Connect with us

Hi, what are you looking for?

ဆောင်းပါး

မန္တ​လေးမှာ ငလျင်နှစ်လပြည့်​ပေမယ့်…

နှစ်လကြာတဲ့တိုင် ပြိုကျအ​ဆောက်အအုံရှင်းလင်း​ရေး​​လုပ်တာ ၊အ​လောင်း​တွေထုတ်တာမပြီး​သေးပဲစစ်​ကောင်စီဆီကအကူအညီအများစုမရကြ​​

Scorpio/People’s Spring

စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့တာ မနက်ဖြန် မေလ(၂၈)ရက်နေ့ဆို နှစ်လတင်းတင်း ပြည့်ပါပြီ။ နှစ်လအကြာမှာကော မန္တလေးက ဘာတွေများ ပြောင်းလဲသွားပါပြီလဲ။

●အပြိုအပျက်တွေ ရှင်းနေရဆဲ

စက်ယန္တရားမလုံလောက်မှု၊ ငွေကြေးအခက်အခဲရှိမှုတွေကြောင့် ငလျင်ကြောင့် ပြိုကျသွားတဲ့ အဆောက်အဦးတွေဟာ နှစ်လပြည့်သည်အထိ ရှင်းလင်းနေရတုန်းပါ။ အိမ်တလုံးဖြိုချ ရှင်းလင်းမယ်ဆိုရင်ကျပ်သိန်းရာဂဏန်းအထိ ကုန်ကျမှာဖြစ်တဲ့အတွက် အိမ်ပြိုမိသားစုတွေဟာ အတော်အကျပ်ရိုက်နေကြပါတယ်။ “ပြန်ဆောက်ဖို့မပြောနဲ့ ဒီအပြိုတွေရှင်းဖို့ကို တစ်ရာကျော်လောက်ကုန်မှာမို့ မနည်းရှာနေရတယ်။”လို့ မန္တလေးမြို့ပေါ်က အိမ်ပြိုတဲ့အမျိုးသားတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

●ရုပ်အလောင်းများ နှစ်လကြာတဲ့အထိ ထုတ်လို့မပြီးသေး

ငလျင်ကြီးလှုပ်ခတ်ခဲ့တာ နှစ်လပြည့်ခဲ့ပေမဲ့ ဒီကနေ့ မေလ(၂၇)ရက်နေ့အထိကို ရုပ်အလောင်းတွေ ထုတ်ယူလို့ မပြီးသေးပါဘူး။ ဒီကနေ့ မနက်ပိုင်းကတင် Sky Villa အဆောက်အဦး (B) အောက်က အမျိုးသမီး ရုပ်အလောင်း (၃)လောင်း ထုတ်ယူခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကနေ ထုတ်ပြန်ထားပါတယ်။

●နောက်ဆက်တွဲငလျင်တွေနဲ့ မိုးရွာမှုတွေကြောင့် ကြောက်နေရ

နောက်ဆက်တွဲငလျင်ငယ်တွေဟာ အနည်းငယ်ပြင်းတာတွေလည်း လာနေသေးတာကြောင့် မန္တလေးမြို့ခံတွေ စိုးရိမ်နေကြပါတယ်။ ဒါ့အပြင် နောက်ဆက်တွဲငလျင်နဲ့ မိုးရွာသွန်းမှုတွေကြောင့် အိမ်ပြို၊ သစ်ပင်ပြိုတာတွေရှိပြီး လူသေဆုံးမှုတွေပါ ရှိနေတာကြောင့် မန္တလေးမြို့ခံတွေဟာ စိုးရိမ်မှုတွေနဲ့ ဖြတ်သန်းနေရပါတယ်။

●စစ်ကောင်စီဆီက အလှူငွေ အများစုမရသေး

ပုဂ္ဂလိက လာလှူတာတွေဆီကသာ အလှူငွေတွေရပေမဲ့ စစ်ကောင်စီက အလှူငွေတော့ မရသေးဘူးလို့ မန္တလေးက အိမ်ပြိုသူတွေက ပြောပါတယ်။ စစ်ကောင်စီဟာ နိုင်ငံတကာက လှူဒါန်းငွေတွေ အများအပြား ရရှိထားပေမဲ့ သူ့ကိုထောက်ခံပြီး စစ်အုပ်စုဝင်အများအပြားနေထိုင်တဲ့ နေပြည်တော်၊ မိတ္ထီလာတို့လောက်သာ ဦးစားပေး လှုပေးနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

●စစ်ဆေးရေးတွေ ပြန်တင်းကြပ်လာတဲ့ စစ်ကောင်စီ

ငလျင်လှုပ်စဥ်က ခေတ္တရပ်သွားတဲ့ စစ်ကောင်စီရဲ့ စစ်ဆေးမှုတွေဟာ ငလျင်နှစ်လပြည့်မတိုင်ခင် မေလလယ်ထဲကစလို့ ပြန်လည်တင်းကြပ်လာခဲ့ပါတယ်။ စစ်ကောင်စီတပ်၊ ရဲနဲ့ ယာဥ်ထိန်းရဲတွေပါဝင်တဲ့ အဖွဲ့စုံစစ်ဆေးရေးအဖွဲ့တွေဟာ မန္တလေးမြို့တွင်းမှာ လေးဘက်လေးလံပိတ်ဆို့ပြီး ဆိုင်ကယ်သမားတွေကို ယာဥ်မောင်းလိုင်စင်အပါအဝင် စစ်ဆေးနေတယ်၊ ခြိမ်းခြောက်ငွေညှစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။