Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပူတင်ရဲ့ ရဟတ်ယာဉ်ကို ယူကရိန်း ဒရုန်းက တိုက်ခိုက်ဖို့ ကြိုးစားခဲ့တယ်လို့ဆို

ယူကရိန်းဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ ရဟတ်ယာဉ်ကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ ကြိုးစားခဲ့ကြောင်း ရုရှား စစ်ဘက် ထိပ်တန်း အရာရှိ တစ်ဦးက စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

ယူကရိန်းဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ ရဟတ်ယာဉ်ကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ ကြိုးစားခဲ့ကြောင်း ရုရှား စစ်ဘက် ထိပ်တန်း အရာရှိ တစ်ဦးက စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

ရုရှား လေကြောင်းကာကွယ်ရေး တပ်ဖွဲ့ရဲ့ အကြီးအကဲ ယူရီ ဒက်ရှ်ကင်က သမ္မတ ပူတင်ရဲ့ ရဟတ်ယာဉ်ဟာ ကာ့စ်ခ်ဒေသထဲမှာ ပျံသန်းနေတဲ့အချိန် ယူကရိန်း ဒရုန်းတစ်စီးရဲ့ ပစ်မှတ် ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ သူက ယူကရိန်းဟာ ပူတင်ကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖို့ အားထုတ်ခဲ့တာလို့ ယုံကြည်ရကြောင်းလည်း ပြောပါတယ်။

မေလ ၂၀ ရက်နေ့က ပူတင်ဟာ ယူကရိန်းနဲ့ နယ်စပ်မှာရှိတဲ့ ကာ့စ်ခ်ဒေသကို ရောက်ရှိနေခဲ့ပြီး ယူကရိန်း ဒရုန်းတစ်စီးက ပူတင်ရဲ့ ရဟတ်ယာဉ်ဆီ တည့်တည့်ကြီး ပျံသန်းခဲ့တာလို့ ဒက်ရှ်ကင်က ဆိုပါတယ်။ ဒါပေမဲ့ အဲဒီဒရုန်းကို ရုရှား လေကြောင်း ကာကွယ်ရေး တပ်ဖွဲ့က ပစ်ချနိုင်ခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။ ယူကရိန်းဟာ မေလ ၂၀ ကနေ ၂၂ ရက်နေ့အတွင်း ရုရှားပိုင်နက်ထဲ ဒရုန်းတွေ အလုံးအရင်း စေလွှတ်ပြီး တိုက်ခိုက်ခဲ့ကြောင်း၊ ရုရှားဟာ ဒရုန်းအစီးရေ ၁၁၇၀ လောက်ကို ကြားဖြတ် ပစ်ချခဲ့ရကြောင်းလည်း သူက ရုရှားသတင်းဌာန RBCကို မှတ်ချက်ပေးသွားခဲ့ပါတယ်။

သမ္မတရဲ့ ရဟတ်ယာဉ်ကို ယူကရိန်း ဒရုန်းတစ်စီးက တိုက်ရိုက် ပစ်မှတ်ထားခဲ့တာဟာ လုံးဝ မျှော်လင့်မထားတဲ့ တိုက်ခိုက်မှု တစ်ခုလို့ ဒက်ရှ်ကင်က ပြောပါတယ်။ သမ္မတ စီးနင်းလိုက်ပါလာတဲ့ ရဟတ်ယာဉ် ပျံသန်းရာ လမ်းကြောင်းမှာ ရန်သူ့ တိုက်ခိုက်မှုတွေ အရှိန်မြင့်လာခဲ့တဲ့အတွက် လိုအပ်တဲ့ တုံ့ပြန်မှုတွေကို ကိုင်တွယ် ဆောင်ရွက်ခဲ့ပြီး ရဟတ်ယာဉ် ဘေးကင်းရေးအတွက် လုပ်ဆောင်ခဲ့တယ်လို့ သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ရဟတ်ယာဉ်ဟာ ဒရုန်းတိုက်ခိုက်မှုတွေရဲ့ ဗဟိုချက်မျိုး ဖြစ်ခဲ့ပြီး ဒရုန်းတစ်စီးက ခပ်မြန်မြန် ချဉ်းကပ်လာတာကို ထောက်လှမ်း တွေ့ရှိခဲ့တဲ့နောက် ရုရှား လေကြောင်း ကာကွယ်ရေး တပ်တွေက အချိန်မဆိုင်းဘဲ ပစ်ချခဲ့တာလို့ ပြောကြားသွားပါတယ်။

ပူတင်ဟာ မတ်လနောက်ပိုင်း ကာ့စ်ခ်ဒေသကို ပထမဆုံးအကြိမ် ပြန်လည် သွားရောက်ခဲ့တာပါ။ အဲဒီဒေသဟာ ယူကရိန်းတပ်တွေ ထိုးဖောက်ဝင်ရောက်ပြီး မြို့ရွာတချို့ကို သိမ်းယူတဲ့ အခြေအနေနဲ့ ကြုံခဲ့ရဖူးပေမယ့် အခုတော့ ရုရှားက အပြည့်အဝ ပြန်လည် ထိန်းချုပ်ထားပါပြီ။

ယူကရိန်း ဒရုန်းက ခြိမ်းခြောက်ခဲ့ပေမယ့် သမ္မတရဲ့ ရဟတ်ယာဉ်ဟာ ဘာပြဿနာမှ မရှိဘဲ မူလ စီစဉ်ထားတဲ့အတိုင်း ချောချောမောမော ဆက်လက် ပျံသန်းသွားနိုင်ခဲ့တယ်လို့ ဒက်ရှ်ကင်က ဆိုပါတယ်။

လတ်တလောမှာတော့ ရုရှားဟာ ယူကရိန်း ဒရုန်းတွေက ပူတင်ရဲ့ ရဟတ်ယာဉ်ကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခဲ့တာလား၊ ပူတင်ကို လုပ်ကြံဖို့ အားထုတ်ခဲ့တာလားဆိုတဲ့ မေးခွန်းတွေကို တိတိကျကျ အဖြေထုတ်နိုင်ဖို့ စုံစမ်းမှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

ကိုးကား: NDTV

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂရိနိုင်ငံမှာ တောမီးတွေကို ငြှိမ်းသတ်ဖို့ ကြိုးစားနေတဲ့ လုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့ မီးသတ် ရဟတ်ယာဉ် ၂ စီး လေထဲမှာ တိုက်မိရာက ၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

နိုင်ငံပိုင်နက်ထဲ ဒုံးကျည် ကျရောက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုရှား သံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံး အာရုံစိုက်ရတဲ့ သတင်းတစ်ပုဒ်ဖြစ်တဲ့ ရုရှားမောင်နှမ ပျောက်ဆုံးမှုဟာ လူသတ်မှုအဖြစ် အတည်ပြု ထွက်ပေါ်လာပါတယ်။