Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာငလျင်ဒဏ်သင့်အဆောက်အအုံဖြိုတဲ့အလုပ်လာလုပ်တဲ့ ချောင်းဦးကစစ်ရှောင်တဦး ဓာတ်လိုက်သေဆုံး

မန္တလေးမှာ ငလျင်ဒဏ်သင့် အဆောက်အဦးဖြိုတဲ့အလုပ် လာလုပ်နေတဲ့ ချောင်းဦးက စစ်ရှောင်တဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဓာတ်လိုက်သေဆုံးခဲ့သူအား တွေ့ရစဥ်။ ဓာတ်ပုံ-လူမှုကယ်ဆယ်ရေးအသင်း

ဇွန်-၁၄၊ ၂၀၂၅။ဇေအောင်/People’s Spring

မန္တလေးမှာ ငလျင်ဒဏ်သင့် အဆောက်အဦးဖြိုတဲ့အလုပ် လာလုပ်နေတဲ့ ချောင်းဦးက စစ်ရှောင်တဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဇွန်လ (၁၃)ရက် ညနေ ၃ နာရီခန့်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ ၆၃ လမ်း၊ လမ်း ၂၀နဲ့၂၁ လမ်းကြားက ငလျင်ဒဏ်သင့် ငါးထပ်တိုက်ဘော်ဒါဆောင်ကို ဖြိုချနေတုန်း အသက်(၄၄)နှစ်အရွယ် အမျိုးသားတဦး ဓာတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

“သစ်သားကိုသံတူရွင်းနဲ့ခွာတာ။ဓါတ်ကြိုးကို ထိုးမိပြီး သံတူရွင်းကနေ ဓာတ်လိုက်တာ။”လို့ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဓါတ်လိုက်ပြီးနောက်အဲဒီအမျိုးသားကိုလူမှုကယ်ဆယ်ရေးအသင်း ​ရှေးဦးသူနာပြုစုနည်း​တွေနဲ့အသက်ကယ်ဖို့ကြိုးစားခဲ့ပြီး ဆေးရုံပို့ဆောင်ခဲ့ပေမယ့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူ ဦးထွန်းဝင်းဟာ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှ လာရောက်လုပ်ကိုင်နေသူတဦးဖြစ်ကြောင်း နီးစပ်သူတွေက ပြောပါတယ်။

မန္တလေးမှာ ငလျင်ဒဏ်သင့်အဆောက်အအုံတွေကို လူအင်အားနဲ့ဖြိုချနေရပြီး လုပ်သားများဟာ အကာအကွယ်ပစ္စည်းမပါဘဲ အသက်အန္တရာယ်နဲ့နီးကပ်စွာဆောင်ရွက်နေရတယ်လို့မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့မေလ(၃၁)ရက်ကလည်းမန္တလေးမြို့၊ ၂၆ လမ်း၊ လမ်း ၆၀ အနီးက ငလျင်ထိသွားတဲ့တိုက် ဖြိုချခဲ့ရာမှာ အလုပ်သမားနှစ်ယောက်ထိခိုက်ခဲ့တဲ့အနက် ၁၈ နှစ်အရွယ်သားဖြစ်သေဆုံးကာ ဖခင်ဖြစ်သူ ထိခိုက်ဒဏ်ရာ ရခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ၄.၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေများခဲ့လို့ အိုးပုတ်ပွဲစျေး ရေမြုပ်ပြီး အိုးပုတ်ဆိုင်တချို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံအချို့က ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ တစ်ညတည်း လူငယ် ၃ ဦး ပေါ်တာဆွဲခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက်ရှိ ကျောက်ဝိုင်းမှာ ကျောက်မျက်ရောင်းဝယ်ရေးသမားတစ်ဦး ဒီနေ့(သြဂုတ်လ ၁၉ ရက်) မနက်ပိုင်းက ဓားထောက်လုယက်ခံရမှုဖြစ်ပွားခဲ့တယ်လို့ကျောက်သမားအချို့ဆီက သိရပါတယ်။