Connect with us

Hi, what are you looking for?

သတင်း

သိန်း သုံးသောင်းခွဲကျော်အထိရှာနိုင်ခဲ့တဲ့ ဖြူဖြူကျော်သိန်းရဲ့တစ်ကိုယ်တော်ပွဲများ

မြေပြင်အတွက် ပံ့ပိုးနိုင်ဖို့ ရည်ရွယ်ပြုလုပ်တဲ့ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲ ငါးပွဲကနေ ရန်ပုံငွေ သိန်း သုံးသောင်းခွဲကျော်ရရှိခဲ့ပါတယ်။

ဓာတ်ပုံ - Phyu Phyu In Japan Te‌am

မေ-၃၁၊၂၀၂၅။ဆဏ်း/People’s Spring

မြေပြင်အတွက် ပံ့ပိုးနိုင်ဖို့ ရည်ရွယ်ပြုလုပ်တဲ့ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲ ငါးပွဲကနေ ရန်ပုံငွေ သိန်း သုံးသောင်းခွဲကျော်ရရှိခဲ့ပါတယ်။

ဖြူဖြူကျော်သိန်းရဲ့ တစ်ကိုယ်တော်ပွဲတွေကို လန်ဒန်၊ ကိုရီးယား၊ ဩစတေးလျ နဲ့ ဂျပန်နိုင်ငံတို့မှာ ပြုလုပ်ခဲ့တာပါ။

ဒီဖျော်ဖြေပွဲတွေထဲမှာ မေ ၂၅ ရက်က ဂျပန်နိုင်ငံမှာပြုလုပ်ခဲ့တဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကနေ ယန်း သန်း ၇၀ ကျော် ( မြန်မာငွေကျပ် သိန်း နှစ်သောင်းခန့်) ရရှိခဲ့တယ်လို့ Phyu Phyu in Japan က အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီပွဲက လာရောက်ကြည့်ရှုသူ ခုနစ်ထောင်ကျော်ရှိခဲ့တာဖြစ်ပြီး သူမရဲ့ပွဲတွေထဲမှာ ရန်ပုံငွေ အများဆုံးရရှိခဲ့တဲ့ပွဲပါ။

ဧပြီလက ဩစတေးလျနိုင်ငံ ဆစ်ဒနီ နဲ့ မဲလ်ဘုန်းမှာ ပြုလုပ်တဲ့ ဖျော်ဖြေပွဲနှစ်ပွဲမှာတော့ ဩစတေးလျ ဒေါ်လာ သုံးသိန်းကျော် ( မြန်မာငွေကျပ်သိန်း ၈၄၀၀ခန့်)ရရှိခဲ့ပြီးမတ်လက ကိုရီးယားနိုင်ငံမှာပြုလုပ်တဲ့ ပွဲမှာတော့ ကိုရီးယားဝမ် သိန်း နှစ်ထောင့်သုံးရာခန့် (မြန်မာငွေကျပ် သိန်း ၆၈၀၀ ခန့်) ရရှိခဲ့တယ်လို့ သက်ဆိုင်ရာအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

ပထမဆုံးပွဲအနေနဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂ ရက်က ပြုလုပ်တဲ့ Phyu Phyu in London ပွဲက ရရှိတဲ့ ရန်ပုံငွေကို ထုတ်ပြန်ထားခြင်းမရှိပေမယ့် ပြီးခဲ့တဲ့ ငလျင်အတွက် ဒီပွဲကရရှိတဲ့ ငွေထဲကနေ သိန်းတစ်ထောင် လှူဒါန်းခဲ့တယ်လို့ ဖျော်ဖြေပွဲကျင်းပ‌တဲ့ Myanmar Event in UK က အသိပေးထားပါတယ်။

ဒါကြောင့် ဖြူဖြူကျော်သိန်းရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲတွေက မြန်မာငွေကျပ်သိန်းပေါင်း သုံးသောင်းခွဲကျော်ရရှိခဲ့တယ်လို့ အကြမ်းဖျဉ်းတွက်ချက်လို့ရပါတယ်။

ဒီပွဲတွေကို ဖြူဖြူကျော်သိန်းက အနုပညာကြေးမယူပဲ မေတ္တာနဲ့သွားရောက်ဖျော်ဖြေပေးခဲ့တာဖြစ်ပြီး လတ်တလောမှာတော့သူမရဲ့ ကျန်းမာရေး အခြေအနေအရ ဖျော်ဖြေပွဲ ပြုလုပ်မှုကို ခေတ္တရပ်နားထားမယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အဆိုတော်ဖြူဖြူ‌ကျော်သိန်းက ဗီဇာမရတာကြောင့် နယူး‌ယောက်မှာ ပြုလုပ်မယ့်ပွဲကို မလာနိုင်ပေမယ့် အွန်လိုင်းက ဖျော်ဖြေဖို့ စီစဉ်နေတယ်လို့ NYCBC က အသိပေးထားပါတယ်။

သတင်း

မြန်မာပြည်မှာ‌မွေးဖွားပြီး မြန်မာနိုင်ငံသားဖြစ်ခဲ့တဲ့အ‌ ကြောင်း ပြချက်နဲ့ အမေရိကန်နိုင်ငံကို ဝင်ရောက်ဖို့ ဗီဇာမရတာ‌ကြောင့် နယူးယောက်မြို့မှာ Rဇာနည်နဲ့ စုံတွဲ ဖျော်ဖြေမယ့်ပွဲကို ဖြူဖြူကျော်သိန်း မပါဝင်နိုင်တော့ကြောင်း ပွဲစီစဉ်တဲ့ NYCBC က အသိပေးထားပါတယ်။

သတင်း

အနုပညာသက်တမ်း ၂၃ နှစ်ပြည့်မှာ ကိုယ်တိုင်ရေးသားထားတဲ့ ကိုယ်ပိုင်သံစဉ် သီချင်း ၁၁ ပုဒ်ပါဝင်မယ့် တစ်ကိုယ်တော်ခွေသစ်ဖြန့်ချိမယ်လို့ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းက ပြောပါတယ်။

သတင်း

UFC ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်နဲ့ အဆိုတော် ဖြူဖြူကျော်သိန်းတို့ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ပရိသတ်တွေ့ဆုံပွဲ (Meet & Greet) အစီအစဉ်ကို ဒီကနေ့ (မေလ ၂၅) ပြုလုပ်ခဲ့ပါတယ်။

Facebook