Connect with us

Hi, what are you looking for?

သတင်း

ဘန်ကောက်မှာ အိမ်ဆောက်ပစ္စည်းတွေ ပိမိပြီး မြန်မာ ဆောက်လုပ်ရေးလုပ်သား သေဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုမှာ အိမ်ဆောက်ပစ္စည်းတွေ ပိမိရာက မြန်မာ အလုပ်သမားတစ်ဦး သေဆုံးသွားခဲ့ပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုမှာ အိမ်ဆောက်ပစ္စည်းတွေ ပိမိရာက မြန်မာ အလုပ်သမားတစ်ဦး သေဆုံးသွားခဲ့ပါတယ်။

ဘန်ကောက်ရဲ့ ချွမ်သောင်မှာရှိတဲ့ ရာမ ၂ လမ်းမပေါ်က ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ကွန်ကရစ်တွေနဲ့ သဲတွေက အဲဒီ မြန်မာလုပ်သားပေါ် ပြိုကျပြီး ပိမိရာက အသက်ဆုံးရှုံးတဲ့ထိ ဖြစ်ခဲ့တာပါ။ သူဟာ ဇွန်လ ၈ ရက် မနက်အစောပိုင်းက မြေအောက် ၃ မီတာလောက် အနက်မှာ မိလ္လာပိုက်လိုင်းတွေ ဆင်နေတဲ့အချိန် မတော်တဆမှု ကြုံခဲ့ရတာပါ။

အသက် ၃၉ နှစ်အရွယ် ရှိပြီး လုပ်ဖော်ကိုင်ဖက်တွေက ဦးရဲလို့ ခေါ်ကြတဲ့ အမျိုးသားဟာ နီးစပ်ရာ ဆေးရုံကို ခေါ်သွားချိန်မှာ အသက်ရှင်နေသေးပေမယ့် လမ်းတစ်ဝက်မှာပဲ နှလုံးရပ်ပြီး ဆုံးပါးသွားခဲ့တာလို့ သိရပါတယ်။

ကိုးကား: Khaosod

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။