Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အပစ်အခတ် ရပ်စဲရေး အစ္စရေးရဲ့ ကတိကို အီရန် သံသယရှိနေ

အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်ပြီး အီရန်က အလေးထား ကတိတည်မယ် ဆိုတာကို ကြီးကြီးမားမား သံသယရှိကြောင်း အီရန်က ပြောပါတယ်။

AP

အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်ပြီး အစ္စရေး ကတိတည်မယ် ဆိုတာကို ကြီးကြီးမားမား သံသယရှိကြောင်း အီရန်က ပြောပါတယ်။

အီရန်ရဲ့ ယူရေနီယမ် သန့်စင်မှုဟာ နျူကလီးယား လက်နက်တွေ ထုတ်လုပ်နိုင်လုနီးပါး အဆင့်ထိ ရောက်နေပြီဆိုတဲ့ အကြောင်းပြချက်နဲ့ ဇွန်လ ၁၃ ရက်နေ့မှာ အစ္စရေးက အီရန်ရဲ့ စစ်ရေးနဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ နောက်ထပ် ၉ ရက်အကြာမှာ အမေရိကန်ကပါ အီရန်ရဲ့ ယူရေနီယမ် သန့်စင်ဌာန ၃ ခုကို ဝင်ရောက် ဗုံးကြဲခဲ့ပါတယ်။ ဇွန်လ ၂၅ ရက်နေ့မှာတော့ အမေရိကန်ရဲ့ ဖိအားပေးမှုနဲ့အတူ အီရန်ရော၊ အစ္စရေးပါ အပစ်အခတ် ရပ်စဲခဲ့ပါတယ်။

လက်ရှိ အချိန်ထိတော့ အပစ်ရပ် သဘောတူညီမှုဟာ ဆက်လက် တည်တံ့နေပြီး အရှေ့အလယ်ပိုင်း ဒေသတွင်း ခါးသီးရန်ဘက် နှစ်နိုင်ငံကြားမှာ နောက်ထပ် တိုက်ခိုက်မှုတွေကို မတွေ့ရသေးပါဘူး။ ဒါပေမဲ့ အီရန်ဖက်မှာတော့ အစ္စရေးက အဲဒီ သဘောတူညီမှုကို ရေရှည် မစောင့်ထိန်းဘဲ နောက်တစ်ကြိမ် တိုက်ခိုက်မှုတွေ အချိန်မရွေး ပြန်စလာနိုင်တယ်ဆိုတဲ့ သံသယမျိုး ကြီးကြီးမားမား ရှိနေပါတယ်။

စစ်ပွဲကို အီရန်က စတင်ခဲ့တာ မဟုတ်ကြောင်း၊ ဒါပေမဲ့ ရန်လိုတဲ့ ကျူးကျော်သူတွေကိုတော့ အစွမ်းရှိသမျှ ခုခံ တွန်းလှန်ခဲ့ကြောင်း အီရန် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ ဦးစီးချုပ် အက်ဘ်ဒေါ်လ်ရာဟင်မ် မူဆာဗီက ရုပ်မြင်သံကြား မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူက အီရန်အနေနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို လေးစားလိုက်နာခြင်း အပါအဝင် ရန်သူရဲ့ စိတ်ပိုင်းဖြတ်နိုင်မှုတွေအပေါ် သံသယ ကြီးကြီးမားမား ရှိနေကြောင်း၊ တကယ်လို့ ရန်သူက ခြေလှမ်းမှားလာရင် အီရန်ကလည်း အင်နဲ့အားနဲ့ တုံ့ပြန်မှာဖြစ်ကြောင်း သူက ဆိုပါတယ်။

အစ္စရေးနဲ့ အမေရိကန်တို့က အီရန်ကို တိုက်ခိုက်ခဲ့ခြင်းကြောင့် အီရန်နဲ့ အမေရိကန်ကြား အီရန်နျူကလီးယား ထိန်းချုပ်ရေးဆိုင်ရာ ဆွေးနွေးပွဲတွေလည်း ရပ်တန့်သွားပါတယ်။ ဒါတင် မကသေးဘဲ ကုလသမဂ္ဂရဲ့ နျူကလီးယား စောင့်ကြည့်ရေး အစုအဖွဲ့ဖြစ်တဲ့ နိုင်ငံတကာ အက်တမ်စွမ်းအင် အေဂျင်စီ (IAEA)နဲ့ အီရန်အာဏာပိုင်တွေကြားက အရင်ကတည်းက ယိုင်နဲ့နဲ့ ဖြစ်နေတဲ့ ဆက်ဆံရေးလည်း လုံးဝဥဿုံ ပျက်စီးသွားပါတယ်။ အီရန်က IAEAနဲ့ လက်တွဲ လုပ်ဆောင်မှုတွေကို ဆိုင်းငံ့ထားတော့မယ်လို့ပါ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

အထူးသဖြင့် IAEA အကြီးအကဲ ရာဖေးလ် ဂရော့ဆီဟာ အီရန်ရဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေ ပစ်မှတ်ထား တိုက်ခိုက်ခံရတာကို ရှုတ်ချခြင်း မရှိတဲ့အပေါ် အီရန်က အခဲမကျေဘဲ ဂရော့ဆီဟာ ကိုယ်ယူရမယ့် တာဝန်တွေကို ချိုးဖောက်ခဲ့တာ ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ချီကလည်း တိုက်ခိုက်မှုနောက်ပိုင်း အီရန်ရဲ့ နျူကလီးယား စခန်းတွေကို ဝင်ရောက် စစ်ဆေးခွင့်ပြုဖို့ ဂရော့ဆီရဲ့ တောင်းဆိုမှုဟာ အဓိပ္ပါယ် ကင်းမဲ့လွန်းတယ်လို့ ဝေဖန်ပြီး ရည်ရွယ်ချက်ကလည်း ယုံကြည်စရာ မရှိဘူးလို့ တုံ့ပြန်ထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ ဆက်စပ်တဲ့ သတင်းဌာန တစ်ခုက အမေရိကန် သမ္မတရဲ့ ဇနီးနဲ့သားကို လုပ်ကြံဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုတစ်ခု ဖြန့်ဝေခဲ့တာကို အမေရိကန် သမ္မတ လုံခြုံရေး တာဝန်ယူထားတဲ့ လျှို့ဝှက် ထောက်လှမ်းရေး...

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။