Connect with us

Hi, what are you looking for?

သတင်း

ကန့်ဒေါင့်နယ်မြေရဲစခန်းကို ​တော်လှန်​ရေးတပ်​တွေ သိမ်းယူ

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ကန့်ဒေါင့်နယ် မြေရဲစခန်းကို ဒီနေ့မနက်ပိုင်းမှာ အပြီးသတ်သိမ်းယူနိုင်ခဲ့ပြီလို့ တော်လှန် ရေးတပ်​တွေက​ပြောပါတယ်။

ဇွန်-၁၉၊၂၀၂၅။ရှိန်း/People’s Spring

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ကန့်ဒေါင့်နယ် မြေရဲစခန်းကို ဒီနေ့မနက်ပိုင်းမှာ အပြီးသတ်သိမ်းယူနိုင်ခဲ့ပြီလို့ တော်လှန် ရေးတပ်​တွေက​ပြောပါတယ်။

စခန်းသိမ်းနိုင်တာကိုဇွန်လ၁၉ရက်နေ့ ဒီနေ့မနက်ပိုင်းမှာ မြေပြင်တပ် တွေဆီကအတည်ပြုချက်ရပြီး အသေးစိတ်အချက်အလက်ကို တော့ မသိရသေးပါဘူး။

ကန့်ဒေါင့်ရွာနယ်မြေရဲစခန်းကို ဇွန်လ၂ရက် နေ့ကတည်းက ပြည်သူ့လွတ် မြောက် ရေးတပ်မ တော်(PLA )က ဦး ဆောင်တိုက်ခိုက် နေတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

PLA က ကန့်​ဒေါင့်ရဲစခန်းကိုထိုးစစ်ဆင်တိုက်ခိုက်ချိန်မှာ အခြား​တော်လှန်​ရေးတပ်​တွေကစစ်တပ်ရဲ့စစ်ကူလာတဲ့ စစ်​ကြောင်း​တွေကိုဖြတ်​တောက်တိုက်ခိုက်​နေတာပါ ။

ကန်ဒေါင့်ရဲစခန်းဟာ ပုလဲမြို့ကနေ မကွေးတိုင်း ဂန့်ဂေါမြို့ကိုသွားတဲ့ လမ်းပိုင်းပေါ်မှာရှိပြီး ပုလဲမြို့နဲ့ (၁၄)မိုင်ကွာဝေးပါတယ်။ အဲဒီကျေးရွာက နယ်မြေရဲစခန်းကို စစ်ကောင်စီက တပ်စွဲပြီး အခိုင်အမာပြုလုပ်ထားတဲ့ စခန်းဖြစ်ကာ အင်အား ၁၀၀ခန့်ရှိနေတယ်လို့ PLAရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ရဲစခန်းဟာ ကန့်​ဒေါင့်ရွာရဲ့အ ရှေ့ဘက်မှာရှိတာပါ။

ပုလဲမြို့နယ်ထဲက ပျူ​စောထီးရွာ​တွေထဲမှာအချက်အချကျလှတဲ့ စခန်းဖြစ်ပါတယ် ။ ဒါအပြင်ပုလဲမြို့နယ်က နာမည်ကြီး ပျူစောထီးရွာတွေဖြစ်တဲ့ အင်မထီး၊ဇီးဖြူ ကုန်းရွာ တွေနဲ့ တြိဂံပုံ တည်ရှိပြီး ဒီနယ် မြေကို တော်လှန်ရေး တပ်တွေ စိုးမိုးနိုင်ဖို့ အရေးပါတဲ့ စခန်းဖြစ်တယ်လို့ နယ်‌ မြေကျွမ်းကျင်သူ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တွေဆီကသိရပါတယ်။

ဇွန် ၁၈ရက်​နေ့ မနက်၆နာရီကတည်းကစခန်းသိမ်းတိုက်ပွဲ ပြန်လည်ပြင်းထန်ခဲ့ပြီး ဒီကနေ့ မနက်မှာ အပြီးသတ်သိမ်းနိုင်ခဲ့တာလို့သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲအ​ကြောင်း PLA ကတာဝန်ရှိသူကို ဇွန် ၁၉ ရက်မနက်ပိုင်းမှာ​မေးမြန်းတာမှာ စခန်းသိမ်းပြီးတာ မှန်​ပေမယ့် သတင်းကို မ​ဖော်ပြ​သေးပဲ ခဏ​စောင့်​ပေးဖို့​ပြောပါတယ်။ဒါ​ကြောင့် သတင်းကို ဇွန် ၁၉ ရက် မွန်းလွှဲပိုင်းမှ ​ဖော်ပြလိုက်တာဖြစ်ပါတယ်။

ကန့်ဒေါင့်ရွာနယ် နယ်မြေရဲစခန်းဟာ ပုလဲ- ဂန့်ဂေါလမ်းမှာရှိပြီး အရေးပါတဲ့ ရဲစခန်းတခုဖြစ်တယ်လို့သိရပါတယ်။

ဒါအပြင် NUG ၊ကာကွယ်​ရေးဝန်ကြီးဌာန လက်​အောက်က PDF ခရိုင်တပ်ရင်း​တွေ နဲ့ ပကဖ ​တွေကလည်းဇွန် ၁၀ ရက်ကစပြီးဇီးဖြူကုန်းရွာကပျူ​စောထီး စခန်း​တွေကို ထိုးစစ်ဆင်တိုက်ခိုက်​နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ် တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြား ရေးတာဝန်ခံက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့က ဆင်းလာတဲ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီး တစ်စီး ထိခိုက်မှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ဝမ်ပေါင်ကြေးနီစီမံကိန်းကနေ ကြေးနီတွေတင်လာပြီးနောက် ချင်းတွင်းမြစ်အတွင်း ရေကြောင်းမှားလို့ သော​င်တင်နေတဲ့ ရေယာဥ်တွေကို ဒေသတွေတော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။