Connect with us

Hi, what are you looking for?

သတင်း

အိန္ဒိယ ကမ်းလွန်မှာ ကုန်တင်သင်္ဘော မီးလောင်၊ မြန်မာအပါအဝင် သင်္ဘောသား ၄ ဦး ပျောက်ဆုံးနေ

အိန္ဒိယ ကမ်းလွန် ပင်လယ်ပြင်မှာ သင်္ဘောတစ်စီး မီးလောင်ပြီး မြန်မာတစ်ဦး အပါအဝင် သင်္ဘောသား ၄ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

Indian Coast Guard

အိန္ဒိယ ကမ်းလွန် ပင်လယ်ပြင်မှာ သင်္ဘောတစ်စီး မီးလောင်ပြီး မြန်မာတစ်ဦး အပါအဝင် သင်္ဘောသား ၄ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

စင်ကာပူ အလံ လွှင့်တင်ထားတဲ့ Wan Hai 503 ကုန်တင် သင်္ဘောဟာ အိန္ဒိယရဲ့ ကီရာလာပြည်နယ်၊ အဇစ်ကဲလ်မြို့ရဲ့ အနောက်တောင်ဖက် ကီလိုမီတာ ၈၀ လောက် အကွာ ပင်လယ်ပြင်မှာ ဇွန်လ ၉ ရက်နေ့ နေ့လယ်ပိုင်းက မီးစွဲလောင်ခဲ့တာ ဖြစ်ပါတယ်။

ပျောက်ဆုံးနေသူတွေဟာ ထိုင်ဝမ်က ၂ ဦး၊ မြန်မာနဲ့ အင်ဒိုနီးရှားတို့ဆီက ၁ ဦးစီ ဖြစ်တယ်လို့ သိရပါတယ်။ သင်္ဘောပေါ်မှာ စုစုပေါင်း အမှုထမ်း ၂၂ ဦး လိုက်ပါလာခဲ့ပြီး ၁၈ ဦးကိုတော့ ကယ်တင်နိုင်ခဲ့ပြီးပါပြီ။ အဲဒီထဲက ၅ ဦးဟာ ဒဏ်ရာတွေ ရထားခဲ့ပါတယ်။

ရေယာဉ်ကို အသက်ကယ်လှေတွေနဲ့ စွန့်ခွာလာတဲ့ သင်္ဘောသားတွေကို အိန္ဒိယ ရေတပ်သင်္ဘော တစ်စီးက ကယ်တင်ပြီး နယူးမန်ဂလော ဆိပ်ကမ်းဆီ ခေါ်ဆောင်သွားခဲ့ကြောင်း အိန္ဒိယ အာဏာပိုင်တွေက ပြောပါတယ်။ စင်ကာပူမှာ မှတ်ပုံတင်ထားပေမယ့် သင်္ဘောမှာ စင်ကာပူ နိုင်ငံသားတွေတော့ လိုက်ပါခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အိန္ဒိယ ရေတပ်က ထုတ်ပြန် ပြသခဲ့တဲ့ ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေမှာတော့ သင်္ဘောကနေ မည်းနက်တဲ့ မီးခိုးလုံးတွေ အူထွက်နေတာကို တွေ့ခဲ့ရပါတယ်။ နောက်ပြီး ကုန်းပတ်ပေါ်မှာ ကွန်တိန်နာ တချို့က အဖုံးတွေပွင့်ပြီး ဖရိုဖရဲတွေ ဖြစ်နေခဲ့ပါတယ်။ ကွန်တိန်နာ ၄၀ လောက်ကတော့ ပင်လယ်ထဲ ကျသွားခဲ့ပြီး သင်္ဘောပေါ်မှာ ပေါက်ကွဲမှုတွေလည်း ဆက်တိုက် ဖြစ်ပွားနေခဲ့တယ်လို့ ဆိုပါတယ်။

သင်္ဘောပေါ်မှာ မီးစတင်လောင်ကျွမ်းတဲ့ အကြောင်းရင်းကို မသိရသေးသလို ဘယ်လို ကုန်စည်တွေ သယ်ဆောင်လာသလဲ၊ ဘာကြောင့် ပေါက်ကွဲမှုတွေ ဖြစ်နေသလဲ ဆိုတာကိုလည်း အိန္ဒိယ ရေတပ်က မှတ်ချက်မပေးသေးပါဘူး။

အိန္ဒိယ ရေတပ်ရဲ့ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ကမ်းခြေစောင့်တပ်နဲ့ ဆိပ်ကမ်း အာဏာပိုင်တွေကလည်း ပူးပေါင်း ကူညီပေးနေပါတယ်။ ရေယာဉ်ကို စီမံခန့်ခွဲတဲ့ စင်ကာပူ ရေကြောင်းလိုင်း Wan Hai ကုမ္ပဏီကို CNA သတင်းဌာန ဆက်သွယ် မေးမြန်းထားပေမယ့် လတ်တလော အကြောင်းမပြန်သေးဘူးလို့လည်း သိရပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံရဲ့ကုန်ထုတ်လုပ်မှုခြောက်လဆက်တိုက်ကျဆင်းနေပြီး ကုန်ကြမ်းမလုံလောက်မှု၊ သယ်ယူပို့ဆောင်စရိတ် ၊ သွင်းကုန်လိုင်စင်ရရှိရေး အခက်အခဲနဲ့ ငွေလဲနှုန်းအပြောင်းအလဲတွေ မြင့်တက်နေတယ်လို့ အမေရိကန်အခြေစိုက်စီးပွားရေးသတင်းအချက်အလက်အဖွဲ့အစည်း S&P Global ကထုတ်ပြန်ပါတယ်။

ဆောင်းပါး

“အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံသား ၃၇ သန်းကျော်၊ နိုင်ငံလူဦးရေရဲ့ ၆၈ ရာခိုင်နှုန်းအထိ ဆင်းရဲမွဲတေမှုထဲ နစ်မြုပ်လာပါတယ်။”

သတင်း

မြန်မာနဲ့ ပတ်သက်လို့ ကြီးမားတဲ့ မူဝါဒ အပြောင်းအလဲအနေနဲ့ အမေရိကန် အစိုးရဟာ အာဏာသိမ်း စစ်တပ်နဲ့ တိုက်ရိုက် ဆွေးနွေးမှုတွေ စတင်လာကြောင်း ရိုက်တာသတင်းဌာနရဲ့အထူးသတင်း​ပေးပို့ချက်က​ဖော်ပြလိုက်ပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံဘက်ကို လူငယ်တွေအများအပြားထွက်ခွာကြတယ်။ အရင်ခေတ် နှစ်ပေါင်းများစွာ ကတော့ “ထိုင်းဘက်သွားရင် အလုပ်ရမယ်” ဆိုတဲ့ အကြောင်းပြချက်ကိုအဓိကကြားရတယ်။တောင်ပေါ်သွားကြတယ်ဆိုတာကို မကြာခဏကြားရနေကျ။ ကိုယ့်ရပ်ရွာ၊ ကိုယ့်နိုင်ငံမှာထက် အလုပ်ပိုရှိလို့၊လုပ်အားခပိုကောင်းလို့၊ မိသားစုကို ပိုကောင်းကောင်း ထောက်ပံ့ချင်လို့ နယ်စပ်ဖြတ်ကြတယ်။

Facebook