Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် ’၈၀’နှင့်ပတ်သက်သည့်လှုပ်ရှားမှုများ ပြုလုပ်ရန် သားဖြစ်သူ ကိုထိန်လင်း ဖိတ်ခေါ်

ဇွန်လ ၁၉ရက်တွင် ကျရောက်မည့် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ်အနေဖြင့် ၈၀ နှင့်ပတ်သက်သည့် Challenge များပြုလုပ်ရန် သားဖြစ်သူ ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်က ဖိတ်ခေါ်ထားသည်။

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံရှေ့တွင် သားငယ်ဖြစ်သူ ကိုထိန်လင်းအား တွေ့ရစဥ်။ ဓာတ်ပုံ - Kim Aris-Htein Lin/FB

‌ဇွန်-၂၊၂၀၂၅။တေဇ/People’s Spring

ဇွန်လ ၁၉ရက်တွင် ကျရောက်မည့် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ်အနေဖြင့် ၈၀ နှင့်ပတ်သက်သည့် Challenge များပြုလုပ်ရန် သားဖြစ်သူ ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်က ဖိတ်ခေါ်ထားသည်။

“ကျွန်တော်ကတော့ ကီလိုမီတာ ၈၀ ပြေးပါမယ်။ ဒါပေမဲ့ ကျွန်တော့်လိုပဲ ပြေးရမယ်လို့ မဆိုလိုပါဘူး။ ကိုယ့်အတွက် အဓိပ္ပါယ်ရှိတာ တစ်ခုခုလုပ်ဖို့ပဲလိုပါတယ်။ နံပါတ် ၈၀ နဲ့ ဆက်စပ်ပြီး ကိုယ့်ကိုယ်ပိုင် Challenge တွေ သတ်မှတ်နိုင်ပါတယ်” ဟု ၎င်းက အသိပေးထားသည်။

ယင်းလှုပ်ရှားမှုကို ပြုလုပ်ရန်အတွက် ကင်မ်အဲရစ်က လေ့ကျင့်မှုများပြုလုပ်နေပြီး ဇွန်လ ၁၁ရက်မှ ၁၉ရက်အတွင်း ကီလိုမီတာ ၈၀ ပြေးမည်ဖြစ်သည်။

Public Service Announcement

Public Service Announcement

ယင်းလှုပ်ရှားမှုသည် အားကစား Challenge တစ်ခုထပ်ပိုပြီး မိခင်ဖြစ်သူ၏ဘဝ အနစ်နာခံမှုကို ဂုဏ်ပြုခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

“မြန်မာနိုင်ငံမှာ တရားမျှတမှုနဲ့ လွတ်လပ်မှုရဖို့အတွက် အတူတကွ ရပ်တည်မှုတစ်ခုဖြစ်ပါတယ်။ အားလုံး အတူလက်တွဲပြီး အဓိပ္ပါယ်ရှိရှိ ရှေ့ဆက်ကြပါစို့။ မေမေ့အတွက်၊ မြန်မာ့အတွက်အဓိပ္ပာယ်ရှိတဲ့ ဇွန်လကို အတူတူ ဖန်တီးကြမယ်” ဟု ကင်မ်အဲရစ်က တိုက်တွန်းထားသည်။

ကင်မ်အဲရစ်၏ လေ့ကျင့်မှုအစီအစဉ်တွင် တော်လှန်အနုပညာရှင်ခါရာလည်း ပါဝင်ကူညီပေးနေပြီး ခါရာက ဇွန် ၁၁ မှ ၁၉ ရက်အတွက် တစ်ရက်လျှင် ဒိုက်အကြိမ် ၈၀ ပြုလုပ်မည်ဟု ၎င်း၏ ဖေ့စ်ဘွတ်လူမှုကွန်ရက်မှတဆင့် အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒီကနေ့ ယှဉ်ပြိုင်သွားတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ နော်ဝေနဲ့ ဆီနီဂေါအသင်းပွဲစဉ်မှာ ကွင်းအတွင်းသွားရောက်ကြည့်ခဲ့တဲ့ မြန်မာအချို့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

သတင်း

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရလိုက်ပဲ သေဆုံးသွားခဲ့ရတဲ့ တိုက်ချီဒို ခွေးကလေးအတွက် နာကျင်ရတယ်လို့ သားဖြစ်သူကိုထိန်လင်း (ခ) ကင်မ်အဲရစ် က ရင်ဖွင့်ထားပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း နဲ့ ဒီလှုပ်ရှားမှုကို အကြောင်းပြုကာ ပြည်သူတွေကို မတရားဖမ်းဆီးခဲ့တဲ့ စစ်တပ်ရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း People Movement Platform -Myanmar က အသိပေးထားပါတယ်။

ဆောင်းပါး

မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေကို ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ပြီးနောက်ပိုင်း သူမရဲ့ တခြားဘယ်မိသားစုဝင်မှ တိုက်ချီဒိုလောက် နှစ်အကြာကြီး အတူမနေခဲ့ရပါဘူး။ တိုက်ချီဒိုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ၁၁ နှစ်လောက်အတူနေခဲ့ပြီး သူ့အသက် ၁၆ နှစ်အရွယ်မှာ သူ့မိခင်ကြီး ပြန်လည်လွတ်မြောက်လာမယ့်ရက်ကို စောင့်ဆိုင်းရင်း ဒီနေ့ ဇွန်လ ၂၁ ရက် ညဦးပိုင်းမှာ...