Connect with us

Hi, what are you looking for?

သတင်း

တော်လှန်​ရေးအဖွဲ့​တွေ ပစ်ချတဲ့ စစ်တပ်တိုက်​လေယာဥ်၊ ရဟတ်ယာဥ် ၁၂ စီးရှိလာ

စစ်တပ်တိုက်​လေယာဥ်ရဲ့​ အပျက်အစီး​တွေနားမှာ PLA တပ်ဖွဲ့ဝင်တချို့ကို​တွေ့ရစဥ်။ဓါတ်ပုံ-PLA

​တော်လှန်​ရေးတပ်​တွေက ပုလဲမြို့နယ်မှာ ဇွန် ၁၀ ရက်က စစ်တပ်တိုက်​လေယာဥ်တစ်စီးကိုပစ်ချနိုင်ခဲ့တာ​ကြောင့်စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​တော်လှန်​ရေးတပ်ဖွဲ့​တွေက ပစ်ချတဲ့ တိုက်​လေယာဥ်နဲ့ ရဟတ်ယာဥ် အနည်းဆုံး ၁၂ စီးရှိပြီဖြစ်ပါတယ်။

အရင်က အင်ဖိုဂရပ်မှာ ထည့်သွင်းမထားရ​သေးတဲ့ ဖြစ်ရပ်ဖြစ်တဲ့ အာရက္ခတပ်​တော် (AA) က ချင်းပြည်နယ်၊ပလက်ဝမြို့နယ်မှာ စစ်တပ်ရဟတ်ယာဥ်တစ်စင်းကိုပစ်ချပြီး ရဟတ်ယာဥ် အပျက်အစီးကို၂၀၂၄ ဇန်နဝါရီ ၁၃ ရက်​နေ့မှာ ရှာ​တွေ့ခဲ့တာ​​ကို အခုအင်ဖိုဂရပ်မှာထည့်သွင်းထားပါတယ်။

​​တော်လှန်​ရေးအဖွဲ့​တွေက ပစ်ချနိုင်ခဲ့​ပေမယ့်သတင်းမထုတ်ပြန်လို့ ၊သတင်းအချက်အလက်မရလို့ အခုအင်ဖိုဂရပ်မှာ မပါ​သေးတဲ့ ဖြစ်စဥ်​တွေလည်းကျန်ရှိနိုင်ပါ​သေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။

နိုင်ငံတကာ

ဘရာဇီးနိုင်ငံမှာ ရဟတ်ယာဉ်နှစ်စီး လေထဲ တိုက်မိရာက ထင်ရှားတဲ့ အမေရိကန် ဂီတ ပညာရှင် တစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊မြစ်ခြေမြို့ ရဲစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ခဲ့ပြီးတဲ့နောက်စစ်တပ်စစ်ကြောင်းပြန်ထိုးလာကာ မြို့ထဲကို စစ်ကြောင်းပြန်ရောက်လာတယ်လို့ ​ဒေသတွင်းစစ်​ရေးသတင်းရင်းမြစ် တွေကပြောပါတယ်။

နိုင်ငံတကာ

အမေရိကန် စစ်တပ် ရဟတ်ယာဉ်ကို ပစ်ချခဲ့ကြောင်း စွပ်စွဲပြီး အီရန်ကို အမေရိကန်က စစ်ရေးအရ လက်တုံ့ပြန် တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။