Connect with us

Hi, what are you looking for?

သတင်း

အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုသက်နှင်းအောင် အင်းစိန်ထောင်မှာ တိုက်ပိတ်ခံရ

အာဏာသိမ်းစစ်ကောင်စီရဲ့ အင်းစိန်အကျဉ်းထောင်မှာ အလုပ်သမားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုသက်နှင်းအောင် တိုက်ပိတ်ခံထားရတယ်လို့ မြန်မာနိုင်ငံ စက်မှု လက်မှု နဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ် သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF)က ဇွန်လ ၁၈ ရက်မှာ ထုတ်ပြန်အသိပေးပါတ​ယ်။

ဓာတ်ပုံ - MICS-TUsF

ဇွန် – ၂၀ ၊ ၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

အာဏာသိမ်းစစ်ကောင်စီရဲ့ အင်းစိန်အကျဉ်းထောင်မှာ အလုပ်သမားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုသက်နှင်းအောင် တိုက်ပိတ်ခံထားရတယ်လို့ မြန်မာနိုင်ငံ စက်မှု လက်မှု နဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ် သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF)က ဇွန်လ ၁၈ ရက်မှာ ထုတ်ပြန်အသိပေးပါတ​ယ်။

MICS-TUsF ရဲ့ အထွေထွေအတွင်းရေးမှုးချုပ်လည်းဖြစ်တဲ့ ကိုသက်နှင်းအောင် ကို မိသားစု ၊ ရှေ့နေ နဲ့ တွေ့ခွင့် ပိတ်ထားသလို အဆက်အသွ​ယ်ပြတ်တောက်နေတယ်လ်ို့သိရပါတယ်။

အင်းစိန်ထောင်ထဲမှာ အဆိုးဝါးဆုံးတိုက်ပိတ်ခံထားရတဲ့အတွက် သူရဲ့ကျန်းမာရေးအခြေအနေ စိုးရိမ်ရတယ်လို့ MICS -TUsF က ထုတ်ပြန်ချက်မှာအသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ထောင်မှာ တိုက်ပိတ်ခံရတယ်ဆိုတာကတော့ အလင်းရောင်မရှိသလို လေအဝင်အထွက်မကောင်းတဲ့ အခန်းကျဉ်းထဲမှာ ပိတ်လှောင်ထားတာဖြစ်ပါတယ်။

အခုနှစ်ဆန်း ဇန်နဝါရီလအတွင်း အင်းစိန်ထောင်ကို စစ်ကောင်စီ ရဲ့ လူ့အခွင့်အရေးကော်မရှင်က လာရောက်ချိန်မှာ အကျဉ်းသားတွေရဲ့ လိုအပ် ချက်တွေကို ထုတ်ဖော်ပြောဆိုခဲ့တာကြောင့် ကိုသက်နှင်းအောင်အပါအဝင် အကျဉ်းသား သုံးဦး ထောင်တွင်းမှာ ပြင်းပြင်းထန်ထန်ရိုက်နှက်နှိပ်စက်ခံရပါသေးတယ်။

အဲဒီရိုက်နှက်မှုမှာ ကိုသက်နှင်းအောင် ရဲ့ ဦးခေါင်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ ကိုသက်နှင်းအောင်ဟာ NLD အစိုးရ လက်ထက်မှာ အစိုးရ ၊ အလုပ်ရှင် ၊ အလုပ်သမား သုံးပွင့်ဆိုင်ညှိနှိုင်းရေးကော်မတီဝင်ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်မှာ မြဝတီမြို့မှာ ဖမ်းခံရပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) နဲ့ ထောင်ဒဏ် နှစ် နှစ် ချခံရပါတယ်။

အဲဒီထောင်ဒဏ် နှစ်နှစ်ကို အင်းစိန်ထောင်မှာ ကျခံရပြီး လွတ်ရက်စေ့ခါနီးမှာ စစ်ကောင်စီက အကြမ်းဖက်ပုဒ်မ နဲ့ ထပ်တရားစွဲကာ ထောင်ဒဏ် ၇ နှစ် ထပ်တိုးချခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အင်းစိန်ထောင်မှာ ထောင်အာဏာပိုင်တစ်ဦးက ထောင်တွင်းဘောလုံးပွဲသွားကြည့်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အကြောင်းပြချက်မရှိပဲ အပြစ်ရှာ ရိုက်နှက်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကအသိပေးထားပါတယ်။

အတွေးအမြင်

သံမဏီနှင်းဆီနဲ့ သ​​င်​ကေတပြုထားတဲ့လူထု​​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်းစုကြည်ရဲ့ ​မွေး​နေ့ရက်​တွေဟာ တကယ်​တော့ လူတစ်ဦးရဲ့​မွေး​နေ့ထက် အဓိပ္ပါယ်​လေးနက်ပါတယ်။ လူထု​​ခေါင်း​ဆောင်အ​ပေါ် ပြည်သူတွေရဲ့ချစ်ခြင်း​မေတ္တာပြသခြင်းရဲ့ပြယုဂ်ခြင်းဖြစ်ပါတယ်။ဒါအပြင် လူထု​ခေါင်း​ဆောင်ရဲ့ ဒီမိုက​ရေစီအတွက် ခက်ခဲကြမ်းတမ်းလှတဲ့လမ်းကို​​လျှောက်လှမ်းရ​ပေမယ့် ​နောက်မတွန့်ပဲ ပန်းတိုင်ဆီ သတ္တိအပြည့်နဲ့ ချီတက်​နေတဲ့ လမ်းစဥ်ကို ယုံကြည်တယ်၊လိုက်နာမယ်ဆိုတဲ့ အချက်ပြ​မှု​တွေလည်းဖြစ်ပါတယ် ။

သတင်း

တန်းစီးချုပ်ကိုဦးက ​မြောက်ဥက္ကလာပမျက်နှာဖုံးလူသတ်မှုက အမှုတွဲဖြစ်