Connect with us

Hi, what are you looking for?

သတင်း

ခွန်ဆာကုန်းပေါက်ကွဲမှု စစ်ကောင်စီလက်နက်ကြီးကြောင့်ဖြစ်ပြီးပြည်သူ ၉ဦး သေဆုံးဟု KIA ပြော

ကချင်ပြည်နယ်ဖားကန့်မြိုနယ်၊ လုံးခင်းဒေသခွန်ဆာကုန်းအ နီးဇွန်လ ၆ရက်ညပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ကလေးငယ်များ အပါအဝင် ပြည်သူ ၉ ဦးထက်မနည်းသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့်ဖြစ်​ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

​ပေါက်ကွဲမှုဖြစ်ပွားပြီး​နောက်မြင်ကွင်း။ဓါတ်ပုံ-​ဒေသခံ

ဇွန်-၇၊၂၀၂၅။ ထားမြတ်/People’s Spring

ကချင်ပြည်နယ် ဖားကန့်မြိုနယ်၊ လုံးခင်းဒေသ ခွန်ဆာကုန်းအ နီးဇွန်လ ၆ရက်ညပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ကလေးငယ်များ အပါအဝင် ပြည်သူ ၉ ဦးထက်မနည်းသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့်ဖြစ်​ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“စကစ ဘက်ကနေ ပစ်လိုက်တဲ့ လက်နက်ကြီး ကျည်ဆံ ၂ခုပေါက်ကွဲလို့ ပြည်သူလူထုအိမ်တွေ တော်တော်များများ ထိသွားတာ။အခုထက်ထိကျနော်တို့ဆီမှာ သတင်းရတာက အိမ်ခြေပေါင်း ၃၀ လောက်ပျက်စီးသွားတယ်လို့ သတင်းပေးလာတာရှိပါတယ်။နောက်လူတွေလည်း ဒီမနက်အဲဒီ ပေါက်ကွဲတဲ့နေရာမှာ သန့်ရှင်းရေး လုပ်တဲ့အခါမှာတွေ့ရတာတော့ အလောင်းက ကိုးလောင်းတွေ့တယ်တဲ့။ ကလေးတွေလည်းပါတယ် လူကြီးတွေလည်းပါတယ်။” ဟုဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

လုံးခင်းရှိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သည်ဟုမျက်မြင်ကိုယ်တွေ့ ပြည်သူများက ပြောဆိုမှု ရှိကြောင်းလည်း ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

“ဒါပေမဲ့ ပေါက်ကွဲတဲ့ နေရာတွေကျတော့ တော်တော်ပြင်းထန်တဲ့ ပေါက်ကွဲတဲ့ နေရာတွေ တွေ့ရတဲ့အါကျတော့ ပြည်သူလူထုတွေ ခန့်မှန်းကြတာက အဲဒီ ဆိုင်မှာမီးလောင်တဲ့ပစ္စည်းတွေသိုလှောင်ထားတာလား ဖားကန့်ဆိုတော့ဓာတ်မြေဩဇာတွေများ သိုလှောင်ထားလို့ပေါ့နော်။ အဲဒီလို သိုလှောင်ထားလို့ အဲဒီမှာ ပေါက်ကွဲသွားလို့ ပတ်ဝန်းကျင် အိမ်တွေ တရပ်ကွက်လုံး ပုံစံမျိုးပေါ့” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဖြစ်စဉ်ကို ဆက်လက်စစ်ဆေးနေဆဲဖြစ်သည်ဟုလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

သေဆုံးသူ ၉ဦးအနက် ကလေးငယ် ၄ဦး ပါဝင်သည်ဟု ဒေသ သတင်းရင်းမြစ်အချို့ကပြောသည်။ ထို့ပြင်ထိခိုက်ဒဏ်ရာရသူများလည်းရှိသည်ဟု ဒေသ သတင်းရင်းမြစ်ကပြောသည်။

“သေဆုံးတာ ပြည်သူတွေပါ။ မိသားစုလိုက်ပါသွားကြတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

ဖားကန့်ဒေသ ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်သည် မေလ ၂၇ရက်တွင် လုံးခင်းဒေသသို ဝင်ရောက်ခဲ့ရာ မေလ ၂၈ရက်တွင် ယင်းဒေသ၌ တော်လှန်ရေးတပ်ဖွဲများနှင့် တိုက်ပွဲဖြစ်ခဲ့သည်။

ထိုနောက် စစ်ကောင်စီက လုံးခင်းဒေသ၌ ကုမ္ပဏီ အချို၏ အဆောက်အဦး နှင့် ယာဉ်ယန္တရား အချိုကို ဝင်ရောက်မီးရှိုဖျက်ဆီးမှုများလည်းပြု လုပ်ခဲ့သည်။

(​ပေါက်ကွဲမှုဖြစ်ပွားပြီး​နောက်မြင်ကွင်း။ဓါတ်ပုံ-​ဒေသခံ)

ဆက်စပ်သတင်းများ

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

မိုးတွင်းကာလ ရေဘေးဆက်တိုက်ရင်ဆိုင်နေရတဲ့ ဖားကန့်မှာ ဇူလိုင်လ ၁၉ရက်ကစတဲ့ ရေ ဘေးကြောင့် လမ်းနဲ့အိမ် ပျက်စီးမှုတွေများပြားခဲ့ပြီး ဒေသခံတွေအခက်အခဲကြုံတွေ့နေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကျောက်စိမ်းမြို့တော်ဖားကန့်မှာပြီးခဲ့တဲ့ ရက်ပိုင်းက ရေဘေးသင့်ခဲ့ပြီး လတ်တလောမှာရေကျသွားပေမယ့်မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ သွားရေးလာရေးနဲ့ စားဝတ်နေရေးအခက်အခဲကြုံနေရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။