Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယား ရွေးကောက်ပွဲမှာ အတိုက်အခံ ခေါင်းဆောင် အနိုင်ရ

အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ ဖြစ်ရပ်နောက်ပိုင်း ပထမဆုံး ကျင်းပတဲ့ တောင်ကိုရီးယား ရွေးကောက်ပွဲမှာ အများခန့်မှန်းထားတဲ့အတိုင်း အတိုက်အခံ ခေါင်းဆောင် လီဂျေမြောင်က အနိုင်ရသွားခဲ့ပါတယ်။

အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ ဖြစ်ရပ်နောက်ပိုင်း ပထမဆုံး ကျင်းပတဲ့ တောင်ကိုရီးယား ရွေးကောက်ပွဲမှာ အများခန့်မှန်းထားတဲ့အတိုင်း အတိုက်အခံ ခေါင်းဆောင် လီဂျေမြောင်က အနိုင်ရသွားခဲ့ပါတယ်။

ဇွန်လ ၃ ရက်နေ့က ရွေးကောက်ပွဲမှာ မဲအားလုံးရဲ့ ၉၉.၁၁ ရာခိုင်နှုန်း ရေတွက်ပြီးတဲ့အချိန် ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်း လီဂျေမြောင်က ထောက်ခံမဲ ၄၉.၃၁ ရာခိုင်နှုန်း ရရှိခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိ အာဏာရ ပြည်သူ့စွမ်းအားပါတီ (PPP) ကိုယ်စားပြု ယှဉ်ပြိုင်သူ ကင်မ်မွန်ဆူကတော့ ၄၁.၃ ရာခိုင်နှုန်းသာ မဲရထားခဲ့ပြီး ပြုပြင်ပြောင်းလဲမှုသစ် ပါတီရဲ့ လီဂျန်ဆူကတော့ ၈.၂၉ ရာခိုင်နှုန်း ရခဲ့တယ်လို့ သိရပါတယ်။

တောင်ကိုရီးယားမှာ သမ္မတဟောင်း ယွန်ဆွတ်ယော လက်ထက်က ရုတ်တရက် အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့တဲ့ ဖြစ်ရပ်နောက်ပိုင်း ၆ လတိတိ အကြာမှာ အခုရွေးကောက်ပွဲကို ကျင်းပခဲ့တာပါ။ အဲဒီတုန်းက လွှတ်တော်ရဲ့ မဲခွဲ ဆုံးဖြတ်မှုနဲ့အတူ သမ္မတရဲ့ စစ်အုပ်ချုပ်ရေး ကြေညာမှုကို ၆ နာရီကျော် အကြာမှာပဲ ပယ်ဖျက်နိုင်ခဲ့သလို ယွန်းကိုယ်တိုင်လည်း ဒီကိစ္စကို အကြောင်းပြုပြီး ရာထူးကနေ ထုတ်ပယ် ခံခဲ့ရပေမယ့် တောင်ကိုရီးယားမှာတော့ နောက်ဆက်တွဲ နိုင်ငံရေး အရှုပ်အထွေးတွေ အကြီးအကျယ် ကြုံခဲ့ရပါတယ်။

ယွန်ရဲ့ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့မှုကြောင့် PPPအပေါ် လူကြိုက်များမှုက သိသိသာသာ ကျဆင်းခဲ့ပြီး ဒီမိုကရက်တစ်တွေ အောင်ပွဲခံလိမ့်မယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ကြိုတင် ထင်ကြေးပေး ခံထားရပါတယ်။

Public Service Announcement

Public Service Announcement

PPPရဲ့ သမ္မတလောင်း ကင်မ်က ရွေးကောက်ပွဲမှာ သူရှုံးနိမ့်ခဲ့ကြောင်း ဇွန်လ ၃ ရက်နေ့ ညပိုင်းမှာ ဝန်ခံ ကြေညာခဲ့ပြီး အောင်ပွဲဆီ ချီတက်နိုင်ခဲ့တဲ့ လီကို ဂုဏ်ပြုကြောင်း ပြောကြားသွားပါတယ်။

လီက သူဟာ ရွေးကောက်ပွဲမှာ အနိုင်ရနိုင်ခြေ ရှိတယ်လို့ အစောပိုင်း မိန့်ခွန်းမှာ မှတ်ချက်ပေးခဲ့ပေမယ့် သေချာပေါက် အောင်ပွဲခံနိုင်ပြီ ဆိုတာမျိုးတော့ ထည့်မပြောခဲ့ပါဘူး။ သူက နိုင်ငံရဲ့ ဒီမိုကရေစီကို ပြန်လည် နာလန်ထူအောင် ကုစားရေးက ဦးစားပေး ရည်မှန်းချက် ဖြစ်တယ်လို့ ဆိုပါတယ်။

အသက် ၆၁ နှစ်အရွယ် လီဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာတော့ သမ္မတ ဖြစ်လာမယ့် ယွန်ကို အရမ်းကျဉ်းမြောင်းတဲ့ မဲရလဒ်မျိုးနဲ့ ကပ်ပြီး အရေးနိမ့်ခဲ့ပါတယ်။

လေ့လာသူတွေကတော့ ရွေးကောက်ပွဲ ရလဒ်ဟာ လူထုက ယွန်ကို အကြောင်းပြုပြီး PPPကို ဆန့်ကျင်ကြတဲ့ သဘောထားအပေါ် အများကြီး မူတည်ခဲ့တယ်လို့ သုံးသပ်ခဲ့ပါတယ်။ သဘောကတော့ လီရဲ့ မူဝါဒတွေကို ထောက်ခံကြတာ မဟုတ်ဘဲ PPP မနိုင်စေချင်လို့ ဒီမိုကရက်တစ်တွေကို မဲပေးခဲ့သူတွေ အများအပြား ရှိခဲ့တယ် ဆိုတာပါပဲ။

ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီးတဲ့နောက် လီဟာ နိုင်ငံရဲ့ သမ္မတအဖြစ် ၆ နှစ်သက်တမ်း တစ်ကြိမ် တာဝန်ယူခွင့် ရလာမှာလည်း ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်ကိုရီးယားရဲ့ ပထမဆုံး ပြည်တွင်းဖြစ် တိုက်လေယာဉ်ဖြစ်တဲ့ KF-21 Boramaeရဲ့ ပထမဆုံး တစ်စီးကို အောင်အောင်မြင်မြင် ထုတ်လုပ်ပြီး လေတပ်ဆီ လွှဲအပ်ပေးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နျူကလီးယား လက်နက်တွေ ထုတ်လုပ်မှုကို မတားမြစ်ဘူးဆိုရင် နောင်တစ်ချိန် စျေးကွက်ထဲ အဲဒီလက်နက်တွေ ရောင်းချတဲ့ အန္တရာယ်မျိုး ဖြစ်လာနိုင်ကြောင်း တောင်ကိုရီးယား သမ္မတက သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

Facebook