Connect with us

Hi, what are you looking for?

သတင်း

မိုး​ကောင်းပြီးကလောမြို့ပေါ်ရပ်ကွက်အချို့ရေကြီး

ရှမ်းပြည်နယ်၊တောင်ပိုင်း၌၃ရက်ဆက်မိုးကောင်းနေပြီး ယနေ့(ဇွန်လ၁‌၂ရက်)ည၌ကလောမြို့ပေါ်ရပ်ကွက်များတွင် ရေကြီးနစ်မြုပ်မှုစတင်ဖြစ်ပေါ်နေသည်။

က​လောမြို့ ရပ်ကွက်အချို့​ ဇွန် ၁၂ ရက်ညကရေကြီး​နေစဥ်။ ဓါတ်ပုံ-CJ

ဇွန်-၁၂၊၂၀၂၅။အိမ်သွင်/People’s Spring

ရှမ်းပြည်နယ်၊တောင်ပိုင်း၌၃ရက်ဆက်မိုးကောင်းနေပြီး ယနေ့(ဇွန်လ၁‌၂ရက်)ည၌ကလောမြို့ပေါ်ရပ်ကွက်များတွင် ရေကြီးနစ်မြုပ်မှုစတင်ဖြစ်ပေါ်နေသည်။

ကလောမြို့၊ ရပ်ကွက်(၄)၊ရပ်ကွက်(၂)အတွင်း ရေစတင်ဝင်လာပြီး ယနေ့ညပိုင်း၌ ရေဆက်တက်နိုင်၍ မြေနိမ့်ပိုင်းရပ်ကွက်များ ရေဘေးသတိပြုကြရန်၊ ဘေးလွတ်ရာသို့ကြိုတင် တိမ်းရှောင်ကြရန် ဒေသခံအချင်းချင်းသတိပေးနေကြသည်။

“မိုးကလုံးဝမတိတ်ဘူး။ရေကတအိအိတက်လာ‌နေပြီ။မြေနိမ့်ပိုင်းတွေ စမြုပ်ပြီ။ညနက်လေစိတ်ပူရလေပဲ”ဟုကလောမြို့ခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

ကလောမြို့သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာလာတွင်ရာဂီမုန်တိုင်းအရှိန်ကြောင့်မိုးကြီးပြီး ဆိုးရွားသည့်ရေဘေးနှင့်မြေပြိုမှုဘေး ရင်ဆိုင်ခဲ့ရသည်။လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်းမှ တောင်ကြီး၊ ရွှေညောင်မြို့တို့တွင်လည်း ရေလွှမ်းမိုးမှု ကြုံတွေ့နေရသည်။

မုတ်သုန်လေအားကောင်းနေ၍ အလယ်ပိုင်းဒေသများအပါအဝင် မြန်မာနိုင်ငံနေရာအနှံ့၌ ဇွန်လ ၁၅ ရက်အထိ မိုးကောင်းလာနိုင်ပြီး ရေဘေးနှင့်မြေပြိုမှု ဘေးသတိပြုရန်အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန-MOHADM က သတ်ိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

သတင်း

မန္ဆလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဆီမီးကန်ကျေးရွာအုပ်စုမှာ ချောင်းရေကြီးလို့ ကျေးရွာထဲ ရေဝင်ပြီး သီးနှံတွေ ရေမြုပ်ပျက်စီးခဲ့ပါတယ်။

နိုင်ငံတကာ

ရေကြီးပြီး ခါးလောက်နီးပါးထိ ရေမြုပ်နေတဲ့ နေရာမှာ ကျင်းပခဲ့တဲ့ ဖိလစ်ပိုင် မင်္ဂလာပွဲ တစ်ခုဟာ လူမှုကွန်ရက်ပေါ်မှာ လူပြောများနေပါတယ်။

သတင်း

ဧရာဝတီတိုင်း၊စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းနဲ့ ချင်းပြည်နယ်က မြို့နယ်အချို့မှာ မိုးကြီးပြီး ရေဘေးနဲ့မြေပြိုမှုဘေး ရင်ဆိုင်နေရပါတယ်။