Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို ILO၏ ပုဒ်မ(၃၃)အရ အရေးယူနိုင်ရေး ဖားကန့်ပြည်သူများ တောင်းဆိုဆန္ဒပြ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာမခံကျေးရွာရှိ လေယာဉ်ဗုံးဒဏ်ထိထားသော အဆောက်အဦိအပျက်အစီးများကြားတွင် မှော်လှည့်သပိတ်နှင့် တာမခံသပိတ်အင်အားစုတို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ILO၏ ပုဒ်မ(၃၃)အရ အရေးယူနိုင်ရေး နိုင်ငံတကာက ထောက်ခံမဲပေးကြရန် ယနေ့ (မေလ ၂၇) တောင်းဆို ဆန္ဒပြခဲ့သည်။

မေ ၂၇၊၂၀၂၅။ သုည/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာမခံကျေးရွာရှိ လေယာဉ်ဗုံးဒဏ်ထိထားသော အဆောက်အဦိအပျက်အစီးများကြားတွင် မှော်လှည့်သပိတ်နှင့် တာမခံသပိတ်အင်အားစုတို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ILO၏ ပုဒ်မ(၃၃)အရ အရေးယူနိုင်ရေး နိုင်ငံတကာက ထောက်ခံမဲပေးကြရန် ယနေ့ (မေလ ၂၇) တောင်းဆို ဆန္ဒပြခဲ့သည်။

မြန်မာပြည်သူများအား နေ့စဉ် လေယာဉ်ဖြင့်ဗုံးကြဲတိုက််ခိုက်ခြင်းများ ရပ်တန့်ရန်၊ စစ်ကောင်စီကို လက်နက်များ မဝယ်နိုင်ရန် ငွေကြေးစီးဆင်းမှုများ ဖြတ်တောက်ရန်၊ အလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးရန်၊ အဓမ္မစစ်မှုထမ်းခိုင်းစေခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ကလေးစစ်သားအသုံးပြုမှု ရပ်တန့်ရန်၊ အပြစ်မဲ့ပြည်သူများ၊ ကလေးငယ်များနှင့် အမျိုးသမီးများ၏ အသက်များစွာ နေ့စဉ် ရက်စက်စွာ သတ်ဖြတ်မှုများကို ရပ်တန့်နိုင်ရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဖားကန့်သပိတ်အင်အားစုက ဆိုသည်။

ILO၏ ပုဒ်မ(၃၃)အရ စစ်ကောင်စီကို အရေးယူနိုင်ရေး နိုင်ငံတကာအနေဖြင့် မြန်မာပြည်သူများနှင့်ရပ်တည်ကာ ထောက်ခံမဲပေးကြရန်အတွက် မေလ ၁၉ ရက်ကလည်း ဖားကန့်မြို့နယ်အတွင်း သပိတ်အင်အားစုများက လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ပြီး တစ်လအတွင်း ဒုတိယအကြိမ် သပိတ်လှုပ်ရှားမှု ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ -စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုကွန်ရက်-ဖားကန့်မြို့နယ်

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒီကနေ့ အောက်တိုဘာ ၂၂ရက် နေ့လယ်က စစ်တပ်ပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး အရပ်သား ၄ဦး ဒဏ်ရာရရှိသွားပါတယ်။

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။