Connect with us

Hi, what are you looking for?

News

အရာ​တော်မြို့နယ်၊​ ရှောက်ခါးရွာတွင် ဒလန်နှင့်ပျူ​စောထီး ငါးဦးအသတ်ခံရပြီး​နောက် စစ်​ကောင်စီတပ်က အိမ် ၁၁ လုံးကိုမီးရှို့

စစ်တပ်၏ အကြမ်းဖက်ဝင်ရောက် မီးရှိူ့နေမှုကြောင့် ရွာခံပြည်သူရာချီ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ရှောက်ခါးကျေးရွာတွင် စစ်ကောင်စီသတင်းပေးဒလန်နှင့် ပျူစောထီးအပါအဝင် ငါးဦးအသတ်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်က ပြည်သူ့နေအိမ်(၁၁)လုံးနှင့် ဆိတ်တဲများကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ နိုဝင်ဘာ(၁၁)ရက်နေ့က အရာတော်မြောက်နယ် ရှောက်ခါးကျေးရွာကို အကြမ်းဖက်စစ်တပ်က အင်အား(၃၀)ကျော်ဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး ရှောက်ခါးရွာတွင်းရှိ ရွာခံတက်ကြွလှုပ်ရှားသူတချို့နှင့် ပြည်သူ့အိမ်များကို ဝင်ရောက်ဖျက်ဆီးပြီး မီးတင်ရှို့သွားခဲ့ကြောင်း၊ စစ်တပ်၏ မီးရှို့သွားမှုကြောင့် ရွာခံပြည်သူ့နေအိမ်ပေါင်း(၁၀)အိမ်ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု အရာတော်မြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

“နေ့ခင်း ၁၂ လောက်မှာဝင်လာပြီး မီးရှို့သွားတာလို့ပြောတယ်။ ကျွန်တော်တို့ရွာဘက်ကနေ လှမ်းကြည့်တာမီးခိုးတွေတက်လာတာ အတိုင်းသားမြင်နေရတယ်။” ဟု ဒေသခံတစ်ဦးကပြောသည်။

နိုဝင်ဘာ(၁၀)ရက်နေ့က ရှောက်ခါးမှ စစ်သတင်းပေးနှင့် ပျူစောထီး(၄)ဦးတို့ကို ဂဠုန်နင်ဂျာများနှင့် လင်းယုန်နင်ဂျာများက ရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း အရာတော်နင်ဂျာ မောင်ဒေဝါ က ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာလ ၁၁ ရက်နေ့တွင်လည်း ရှောက်ခါးကျေးရွာမှ ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူးလုပ်ခဲ့သည့် စစ်တပ်နှင့်ပတ်သက်နေသူ မော်ကြီးဆိုသူကို အရာတော်နင်ဂျာများအဖွဲ့ကပင် ထပ်မံရှင်းလင်းခဲ့သည်ဟု အသိပေးသည်။

အဆိုပါသတင်းပေးနှင့်ပျူစောထီးများသတ်ဖြတ်ခံရပြီးနောက် စစ်တပ်ကဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။

စစ်တပ်၏ အကြမ်းဖက်ဝင်ရောက် မီးရှိူ့နေမှုကြောင့် ရွာခံပြည်သူရာချီ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေအတွက် အိမ်ပြန်ဆောက်ဖို့ဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။