Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် ’၈၀’နှင့်ပတ်သက်သည့်လှုပ်ရှားမှုများ ပြုလုပ်ရန် သားဖြစ်သူ ကိုထိန်လင်း ဖိတ်ခေါ်

ဇွန်လ ၁၉ရက်တွင် ကျရောက်မည့် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ်အနေဖြင့် ၈၀ နှင့်ပတ်သက်သည့် Challenge များပြုလုပ်ရန် သားဖြစ်သူ ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်က ဖိတ်ခေါ်ထားသည်။

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံရှေ့တွင် သားငယ်ဖြစ်သူ ကိုထိန်လင်းအား တွေ့ရစဥ်။ ဓာတ်ပုံ - Kim Aris-Htein Lin/FB

‌ဇွန်-၂၊၂၀၂၅။တေဇ/People’s Spring

ဇွန်လ ၁၉ရက်တွင် ကျရောက်မည့် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ်အနေဖြင့် ၈၀ နှင့်ပတ်သက်သည့် Challenge များပြုလုပ်ရန် သားဖြစ်သူ ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်က ဖိတ်ခေါ်ထားသည်။

“ကျွန်တော်ကတော့ ကီလိုမီတာ ၈၀ ပြေးပါမယ်။ ဒါပေမဲ့ ကျွန်တော့်လိုပဲ ပြေးရမယ်လို့ မဆိုလိုပါဘူး။ ကိုယ့်အတွက် အဓိပ္ပါယ်ရှိတာ တစ်ခုခုလုပ်ဖို့ပဲလိုပါတယ်။ နံပါတ် ၈၀ နဲ့ ဆက်စပ်ပြီး ကိုယ့်ကိုယ်ပိုင် Challenge တွေ သတ်မှတ်နိုင်ပါတယ်” ဟု ၎င်းက အသိပေးထားသည်။

ယင်းလှုပ်ရှားမှုကို ပြုလုပ်ရန်အတွက် ကင်မ်အဲရစ်က လေ့ကျင့်မှုများပြုလုပ်နေပြီး ဇွန်လ ၁၁ရက်မှ ၁၉ရက်အတွင်း ကီလိုမီတာ ၈၀ ပြေးမည်ဖြစ်သည်။

Public Service Announcement

Public Service Announcement

ယင်းလှုပ်ရှားမှုသည် အားကစား Challenge တစ်ခုထပ်ပိုပြီး မိခင်ဖြစ်သူ၏ဘဝ အနစ်နာခံမှုကို ဂုဏ်ပြုခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

“မြန်မာနိုင်ငံမှာ တရားမျှတမှုနဲ့ လွတ်လပ်မှုရဖို့အတွက် အတူတကွ ရပ်တည်မှုတစ်ခုဖြစ်ပါတယ်။ အားလုံး အတူလက်တွဲပြီး အဓိပ္ပါယ်ရှိရှိ ရှေ့ဆက်ကြပါစို့။ မေမေ့အတွက်၊ မြန်မာ့အတွက်အဓိပ္ပာယ်ရှိတဲ့ ဇွန်လကို အတူတူ ဖန်တီးကြမယ်” ဟု ကင်မ်အဲရစ်က တိုက်တွန်းထားသည်။

ကင်မ်အဲရစ်၏ လေ့ကျင့်မှုအစီအစဉ်တွင် တော်လှန်အနုပညာရှင်ခါရာလည်း ပါဝင်ကူညီပေးနေပြီး ခါရာက ဇွန် ၁၁ မှ ၁၉ ရက်အတွက် တစ်ရက်လျှင် ဒိုက်အကြိမ် ၈၀ ပြုလုပ်မည်ဟု ၎င်း၏ ဖေ့စ်ဘွတ်လူမှုကွန်ရက်မှတဆင့် အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး Free Her ကမ်ပိန်းနဲ့ တော်လှန်သီတင်းကျွတ် ဆီမီးသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

မိခင်ဖြစ်သူရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်နေပုံ ရပေမယ့် တစ်ဦးတည်း သီးသန့်ခွဲပြီး နေထိုင်နေရပုံ ပေါ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားက ဗြိတိန်အ​ခြေစိုက် The Guardian သတင်းဌာနကို ပြောကြားပါတယ်။

သတင်း

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ ဖုန်းနဲ့ဆက်သွယ်ပြောဆိုခွင့်ရရှိခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဘောထား ထုတ်ပြန်ခဲ့ရာ မိသားစုဝင်တွေ၊ မြန်မာပြည်သူတွေနဲ့ထပ်တူ ဝမ်းမြောက်ကြောင်း ဖော်ပြပြီး ဖြစ်စဉ်တခုလုံးကို အလေးအနက်ထား စောင့် ကြည့်လျက်ရှိဟု ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းချိန်ကတည်းက မတရားဖမ်းဆီးခံထားရတဲ့ မိခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရခဲ့တယ်လို့ သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်က ပြောပါတယ်။