Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် လက်နက်တွေနဲ့အတူ စစ်ရေးပြ ချီတက်ခဲ့တဲ့ တာလီဘန်တွေ

အမေရိကန်ရဲ့ ထိုးစစ်ကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်က အာဖဂန်မှာ အာဏာ လက်လွှတ်လိုက်ရတဲ့ တာလီဘန်တွေဟာ အခုအခါမှာတော့ သူတို့ရဲ့ နေရာဟောင်းဆီ ပြန်ရောက်လာပြီ ဖြစ်သလို အမေရိကန် လက်နက်တွေကိုပါ ရရှိသွားခဲ့ပါတယ်။

အမေရိကန်လုပ် စစ်လက်နက် ပစ္စည်းတွေနဲ့အတူ တာလီဘန် စစ်သွေးကြွတွေက အာဖဂန် နစ္စတန် နိုင်ငံမှာ စစ်ရေးပြ ချီတက်ခဲ့ပါတယ်။

ဩဂုတ်လမှာ တာလီဘန်တွေက အမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့ အာဖဂန် အစိုးရဟောင်းကို ဖြုတ်ချပြီး နိုင်ငံအာဏာကို သိမ်းပိုက်လိုက်ပါတယ်။ အဲဒီနောက် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ အစွန်းရောက် ဘာသာရေး အခြေပြုတဲ့ အုပ်ချုပ်ရေး ပုံစံကို ပြန်လည် အသက်သွင်းလာခဲ့ပါတယ်။

ဒါ့အပြင် အရင်က ပြောက်ကျား စစ်သွေးကြွ အဖွဲ့ အနေနဲ့သာ ရှိခဲ့ရာကနေ ပုံမှန် စစ်တပ်တစ်ခုအသွင် ပြောင်းလဲ ဖွဲ့စည်းဖို့လည်း တာလီဘန်တွေက စိုင်းပြင်းနေပါတယ်။ ဒီအတွက် လိုအပ်တဲ့ စစ်လက်နက် ပစ္စည်းတွေကလည်း အတော်လေး ဖူဖူလုံလုံ ဖြစ်လာပါပြီ။ အရင် အာဖဂန် စစ်တပ်ကို အမေရိကန်က ထောက်ပံ့ခဲ့တဲ့ စစ်အသုံးအဆောင် အတော်များများဟာ တာလီဘန်တွေရဲ့ လက်ထဲ ကျရောက်သွားတာကြောင့်ပါ။

အမေရိကန်ရဲ့ ထိုးစစ်ကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်က အာဖဂန်မှာ အာဏာ လက်လွှတ်လိုက်ရတဲ့ တာလီဘန်တွေဟာ အခုအခါမှာတော့ သူတို့ရဲ့ နေရာဟောင်းဆီ ပြန်ရောက်လာပြီ ဖြစ်သလို အမေရိကန် လက်နက်တွေကိုပါ ရရှိသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၁၄ ရက်က ကဘူးလ်မြို့တော်မှာ တာလီဘန်တွေက အမေရိကန်လုပ် Humvee စစ်ကားတွေ၊ M117 သံချပ်ကာယာဉ်တွေ၊ အမေရိကန်လုပ် M4ရိုင်ဖယ် သေနတ်တွေနဲ့အတူ ဟန်ရေးပြ ချီတက်ခဲ့ပါတယ်။ ဒါ့အပြင် M-17 ရဟတ်ယာဉ်တွေကလည်း စစ်ရေးပြ လမ်းကြောင်း အထက်မှာ ဝဲပျံနေတာကို တွေ့ရပါတယ်။

ဒီချီတက်ပွဲမှာ လေ့ကျင့်သား ပြည့်ဝနေတဲ့ စစ်သည် ၂၅၀ လောက် ပါဝင်ခဲ့တယ်လို့ တာလီဘန်တွေရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အရင် အာဖဂန် စစ်တပ်ဟာ တာလီဘန်တွေနဲ့ တိုက်ပွဲ ဖြစ်ခဲ့တဲ့နောက် ကစဉ့်ကလျား ဆုတ်ခွာ ထွက်ပြေးရာကနေ စစ်လက်နက်တွေ ကျန်နေခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ထွက်ပေါ်လာတဲ့ စာရင်းဇယား မှတ်တမ်းတွေအရ ၂၀၀၂ ကနေ ၂၀၁၇ အတွင်း အမေရိကန်ဟာ ဒေါ်လာ ၂၈ ဘီလီယံလောက် တန်ဖိုးရှိတဲ့ လက်နက်တွေ၊ ယာဉ်တွေ၊ ထောက်လှမ်းရေးနဲ့ စစ်သုံးကိရိယာတွေ၊ လေယာဉ်တွေကို အာဖဂန် စစ်တပ်ဆီ ထောက်ပံ့ပေးထားခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

Facebook