Connect with us

Hi, what are you looking for?

သတင်း

ကာမိုင်း-ဖားကန့်လမ်း၌ တိုက်ပွဲပြန်ဖြစ်

ကာမိုင်း-ဖားကန့်လမ်းပိုင်းရှိ နမ့်ယားရွာအနီး စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်း ရောက်ရှိလာပြီး KIA၊ KPDF ပူးပေါင်းတပ်နှင့် တိုက်ပွဲထပ်မံဖြစ်နေသည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် မြေပြင်မီးလောင်နေစဥ်

ဇွန်-၂၅၊ ၂၀၂၅။ ဇော်ရမ်း/People’s Spring

ကာမိုင်း-ဖားကန့်လမ်းပိုင်းရှိ နမ့်ယားရွာအနီး စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်း ရောက်ရှိလာပြီး KIA၊ KPDF ပူးပေါင်းတပ်နှင့် တိုက်ပွဲထပ်မံဖြစ်နေသည်။

နမ့်ယားရွာအနီးသို့ စစ်ကောင်စီစစ်ကြောင်းရောက်လာခြင်းနှင့်အတူ ဇွန်လ ၂၄ရက် နံနက်မှစ၍ တိုက်ပွဲဖြစ်နေသည်ဟု နေရပ်ပြန်ရန်ကြိုးစားနေသော ဒေသခံစစ်ဘေးရှောင်တစ်ဦးက ပြောသည်။

“ကာမိုင်းကနေ တက်လာတာလား။ ပထမတက်သွားတဲ့ စစ်ကြောင်းကနေ ကျန်ခဲ့တာလာမသိဘူး။ တိုက်ပွဲက ရုတ်တရက်ထဖြစ်တာပါ။ လမ်းပိုင်းမှာ လုံခြုံရေးစိတ်မချရတာတော့ KIAဘက်က အရင်ကနည်းက သတိပေးထားတာပါ”ဟု ၎င်းကပြောသည်။

Public Service Announcement

Public Service Announcement

ဖားကန့်မြို့နယ် ဆိုင်း‌တောင်ရွာကို စစ်ကောင်စီက ယနေ့နံနက်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးကြဲ၍ မြေပြင်၌ မီးလောင်‌နေသည်ဟု ဒေသခံအချို့က ပြောသည်။

မိုးကောင်း-ကာမိုင်း-ဖားကန့်လမ်းကို လုံခြုံရေးအခြေအနေအရအသုံးမပြုကြရန် KIA၊ KPDF ပူးပေါင်းတပ်က ဇွန်လဆန်းမှစ၍ သတိပေးခဲ့သည်။

ကာမိုင်း-လုံးခင်း-ဖားကန့်လမ်းအတိုင်း ဧပြီ ၂၃ရက်က ဝင်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် ‌ယခုအခါ ဖားကန့်၌ စစ်ကြောင်းဆက်ထိုးနေပြီး KIA၊PDF ပူးပေါင်းတပ်ကလည်း တိုက်ခိုက်မှုများ ပြုလုပ်နေသည်။ ထိုးစစ်ကြောင်းအပြင် နောက်ထပ် စစ်ကြောင်းတစ်ခုသည် ကာမိုင်း-လုံးခင်း-ဖားကန့်လမ်းသို့ ထပ်မံရောက်ရှိလာခြင်းဖြစ်သည်။

နမ့်ယားရွာအနီးတွင် ပြီးခဲ့သည့် မေလဆန်းကလည်း တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး ဒေသခံများ စစ်ရှောင်နေရဆဲဖြစ်သည်။ ဖားကန့်-ကာမိုင်းလမ်းကြောအတိုင်းဆိုပါက မအူပင်-ကျောက်ထု-အွမ်ကထောင်-ခင်တောင်-နန့်ယား-ကပ်မှော်ဇွပ်- ဆိုင်းဖရာ-ခွန်ဆိုင်ဇွပ်-ဂေါ်ရီယန်-တံတားညီနောင်-ရုံးတောင်-ပျားအုံ-ကျောက်ထု-နန့်တိန်း-၇မိုင်-၆မိုင်-၅မိုင်-ကျောက်ဖျာ-လယ်ပြင်-လုံးခင်းနှင့် ဖားကန့်ဖြစ်သည်။ ယခုအခါ ဖားကန့်မြို့နယ်နေရောအချို့တွင်ရော နမ့်ယားရွာပတ်ဝန်းကျင်၌ပါ စစ်ရေးတင်းမာနေခြင်းဖြစ်သည်။

လက်ရှိဒေသတွင်း စစ်ရေးအခြေအနေအရ အရပ်သားပြည်သူများအနေဖြင့် ည ၉နာရီမှ မနက် ၄နာရီအတွင်း ပြင်ပသို့မထွက်ရန်၊ စစ်ကောင်စီစစ်ကြောင်းများအန္တရာယ်ကို သတိပြုကြရန် KIA၊ KPDFက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။