Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ဘဏ်အကောင့်ပိတ်ခံထားရသူတွေကို စစ်​ကောင်စီက ပြန်လိုက်ဖမ်း​နေ

မန္တလေးမှာ စစ်ကောင်စီတပ်သားတွေကိုတွေ့ရစဉ် (ပုံဟောင်း) ဓာတ်ပုံ − ရိုက်တာ
မန္တလေးမှာ စစ်ကောင်စီတပ်သားတွေကိုတွေ့ရစဉ် (ပုံဟောင်း) ဓာတ်ပုံ − ရိုက်တာ

ဇွန်-၂၊၂၀၂၅။People’s Spring

မန္တလေးမြို့မှာယခင်က ဘဏ်အကောင့်ပိတ်ခံထားရတဲ့ သူတွေကိုစစ်​ကောင်စီကပြန်လည်ဖမ်းဆီးနေပြီး မန္တလေးမှာကားအရောင်းအဝယ်ပြုလုပ်သူ အမျိုးသားနှစ်ဦးလည်း ဖမ်းဆီးခံထားရတယ်လို့ နီးစပ်သူ တွေဆီကသိရပါတယ်။

အာဏာသိမ်းပြီး နောက်ပိုင်းဘဏ်အကောင့်ပိတ်ခံထားရသူ တွေကို ပြီးခဲ့တဲ့ မေလ လောက်ကစပြီး အမှု အဟောင်းတွေနဲ့ လိုက်လံဖမ်းဆီး နေတာလို့ သိရပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း အွန်လိုင်း​ငွေ​ပေး​ချေမှု Pay ကတဆင့် ငွေအဝင်အထွက်များပြီးစစ်​ကောင်စီ သံသယရှိတဲ့သူတွေရဲ့ ဘဏ်အကောင့်တွေကိုပိတ်ခဲ့ပြီး ယခုအခါအဲဒီလူတွေကိုလိုက်လံဖမ်းဆီး နေတာလို့သိရပါတယ်။အများစုံဟာ KBZ Pay အသုံးပြုသူ​တွေဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မေလ နောက်ဆုံးပတ်ထဲမှာမန္တလေးမြို့က ကားအ ရောင်းအဝယ်ပြုလုပ်သူ အသက်၃၀ ကျော်အရွယ် အမျိုးသား၂ဦး ဖမ်းဆီးခံခဲ့ရတာလို့သိရပါတယ်။

“တ‌ယောက်ကတော့အကြမ်းဖက်တိုက်ဖျက်ရေးဥပဒ ၅၀ (ည)နဲ့ အမှုတင်ပြီးသွားပြီတဲ့။ဘယ်လိုမှ လိုက်မရဘူး”လို့ နီးစပ်သူတဦးက ပြောပါတယ်။

အဲဒီအမျိုးသားနှစ်ဦးဟာမိတ်ဆွေတွေဖြစ်ကြပြီး ကားအရောင်းအဝယ်ပြုလုပ်တာကြောင့်ဘဏ်အကောင့် ငွေ အဝင်အထွက်များပြီးတဲ့ နောက်ဘဏ်အကောင့် အပိတ်ခံခဲ့ရတာလို့သိရပါတယ်။

“အခုက ဘဏ်အကောင့်ပိတ်ခံထားရသူ‌​တွေကိုအကုန်လိုက်ဖမ်းနေတာလို့ ပြောတယ်။တ‌ယောက်ဆို အကောင်ကြီးတွေနဲ့လိုက်တာကိုမရတာ”လို့ နီးစပ်သူတဦးကလည်း ပြောပါတယ်။

စစ်တပ်က PSMSနည်းပညာနဲ့ မတ်လကနေ မေလအတွင်းဖမ်းဆီးထားသူမန္တလေးတိုင်းအတွင်းက၁၆၇၅ဦးရှိတယ်လို့ထုတ်ပြန်ထားပြီးအဲဒီဖမ်းဆီးခံရသူတွေ ထဲမှာ ဘဏ်အကောင့်ပိတ်ခံထားရသူ တွေလည်းပါဝင်ပါတယ်။

PSMS Software (Public Sector Management System)ဟာ တရုတ်နည်းပညာကုမ္ပဏီတခုက အကူအညီ ပေးထားပြီး စစ်တပ်ရဲ့ စစ်ဆေးရေး ဂိတ်၊ဟိုတယ်၊တည်းခိုခန်း စတဲ့ မှတ်ပုံတင် စစ်ဆေးတဲ့နေရာ တွေမှာ မှတ်ပုံတင်နံပါတ်ကို ရိုက်ထည့်လိုက်တာနဲ့ကွန်ပျူတာမှာ စစ်ကောင်စီက တပ်ထားတဲ့ ပုဒ်မပေါ်လာတဲ့ ​ဆော့ဝဲ ဖြစ်တယ်လို့ အကြမ်းဖျင်းသိရပါတယ်။

အဲဒီ PSMS ​ဆော့ဝဲကို ပြီးခဲ့တဲ့ဧပြီလက ပြင်ဦးလွင်မြို့မှာ စတင်အသုံးပြုခဲ့ပြီး ငလျင်သွားရှောင်တဲ့မန္တလေးမြို့ခံ အမျိုးသား၃‌‌ဦးနဲ့ အမျိုးသမီး၂ဦး တို့ သင်္ကြန်အတွင်းမှာဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

“၂၀၂၁ကတည်းက ဘဏ်အကောင့်အပိတ်ခံထားရတာ။ကြားထဲဖမ်းဆီးတာ၊နာမည်ထွက်တာ၊ဝရမ်းထုတ်တာတွေလည်းမရှိတော့ ပုဒ်မရှိ နေမှန်းမသိဘူး။ဒီကြားထဲလည်း မန္တလေးနဲ့ပြင်ဦးလွင်ကူးနေတာပဲ။အဲတာ သင်္ကြန်နဲ့ ငလျင်သွားရှောင်တဲ့အချိန်မှာ ဧည့်စာရင်းတိုင်လိုက်တာ။ညပိုင်းဝင်ဖမ်းသွားတာ”လို့ လက်ရှိ အကြမ်းဖက်တိုက်ဖျက်‌​ရေးဥပဒေပုဒ်မ ၅၀(ည)နဲ့ တရားစွဲခံထားရသူတဦးရဲ့ မိသားစုဝင်က ပြောပါတယ်။

ဖမ်းဆီးချိန်မှာ ပုဒ်မတခုကိုသာ ပြောဆိုဖမ်းဆီးခဲ့တာဖြစ်ပြီးပြင်ဦးလွင်ရဲစခန်းကနေတဆင့်မန္တလေးမြို့ သက်ဆိုင်ရာမြို့နယ်ရဲစခန်းကို ပို့ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။