Connect with us

Hi, what are you looking for?

ဆောင်းပါး

နယ်စည်းမခြားတဲ့ ကိုဗစ်

သူတို့အနေနဲ့ ကူးစက်မှုလျော့ပြီး ထိခိုက်သေဆုံးမှုနည်းအောင် ကိုဗစ်စည်းကမ်းချက်တွေကို လူထုကြားပြန့်နှံ့အောင်လုပ်ဖို့ အစီအစဉ်ရှိပေမဲ့ လက်ရှိအခြေအနေမှာ ထင်သလောက်မလုပ်နိုင်သေးဘူးလို့လည်း ပြောပါတယ်။

“ကိုဗစ်ထက် အသက်ဘေးနဲ့ ငတ်ပြတ်တဲ့ဒဏ်ကို သူတို့တွေ(စစ်ဘေးရှောင်များ)ပို ကြောက်နေကြတယ်” -ကျန်းမာ​ရေး​စေတနာ့ဝန်ထမ်းတစ်ဦး

လူတွေဟာ တစ်နေရာနဲ့ တစ်နေရာ ကူးလူးဆက်ဆံ နေထိုင်ကြရပြီး အဲဒီက
တဆင့် ကူးစက်ရောဂါတွေလည်း သည်ဆောင်မိလျက်သား ဖြစ်တတ်ကြပါတယ်။

ဒါနဲ့ပတ်သက်လို့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ၂၀၁၉ကအစပြုခဲ့တဲ့ COVID-19 ကပ်ရောဂါဟာဆိုရင် ထင်ရှားတဲ့သာဓက တစ်ခုပါ။

ခုဆို အဲဒီကိုဗစ်ရောဂါ ကမ္ဘာ့လူထုကြား ရောက်ရှိလာခဲ့တာ နှစ်နှစ်ဝန်းကျင်ရှိလာပါပြီ။ ဒီရောဂါရဲ့ ကူးစက်မြန်မှု ထိခိုက်သေဆုံးမှုတွေကြောင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကတောင် ကပ်ရောဂါအဖြစ် ကြောညာခဲ့ရပြီး ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဒါမှမဟုတ် တစ်နေရာနဲ့တစ်နေရာ ကူးလူးဆက်ဆံမှုတွေကနေ အစပြုလာခဲ့တာပါပဲ။ ကျနော်တို့ မြန်မာနိုင်ငံမှာဆိုရင်လည်း တောရောမြို့ပါမကျန် ကိုဗစ်ရောဂါကူးစက်ပြန့်နှံ့မှု ရှိနေပါတယ်။

အထူးသဖြင့် နယ်မြေမငြိမ်းချမ်းတဲ့ စစ်ဒဏ်သင့်ဒေသတွေအထိပါ ဒီရောဂါ ကူးစက်ရောက်ရှိနေပြီ ဖြစ်ပါတယ်။

-စစ်ကပေးတဲ့ ကပ်ရောဂါဘေး

တိုင်းရင်းသားဒေသတွေမှာ ယခင်ကတည်းက စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား စစ်မက်တွေဖြစ်ပွားပြီး နယ်မြေမငြိမ်းမှုတွေ ရှိခဲ့ပါတယ်။

ဒါကြောင့်မို့လည်း မငြိမ်းနိုင်သေးတဲ့ စစ်မီးတွေကြားမှာ ဒေသခံတွေဟာ ဘယ်လိုရှင်သန်အောင်နေနိုင်ကြရမယ်ဆိုတာ သင်ယူစရာမလိုဘဲ သိလာရပါတယ်။

သို့သော် အာဏာသိမ်းစစ်အာဏာရှင်ကိုအကြောင်းပြုပြီး အခုမှ စစ်ဒဏ်သင့်ဘဝကိုရောက်လာရတဲ့ စစ်ကိုင်း၊ ချင်း၊ ကရင်နီနဲ့မ​ကွေးစတဲ့ဒေသကမြို့နယ်
တချို့က ပြည်သူတွေဟာ စစ်နဲ့ အသားမကျသေးပါဘူး။

သူတို့အဖို့ အသက်လုပြေးလွှား တိမ်းရှောင်ခြင်းသည် သာ အဓိကကျပြီး ဦးစားပေးဖြေရှင်းရမဲ့ ပြဿနာရပ် လို့ ယူဆကြတာပဲဖြစ်တယ်လို့ ကရင်နီဒေသမှာ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ နွေဦးဂုရုလေးများအဖွဲ့ တည်ထောင်သူတစ်ဦးက ပြောပါတယ်။

“စစ်ဒဏ်သင့်ပြီး ထိခိုက်သေဆုံးကြမှာကို ကြောက်ကြပေမဲ့ ဒီကာလမှာ ကိုဗစ်လိုကူးစက်ရောဂါကြောင့် အသက်သေနိုင်တယ်ဆိုတာကို မေ့နေတတ်ကြတယ်”လို့ သူက အားမလိုအားမရဖြစ်ဟန်နဲ့ ပြောတယ်။

စစ်ဒဏ်သင့်ဒေသတွေမှာရှိတဲ့ ပြည်သူတွေအနေနဲ့ အရှိန်မြင့်လာနေတဲ့ စစ်မီးအတွင်း အသက်ဘေးကလွတ်ရေးကိုသာဦးစားပေးပြီး ကျန်းမာရေးဆိုင်ရာပြဿနာတွေကို မစဉ်းစားနိုင်တာကိုလည်း အပြစ်ဆိုဖွယ်မရှိပါဘူး။ အကြမ်းဖက်စစ်​ကောင်စီတပ်​တွေက သူတို့အထိ့နာတာနဲ့အမျှ မည်းမည်းမြင်ရာပစ်ဆိုသလို ၊ဘုန်ကြီးလည်းမ​ရှောင် ၊သင်းအုပ်ဆရာလည်းမ​ရှောင်၊သက်ကြီးရွယ်အို​တွေ၊ကိုယ်ဝန်​ဆောင်​တွေ ၊က​လေးငယ်​တွေကို​တောင်မ​ရှောင်ဘဲ ပစ်သတ်တက်ကြတာဖြစ်တာကို။ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာ၊ ဖမ်းဆီးပြီးလူသားဒိုင်းအဖြစ်အသုံးချတာ၊ ​တွေ့သမျှလူမထင်ရင်မထင်လိုပစ်သတ်တက်တဲ့ လူသတ်စစ်တပ်​ကြောင့် စစ်​​ကောင်စီလက်ကလွတ်​အောင်ဦးစား​ပေး​ပြေးကြရတာလည်းသဘာဝကျပါတယ်။

သို့ပေမဲ့ စစ်ဘေးသင့်ဒေသတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ နွေဦးဂုရုလေးများအဖွဲ့လို စေတနာ့ဝန်ထမ်းအဖွဲ့တွေက စစ်​ဘေးဒုက္ခသည်​တွေကိုကျန်းမာရေးနဲ့သက်ဆိုင်တဲ့ လိုက်နာရမဲ့ စည်းကမ်းချက်တွေကို တက်နိုင်သမျှပြောပြရှင်းပြပြီး စည်းရုံးဆော်သြရပါတယ်။

ဒါပေတဲ့ ဘယ်လိုပင် စည်းရုံးသိမ်းသွင်းစေသည့်တိုင် အသက်လုပြေးလွှား ပုန်းရှောင်နေရချိန် ကျန်းမာရေးအသိနဲ့ စည်းကမ်းတကျနေထိုင်ဖို့ရာ အတော့်ကို ခက် ခဲတဲ့အခြေအနေဖြစ်တယ်လို့ အထက်ပါစေတနာ့ဝန် ထမ်းဖြစ်သူက ဆိုပါတယ်။

အဲဒီအခါ မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာအနေနဲ့ လူစုလူဝေးနဲ့နေထိုင်ရတဲ့ စစ်ရှောက်စခန်းတွေမှာ ကိုဗစ်ရောဂါကူးစက်ခံရတာတွေနဲ့ ရင်ဆိုင်လာရပါတော့တယ်။

-လူစုလူဝေးနဲ့ ကူးစက်ကပ်ရောဂါ

ပြောမယ်ဆိုရင် လူစုလူဝေးရှောင်ပါ တစ်ဦးနဲ့တစ်ဦး ခြောက်ပေခြားပြီး Mask တပ်လက်ဆေး ခပ်ဝေးဝေးနေပါဆိုတဲ့ ကိုဗစ်စည်းကမ်းချက်တွေဟာ စစ်ဒဏ် သင့်ပြည်သူတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်လာပါတယ်။

ဘယ်အချိန် လက်ရှိစခန်းတွေကို စွန့်ခွာထားခဲ့ရမယ် ဘယ်နေရာကတော့ ပိုပြီးလုံခြုံနိုင်မယ် စတဲ့အခြေအနေတွေကို မမှန်းဆနိုင်သလို ကြုံလာတဲ့အခြေအနေအပေါ် အရေးပေါ်ရွှေ့ပြောင်းနေထိုင်ကြရတာဖြစ်တော့ Mask ကိုအမြဲတမ်းတပ်ထားဖို့ လူစုလူဝေးမဖြစ်အောင်နေဖို့ဆိုတာ ထင်သလောက်မလွယ်ဘူးလို့ စစ်ကိုင်းနဲ့ ချင်းနဲ့ မကွေးဒေသတကြော စစ်ရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်ပေးနေသူတစ်ဦးက ရင်ဖွင့်ပါတယ်။

အဖြစ်နိုင်ဆုံးနဲ့ လက်တွေ့လုပ်ဆောင်နိုင်တဲ့အခြေအနေက စစ်ရှောင်တစ်ဦး ဖျားနာပြီး ကိုဗစ်သံသယရှိတယ်ဆိုရင် သူ့ကို တတ်နိုင်သမျှ မြန်မြန်သီးခြားခွဲ နေစေတာပဲဖြစ်တယ်လို့ အဲဒီအကူအညီပေးနေသူက ပြောပါတယ်။

“သံသယရှိရင် တဲကို ရွှေ့ ခွဲပြီး နေကြတာ”လို့ သူက ဆိုပါတယ်။

ချင်း၊စစ်ကိုင်း၊မ​ကွေးဒေသသုံးခုက စစ်ရှောင်စခန်းတွေမှာ ကံကောင်းတယ်လို့ ဆိုနိုင်တာက ခုချိန်အထိ ကိုဗစ်လူနာရယ်လို့ မရှိသေးပါဘူး။ သံသယရှိတဲ့အဆင့်မှာတင် ရောဂါသက်သာပျောက်ကင်းသွားကြတယ်လို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ Medical Cover Team ရဲ့ ခေါင်းဆောက်ဖြစ်သူက ရှင်းပြပါတယ်။

သို့သော် သူ့တို့နဲ့ အခြေအနေမတူတာက ကရင်နီဒေသထဲက စစ်ရှောင်စခန်းတချို့ပါ။ စခန်းတစ်ခုမှာ စစ်ရှောင်ဦးရေ ၂၀၀၀ ကနေ ၃၀၀၀ ကျော်အထိရှိနေကြပြီး ကိုဗစ်ရောဂါကူးစက်ခံရသူဦးရေးဟာလည်း ရာဂဏန်းအထိရှိနေတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

အထူးသဖြင့် ဒီမော့ဆိုမြို့နယ်အရှေ့ခြမ်းက ကျေးရွာတွေနဲ့ စစ်ရှောင်စခန်းတွေပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကိုဗစ်တတိယလှိုင်းကတည်းက ခုချိန်အထိ ပိုးတွေ့လူနာ ၂၀၀ ဝန်းကျင် ရှိပြီဖြစ်ပါတယ်။ ဒီစာရင်းတွေက နွေဦးဂုရုလေးများအဖွဲ့ကနေ ကောက်ယူရရှိထားတဲ့ စာရင်းသာဖြစ်လို့ ဖြေပြင်အခြေအနေဟာ ဒီထက်ပိုနိုင်တယ်လို့ အဖွဲ့ရဲ့တာဝန်ရှိသူကပြောပါတယ်။

သူတို့အနေနဲ့ ကိုဗစ်လူနာတွေကို စင်တာထောင်ပြီး သီးသန့်ထား ကုသပေးသလို စစ်ရှောင်တွေစခန်းချရာနေရာမှာတင် ဆေးကုဆောင်သီးခြားထား ကုပေးနေတာလည်း ရှိပါတယ်။

ခုချိန်အထိ ကိုဗစ်လူနာ ၁၀၀ ကျော်ရှိနေသေးတယ်လို့ အဖွဲ့တာဝန်ရှိသူက ရှင်းပြပါတယ်။ ကိုဗစ်ရောဂါကူးစက်ခံရသူတွေရဲ့ ၂၀ ရာခိုင်နှုန်းလောက် အောက်ဆီဂျင်ပေးရပြီး ကျန် ၈၀ ရာခိုင်နှုန်းကတော့ ပေးစရာမလိုဘူးလို့ သူက ဆက်ပြောပါ။

သံသယလူနာတွေကို Test Kit တွေနဲ့ စစ်ဆေးတဲ့ရလဒ်တွေအရ ယခင်ကထက်ကူးစက်မှု လျော့လာတာကိုတွေ့ရပေမဲ့ အားရလောက်တဲ့အခြေအနေမဟုတ်သေးဘူးလို့ အဲဒီတာဝန်ရှိသူက ဆိုပါတယ်။

ဒီ​ဒေသ​တွေအပြင်အရင်ကတည်းကစစ်​ဘေးဒုက္ခသည်​တွေရှိခဲ့သလို စစ်​ကောင်စီအာဏာသိမ်းမှု​နောက်ဆက်တွဲ ခုခံစစ်ပွဲ​တွေပိုများလာတဲ့ ကချင်၊ကရင် ၊ရှမ်း ပြည်နယ်တို့မှာလည်း စစ်​ဘေးဒုက္ခသည်​တွေပိုများလာ​နေပါတယ်။

ကချင်ပြည်နယ်မှာဆိုရင် KIAဌာနချုပ်လိုင်ဇာမှာပါဒီရက်ပိုင်းထဲကိုဗစ်ကူးစက်မှုပြန်များလာလို့ ထိန်းချုပ်ဖို့ကြိုးစား​နေရသလို ၊ရှမ်းပြည်နယ်မှာကိုးကန့်လက်နက်ကိုင်အဖွဲ့-MNDAAနဲ့ အာ
ဏာလုစစ်​ကောင်စီတို့တိုက်ပွဲ​တွေပြင်းထန်ခဲ့တဲ့ မုန်းကိုး​ဒေသကာစစ်​ဘေးဒုက္ခသည်​တွေမှာလည်း ကပ်​ရောဂါကူးစက်မှု ခံခဲ့ရပါ​သေးတယ်။ကရင်ပြည်နယ်မှာဆိုရင်လည်း စစ်​ဘေးဒုက္ခသည်​တွေအတွက် ကိုဗစ်နိုင်တီး ကူးစက်မှု အန္တရာယ်က အခြား​ဒေသ​တွေလိုပဲ မြင့်မား​နေပါတယ်။

တိုင်းရင်းသား​ဒေသကပြည်သူ​တွေရယ် ၊တိုက်ပွဲ​တွေဖြစ်ပွား​နေတဲ့​ဒေသကပြည်သူ​တွေအတွက် စစ်​ကောင်စီက ကျန်းမာ​ရေး​စောင့်​ရှောက်မှု မ​ပေးပါဘူး။ဒါ​ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့​တွေ ၊​စေတနာ့ဝန်ထမ်း​တွေကသာကြိုးစားပြီး​ဖြေရှင်း​ပေး​နေပါတယ်။ဒါ​ကြောင့်အဲဒီ​ဒေသ​တွေမှာပါ ကပ်​ရောဂါကူးစက်မှု ​​လျော့နည်းဖို့အတွက်ဆိုရင် စစ်​ကောင်စီအစီအစဥ်နဲ့မဟုတ်ဘဲ ကမ္ဘာကျန်းမာ​ရေးအဖွဲ့ ၊ ကုလသမဂ္ဂ ၊ ယူနီဆက်တို့လို တတိယအဖွဲ့အစီး​တွေက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့​တွေ ၊တိုင်းရင်းသား​ဒေသကျန်းမာ​ရေး​စောင့်​ရှောက်​ပေးတဲ့အဖွဲ့​တွေနဲ့ ပူး​ပေါင်းပြီး ကိုဗစ်ကာကွယ်​ဆေးထိုး​ပေးဖို့အလျှင်အမြန်လိုအပ်ပါတယ်။

-စစ်ဘေးလို ကပ်ဘေးကိုလည်း သတိပြုပါ

သူတို့အနေနဲ့ ကူးစက်မှုလျော့ပြီး ထိခိုက်သေဆုံးမှုနည်းအောင် ကိုဗစ်စည်းကမ်းချက်တွေကို လူထုကြားပြန့်နှံ့အောင်လုပ်ဖို့ အစီအစဉ်ရှိပေမဲ့ လက်ရှိအခြေအနေမှာ ထင်သလောက်မလုပ်နိုင်သေးဘူးလို့လည်း ပြောပါတယ်။

ဘာကြောင့်လည်းဆိုတော့ နယ်မြေမငြိမ်းချမ်းတာ တစ်နေရာနဲ့တစ်နေရာ သွားလာရေးခက်ခဲတာ စေတနာ့ဝန်ထမ်းအင်အား မလုံလောက်တာအပြင် လုံခြုံရေးအခြေအနေတွေပေါ်မှာလည်း မူတည်နေတယ်လို့ နွေဦးဂုရုလေးများအဖွဲ့ တည်ထောင်သူတစ်ဦးဖြစ်တဲ့ အထက်ပါစေတနာ့ဝန်ထမ်းက ရင်ဖွင့်ပါတယ်။

“ကိုဗစ်ထက် အသက်ဘေးနဲ့ ငတ်ပြတ်တဲ့ဒဏ်ကို သူတို့တွေ(စစ်ဘေးရှောင်များ)ပို ကြောက်နေကြတယ်”လို့ အဲဒီစေတနာ့ဝန်ထမ်းက သူ့အမြင်ကို ပြောပါတယ်။

စစ်ဘေးသင့်တာကြောင့် အိုးအိမ်တွေစွန့်ခွာပြီး နေထိုင်ကြရတဲ့ ပြည်သူတွေအနေနဲ့ စစ်ဘေးကလွတ်ဖို့ အရေးကြီးလှသလို ကပ်ရောဂါဘေးကနေလွတ်မြောက်ဖို့ရာလည်း သတိချပ်သင့်တယ်လို့ သူက သတိပေးစကား ဆိုထားပါတယ်။

(ကရင်နီဒေသရှိ ကျေးလက်ကိုဗစ်စစ်ဆေးသည့်နေရာနှင့် စစ်ရှောင်အချို့။ ဓာတ်ပုံ – နွေဦးဂုရုလေးများဖေ့စ်ဘွတ်ခ်)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေမြင့်တက်လာနေတဲ့အပေါ် ကျန်းမာရေး ပညာရှင် တစ်ဦးက သတိပေး ထောက်ပြခဲ့ပါတယ်။

သတင်း

စစ်​ကောင်စီက၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်တွင်ကိုဗစ်ရောဂါ ထိန်းချုပ်ကုစားရေး ​ခေါင်းစဥ်ဖြင့်အသုံးစရိတ်ခွဲ​ပေးရာတွင် ကာကွယ်ရေးဝန် ကြီးဌာနသည် အများဆုံးထုတ်ယူသုံးစွဲခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၏အသုံးစရိတ်ထက်နှစ်ဆကျော် ပိုများခဲ့သည်။