှား နယ်စပ်တွေမှာ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ယူကရိန်း-ရုရှား နယ်စပ်မှာ ရုရှားဖက်က ယူကရိန်း သုံ့ပန်းတွေကို လွှတ်ပေးခဲ့ပြီး ယူကရိန်း ဖမ်းဆီးထားတဲ့ ရုရှားသုံ့ပန်းတွေကိုတော့ ဘီလားရုစ် အာဏာပိုင်တွေဆီ လွှဲပေးခဲ့တာပါ။ အဲဒီကမှတဆင့် သူတို့ကို ရုရှားဆီ ပြန်လည် ပို့ဆောင်သွားမှာပါ။

ရုရှားတပ်တွေ လက်ထဲမှာ ဖမ်းဆီးခံထားရသူ ယူကရိန်း စစ်မှုထမ်း အရေအတွက် ၁၀၀၀ လောက် ရှိမယ်လို့ ယုံကြည်ရပါတယ်။ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ ကြုံဖူးသမျှ သွေးချောင်းအစီးဆုံး စစ်ရေးပဋိပက္ခအတွင်း နှစ်ဖက် ထိခိုက်သေကြေမှု စာရင်းတွေကို မထုတ်ပြန်ပေမယ့် နှစ်ဖက်စလုံးမှာ အသေအပျောက်နဲ့ ဒဏ်ရာရသူ ဦးရေ သိန်းနဲ့ချီ ရှိနိုင်ကြောင်းလည်း သိရပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။