Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီသတင်း​ပေးဆို​သောအမျိုးသားတစ်ဦး တိမ်း​ရှောင်ရာရွာအထိ ​သေနတ်ဖြင့်လိုက်ပစ်ခံရ

နိုဝင်ဘာလ ၇ ရက်နေ့က ဟင်္သာမကျေးရွာရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးသတ်ဖြတ်ခံခဲ့ရပြီးနောက် နိုဝင်ဘာလ ၈ ရက်နေ့တွင် စစ်တပ်က အဆိုပါရွာအား ဝင်ရောက်ပစ်ခတ်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

People's Spring
People's Spring

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ဟင်္သာမကျေးရွာမှ ထွက်ပြေးနေသည့် စစ်တပ်သတင်းပေးဟုဆို​​သောအမျိုးသားတစ်ဦးအားတိမ်းရှောင်ရာရွာအထိ လိုက်လံပစ်ခတ်ခဲ့ကြောင်းစဥ့်ကူးမြို့နယ်ပြောက်ကျားအဖွဲ့ကသတင်းထုတ်ပြန်သည်။

ယနေ့( နိုဝင်ဘာလ ၁၄ ရက်) နေ့လယ် (၁)နာရီခန့်တွင် စဥ့်ကူးမြို့နယ် ဟင်္သာမကျေးရွာမှ စစ်ကောင်စီသတင်း ပေးအကြီးစား ကိုမော်(ခ)ဘဲမော်အား မတ္တရာမြို့နယ် တံငါမြောက်ရွာနေသူ့၏သမီးထံသွား၍ တိမ်းရှောင်နေသောကြောင့် မတ္တရာ PDF အကူအညီဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်းစဥ့်ကူးမြို့နယ်ပြောက်ကျားအဖွဲ့က အသိပေးသည်။

ထိုသူသည် ဟင်္သာမကျေးရွာမှ အိမ်များအားစစ်တပ်အား ခေါ်၍ဖျက်စီးစေခဲ့သူဖြစ်ပြီးသူ၏လှည်းဖြင့် ရွာနေပြည်သူများ၏ဆန်၊ဆီ၊မှစ၍ ကုန်ပစ္စည်းများကို စစ်တပ်ထံ လိုက်လံပို့ဆောင်သူဖြစ်ကြောင်း၊ အိမ်များမှသိမ်းယူရရှိသောငွေကြေးများကိုလည်း စစ်တပ်အားအပ်ခဲ့သူဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ထိုလူအား သေနတ်ဖြင့် (၂)ချက်ပစ်အပြီးတွင် ဘေးမှမိသားစုဝင်များရောက်လာ၍ ဆက်၍မပစ်ဘဲ ရပ်နားခဲ့ရပြီးအပြစ်မဲ့ပြည်သူများအား ထိခိုက်မည်စိုး၍ ရပ်နားခဲ့ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် သေမည်၊ရှင်မည်ကို အတိအကျမသိနိုင်သေးကြောင်း ၎င်းအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာလ ၇ ရက်နေ့က ဟင်္သာမကျေးရွာရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးသတ်ဖြတ်ခံခဲ့ရပြီးနောက် နိုဝင်ဘာလ ၈ ရက်နေ့တွင် စစ်တပ်က အဆိုပါရွာအား ဝင်ရောက်ပစ်ခတ်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မိမိတို့အဖွဲ့သည် အခြားတော်လှန်ရေးမဟာမိတ်အင်အားစုများဖြင့် ချိတ်ဆက်၍ပြုလုပ်သည်ဖြစ်သည့်အတွက် မည်သည့်နေရာကိုမဆိုတိမ်းရှောင်ပါစေ လိုက်လံရှင်းလင်းမည်ဖြစ်ကြောင်း၊ မဟုတ်တာလုပ်ထားလျှင် ပြေး၍မလွတ်ကြောင်း ဤmission နှင့်အတူ အခြားသော အုပ်ချုပ်ရေးမှူးများ၊ဒလံများအား အသိပေးကြောင်း ၎င်းတို့အဖွဲ့က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook